ဘရူနိုဖာနန်ဒက်စ်ကို TikTok တွင် ဗီဒီယိုတင်၍ လှောင်ပြောင်ခဲ့သည့် ဖူလ်ဟမ်အသင်း ပြန်လည်တောင်းပန်သင့်သည်ဟု အဲရစ်တန်ဟက်ဂ် ပြောကြား

ဘရူနိုဖာနန်ဒက်စ်ကို TikTok တွင် ဗီဒီယိုတင်၍ လှောင်ပြောင်ခဲ့သည့် ဖူလ်ဟမ်အသင်း ပြန်လည်တောင်းပန်သင့်သည်ဟု အဲရစ်တန်ဟက်ဂ် ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 2 March 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို TikTok တွင် ဗီဒီယိုတင်၍ လှောင်ပြောင်ခဲ့သည့် ဖူလ်ဟမ်အသင်းအနေဖြင့် ပြန်လည်တောင်းပန်သင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ (၁-၂) ဖူလ်ဟမ်ပွဲစဉ်တွင် ဘရူနိုဖာနန်ဒက်စ်မှာ ၁၈ ကိုက်စည်းအပြင်ဘက်မှ ဂိုးသွင်းယူရန် ကြိုးပမ်းစဉ် ဖူလ်ဟမ်အသင်း ကွင်းလယ်လူ လူကစ်နှင့်ထိပြီး လဲကျသွားခဲ့သည်။ ၎င်းသည် ဝဲဘက်ခြေထောက်ကိုကိုင်၍ လူးလှိမ့်နေသော်လည်း မန်ယူအသင်း ဘောလုံးဆက်ရထားသဖြင့် ပြန်ထကာ ဘောလုံးတောင်းခဲ့သောကြောင့် ဖူလ်ဟမ်အသင်းက လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ 

ဖူလ်ဟမ်အသင်းသည် ၁၅ စက္ကန့်ကြာမြင့်သည့် အဆိုပါဗီဒီယိုကို ၎င်းတို့၏ တရားဝင် TikTok တွင် တင်ထားပြီး "သူအဆင်ပြေသွားလို့ ဝမ်းသာပါတယ်" ဟုလည်း ရေးသားထားသည်။

သို့ဖြစ်ရာ ဖူလ်ဟမ်အသင်း၏လှောင်ပြောင်မှုအပေါ် အဲရစ်တန်ဟက်ဂ်က "အဲဒါက မမှန်ပါဘူး။ လုံးဝကိုမှားနေပါတယ်။ အဲဒီအတွက် သူတို့တောင်းပန်သင့်တယ်။ စနေနေ့မှာ အမှားအယွင်းဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ မီဒီယာတွေ၊ လူမှုမီဒီယာတွေမှာ သူ့ကိုအပြစ်တင်နေကြတာတွေက အထင်လွဲတာပါ။ ဒိုင်လူကြီးအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်ပါတယ်။ သူက ဘောလုံးကို အရမ်းဝါသနာပါတဲ့သူဖြစ်ပြီး ဖန်တီးမှု အရမ်းကောင်းတဲ့သူပါ။ ပြိုင်ဘက်တွေက သူ့ကိုပစ်မှတ်ထားနေကြတာဖြစ်ပြီး အထူးသဖြင့် စနေနေ့ပွဲမှာ ပါ။ ဒိုင်တွေအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်" ဟု ဆိုသည်။

Most Read

Most Recent