မန်ယူအသင်းကို ရင်ဆိုင်ရန် တည်ငြိမ်မှုလိုအပ်ပြီး နည်းဗျူဟာပိုင်းကိုသာ အာရုံစိုက်ရမည်ဟု ဂွါဒီယိုလာ ဆို

မန်ယူအသင်းကို ရင်ဆိုင်ရန် တည်ငြိမ်မှုလိုအပ်ပြီး နည်းဗျူဟာပိုင်းကိုသာ အာရုံစိုက်ရမည်ဟု ဂွါဒီယိုလာ ဆို
Photo: AFP
Photo: AFP
Published 3 March 2024

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မြို့ခံဒါဘီပြိုင်ဘက် မန်ယူအသင်းကို ရင်ဆိုင်ရန် တည်ငြိမ်မှုလိုအပ်ပြီး နည်းဗျူဟာပိုင်းကိုသာ အာရုံစိုက်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၁၉၂ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲစဉ်ကို အီတီဟတ်ကွင်း၌ ယနေ့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက "ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်သင်ယူထားတဲ့ အတွေ့အကြုံအရ ပိုပြီးတည်ငြိမ်ဖို့၊ သက်သောင့်သက်သာရှိဖို့၊ စကားတွေအများကြီးမပြောဖို့ လိုပါတယ်။ နည်းဗျူဟာပိုင်းကိုပဲ အာရုံစိုက်ထားပြီး သူတို့ကို အနိုင်ယူဖို့ လုပ်ရမှာပါ။ စိတ်ခံစားမှုတွေနဲ့ အနိုင်ယူရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ စိတ်ခံစားမှုတွေရှိနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး" ဟု ဆိုသည်။

ထို့ပြင် ၎င်းက "၈၀ ပြည့်လွန်နှစ်တွေမှာ လီဗာပူးလ်၊ ၉၀ ပြည့်လွန်နှစ်တွေမှာ ယူနိုက်တက်တို့ လွှမ်းမိုးထားပြီး နောက်ဆုံး ၁၁ နှစ်၊ ၁၂ နှစ်မှာတော့ ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ ခုနစ်ကြိမ်အနိုင်ရထားတယ်။ ၅၀၊ ၆၀ ကာလတွေမှာ တစ်သင်းတည်းက လွှမ်းမိုးထားနိုင်တယ်၊ အရာအားလုံးထိန်းချုပ်ထားနိုင်တယ်ဆိုတာ ဘယ်နိုင်ငံမှာမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေ ကို နှစ်တွေအများကြီးကြာအောင် တတ်နိုင်သမျှ ထပ်ပြီးလုပ်နိုင်ဖို့ ကြိုးစားမှာပါ။ ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့လူတွေက သူတို့အသင်းရဲ့ လိုအပ်ချက်တွေကို သိပါတယ်။ ကျွန်တော်က သူတို့အသင်းအကြောင်း ဘာမှမသိပါဘူး။ သူတို့က အချိန်နှစ်နှစ်၊ သုံးနှစ်လိုတယ်လို့ပြောရင် ကျွန်တော်က ဘာကြောင့်ငြင်းဆန်ရမှာလဲ"ဟု ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent