မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းလိုသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို

မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းလိုသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို
Published 4 March 2024

ကိုရီးယားနှစ်နိုင်ငံပြန်လည် ပေါင်းစည်းရေး အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံရန် တောင်ကိုရီး ယား သမ္မတ ယွန်းဆော့ယိုက ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့မှုကြောင့် ယင်းသည် မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းလိုသည့် ယွန်း၏ ဆန္ဒကို ဖော်ပြရာ ရောက်ခဲ့သည်။

ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူအဖြစ် ကြေညာ ခဲ့ပြီးနောက် ယွန်း၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားက ၎င်း၏ လက်နက်ထုတ်လုပ်ရေး စီမံကိန်းများကို အရှိန်မြှင့်တင်မှုနှင့် တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မှုတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးများ ကျဆင်းခဲ့သည်။

မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး တင်းမာသည့် သဘောထားကိုသာ အဆက်မပြတ်ပြသခဲ့သည့် ယွန်းသည် ယခုကဲ့သို့ ကိုရီးယား ပြန်လည်ပေါင်းစည်းရေး မှတ်ချက်ကို ပြောကြားခဲ့သည်မှာ ၂၀၂၂ ခုနှစ်က သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပြန်လည်ပေါင်းစည်းရေး အားထုတ်ကြိုးပမ်းမှုတွေဟာ မြောက်ကိုရီးယားပြည်သူ တွေအတွက်မျှော်လင့်ချက်ရောင် ခြည်တစ်ခု ဖြစ်ရပါမယ်}}ဟု ယွန်းက ဂျပန်၏ ကိုလိုနီပြုမှုကို ဆန့်ကျင်သည့် ၁၉၁၉ ခုနှစ် ကိုရီးယားအုံကြွမှု နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အဆုံးသတ်မှာ ပြန်လည်ပေါင်းစည်းရေးကို ဦးတည်စေတဲ့ လမ်းပေါ်မှာအတူ လျှောက်လှမ်းရပါမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း တာန်ရှိတဲ့ ပုံစံမျိုးနဲ့ ထောက်ခံပေးရပါ မယ်”ဟု ယွန်းက ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နှင့် ဆက်ဆံရေးများ ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် မြောက်ကိုရီးယား၏ မြင့် တက်နေသည့် စစ်ရေးခြိမ်းခြောက်မှုများကို တန်ပြန်ရာတွင် အထောက်အကူ ဖြစ်စေကြောင်း ယွန်းက ပြော သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် ဂျပန်အကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့် ခဲ့ကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် အတိတ်ကာလက နာကျင်မှုများကို ကျော်လွှားပြီး အတူတကွပူပေါင်း လုပ်ဆောင်နေကြောင်း ယွန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက မြောက်ကိုရီး ယားခေါင်းဆောင်ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံကမူ မြောက်ကို ရီးယားအနေဖြင့် ဂျပန်နှင့် ဆက်ဆံရေးများ မြှင့်တင်ရန် လမ်းဖွင့်သွားမည်ဖြစ်ကြောင်းနှင့် အနာဂါတ်တွင်  ဂျပန်ဝန်ကြီးချုပ်အား မြောက်ကိုရီး ယားသို့ ဖိတ်ကြားသွားမည်အ ကြောင်း အရိပ်အမြွတ် ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအွန်က ၎င်းအနေဖြင့် တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းတော့မည်မဟုတ်ကြောင်း၊တောင်ကိုရီးယားနှင့် အမေရိကန်တို့သည့် ထိန်းချုပ်မရနိုင်တော့ သည့် အကျပ်အတည်းတစ်ခုကို ဖန်တီးနေကြောင်း ပြစ်တင်ပြောကြားခဲ့ သည်။

ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပင်လယ်ရေကြောင်း နယ်စပ်အနီးတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကာ တောင်ကိုရီးယားကလည်း ကျည်အစစ်များအသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ၎င်း၏ အဓိက ရန်သူအဖြစ်ကြေညာခဲ့ပြီး ၎င်း၏ နယ်နိမိတ်ကို ကျူးကျော်မည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ယွန်းကလည်း မြောက်ကိုရီးယားဘက်က ရန်စလာပါက အရင်ဆုံးတုံ့ပြန်ပြီး နောက်မှ သတင်းပေးပို့ရန် ၎င်း၏ စစ်တပ်ကို ညွှန်ကြားခဲ့သည်ဟု ပြောကြားခဲ့သည်

ထို့ပြင် တောင်ကိုရီးယားအနေ ဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက အဆပေါင်းများစွာ ပိုမိုပြင်းထန်စွာ တိုက် ခိုက်သွားမည်ဟုလည်း ယွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား ယင်းကဲ့သို့ အပြန်အလှန် ဝေဖန်ပြစ်တင်မှုများရှိခဲ့ပြီးနောက် ယခုတွင်မူ ယွန်းက မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

                               Ref:AFP

Most Read

Most Recent