လူတန်အား အနိုင်ရသည့်ပွဲတွင် (၅)ဂိုးသွင်းပြီးနောက် မိမိတို့လာပြီဟု ပြိုင်ဘက်အသင်းများကို မန်စီးတီးတိုက်စစ်မှူး ဟာလန်း သတိပေး

လူတန်အား အနိုင်ရသည့်ပွဲတွင် (၅)ဂိုးသွင်းပြီးနောက် မိမိတို့လာပြီဟု ပြိုင်ဘက်အသင်းများကို မန်စီးတီးတိုက်စစ်မှူး ဟာလန်း သတိပေး
Photo : Getty Images
Photo : Getty Images
Published 29 February 2024

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက လူတန်အသင်းအား (၆-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဦးတည်း (၅) ဂိုးသွင်းပြီးနောက် မိမိတို့အသင်းလာပြီဟု ပြိုင်ဘက်အသင်းများကို သတိပေးပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် FA ဖလားပဉ္စမအဆင့်ပွဲစဉ်၌ လူတန်အသင်းကို (၆-၂) ဂိုးဖြင့် အနိုင်ရသည်။ ယင်းပွဲတွင် မန်စီးတီးအတွက် ဂိုးများကို ဟာလန်း (၅ ဂိုး)နှင့် ကိုဗာချစ်တို့က သွင်းယူခဲ့ကြသည်။

ယင်းပွဲအပြီးတွင် ဟာလန်းက မိမိပြန်လာပြီဖြစ်ကြောင်းနှင့် မိမိ၏ ကြံ့ခိုင်မှုမှာ (၁၀၀) ရာခိုင်နှုန်းပြန်လည် ပြည့်ဝလာပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟာလန်းက "လာပါပြီ။ ကျွန်တော်တို့ လာပါပြီ။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုလား။ အကောင်းဆုံးပုံစံကို ကျွန်တော် ပြန်ရပါပြီ။ နောက်ဆုံးတော့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးခံစားမှုကို ပြန်ရနေပြီး ရှေ့လာမယ့်ပွဲ တွေအတွက် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent