ရုရှားသည် ယခုနွေတွင် ယူကရိန်းကို ထိုးစစ်အသစ် ဆင်နွှဲလာလိမ့်မည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား

ရုရှားသည် ယခုနွေတွင် ယူကရိန်းကို ထိုးစစ်အသစ် ဆင်နွှဲလာလိမ့်မည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
သမ္မတဇယ်လန်းစကီး သတင်းစာရှင်းလင်းပွဲလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
သမ္မတဇယ်လန်းစကီး သတင်းစာရှင်းလင်းပွဲလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 26 February 2024

ရုရှားတပ်ဖွဲ့များသည် မေလကုန်ပိုင်း သို့မဟုတ် နွေရာသီတွင် ယူကရိန်းခုခံကာကွယ်သူများကို ထိုးစစ်အသစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိသည်ဆိုသော်လည်း ယူကရိန်းသည် ကိုယ်ပိုင်စစ်မြေပြင် အစီအမံရှိထားသည်ဟု ဖေဖော်ဝါရီ ၂၅ ရက်တွင် သမ္မတဗို လိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ယူကရိန်း၏အနောက် မဟာမိတ်နိုင်ငံများ စည်းလုံးညီညွတ်မှုရှိနေရေးသည် အရေးကြီးသည်ဟု နှစ်နာရီကြာ သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့ပြီး လောလောလတ်လတ် ရုရှားထိုးစစ်များ လုပ်ဆောင်ခဲ့ပြီးနောက် ရှေ့နှစ်လသည်ခက်ခဲမည်ဟု ခန့်မှန်းခဲ့သည်။

“ရုရှားဟာ နွေရာသီအစပိုင်း ဒါမှမဟုတ်  မေလကုန်ပိုင်းလောက်မှာ တန်ပြန်ထိုးစစ်ကို ပြင်ဆင်ပါလိမ့်မယ်။ ထိုးစစ်ကို ပြင်ဆင်နိုင်မယ်ဆိုရင် သူတို့ပြင်ပါလိမ့်မယ်”ဟု ဇယ်လန်းစကီးက ကိယက်ဗ်မြို့တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။

“သူတို့ရဲ့ထိုးစစ်အတွက် ကျွန်တော်တို့ပြင်ဆင်သွားပါမယ်။  အောက်တိုဘာ ၈ ရက်မှာ စတင်ခဲ့တဲ့ သူတို့ရဲ့ထိုးစစ်ဟာဘာရလဒ်မှ ထွက်မလာဘူးလို့ ကျွန်တော်ယုံကြည်ထားပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကတည်းက ယူကရိန်းစစ်သား ၃၁,၀၀၀ ကျဆုံးခဲ့သည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ရာ ယင်းသည် တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးတရားဝင်စာရင်းဖြစ်သည်။

အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် စစ်ရေးနှင့်ဘဏ္ဍာရေးအကူအညီတို့ကို အတည်ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အကူအညီများအတွက် တစ်လအတွင်းဆုံးဖြတ်ချက်ချပေးရန်လို အပ်နေသည်ဟု ဆိုသည်။

ယူကရိန်း စစ်ရေး ကြိုးပမ်းအားထုတ်မှုများသည် အနောက်အုပ်စု၏အထောက်အပံ့ကို အားပြုနေရခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ(အီးယူ)သည် ကတိပေးထားသည့် လက်နက် ကြီးကျည်ဆန်တစ်သန်း၏ ၃၀ ရာခိုင်နှုန်းကိုသာ ပံ့ပိုးပေးထားသည်ဟု ဇယ်လန်းစကီး ကဖြည့်စွက်ပြောသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အက်ဒီဗကာမြို့မှ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီးနောက် ထိုမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားက ဖေဖော်ဝါရီ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။

စစ်မြေပြင်တွင် လက်နက်ခဲယမ်းပြတ်လပ်မှုများနှင့် စစ်သားအင်အားချင်းမမျှမှုတို့ကြောင့် ယူကရိန်းတပ်ဖွဲ့များသည် ထိုမြို့မှဆုတ်ခွာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်အစောပိုင်းက ကြေညာခဲ့သည်။

ယူကရိန်းစစ်သားများသည် ၀ိုင်းပတ်ပိတ်ဆို့ခံရမည့် အရေးမှရှောင်ရှားရန်ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်သည့် အက်ဒီဗကာ မြို့မှ ဆုတ်ခွာခဲ့ကြောင်း စစ်ဦးစီးချုပ်အသစ် အိုလက်ဇန်းဒါးဆိုစကီးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့ပြီးယင်းသည်ပြီးခဲ့သည့်နှစ် နွေရာသီက စတင်ခဲ့သည့်ယူကရိန်း၏ အောင်မြင်မှုမရှိသည့် တန်ပြန်ထိုးစစ်အပြီးတွင် ရုရှားတပ်များအတွက် ကြီးမားသည့်အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။

“ကျွန်တော်တို့ဟာ အကူအညီကို တစ်လအတွင်း လိုအပ်နေတယ်ဆိုတာ သူတို့(အီးယူူ)သိပါတယ်”ဟု ယူကရိန်းသမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။ မိတ်ဖက်နိုင်ငံများက ယူကရိန်းထံ တာဝေးပစ်ဒုံးကျည်များပေးပို့မည့်အလားအလာနှင့်ပတ်သက်၍လည်း မိမိ အပြုသဘောမြင်ထားသည်ဟုဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားတပ်ဖွဲ့များကို တန်ပြန်ရန်ရှင်းလင်းသော အစီအမံရှိထား သည်ဟုယူကရိန်း၏စစ်မြေပြင်ရည်မှန်းချက်များနှင့်ပတ်သက်၍ ပြောကြားရာတွင်ဇယ် လန်းစကီးပြောကြားခဲ့သည်ဆိုသော်လည်း ထိခိုက်စေနိုင်သည့် အသေးစိတ်များကိုကား ပြောကြားခြင်းမရိိှပေ။

“အစီအမံရှိထားပါတယ်။ အစီအမံဟာ ရှင်းလင်းပါတယ်။ အသေးစိတ်တွေကို ပြောပြလို့မရပါဘူး”ဟု ဇယ်လန်းစကီးက သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref: Reuters

         

Most Read

Most Recent