အငြင်းပွားနေသော ဂိုင်ယာနာဒေသ၌ အမေရိကန်က စစ်အခြေစိုက်စခန်းများ တည်ဆောက်နေသည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို ပြောကြား

အငြင်းပွားနေသော ဂိုင်ယာနာဒေသ၌ အမေရိကန်က စစ်အခြေစိုက်စခန်းများ တည်ဆောက်နေသည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို ပြောကြား
ပုံစာ- အငြင်းပွား ဂိုင်ယာနာဒေသဖြစ်သော အက်ဆီကွီဘိုကို ကောင်းကင်ဓာတ်ပုံတွင် တွေ့ရစဉ် (Photo-AFP)
ပုံစာ- အငြင်းပွား ဂိုင်ယာနာဒေသဖြစ်သော အက်ဆီကွီဘိုကို ကောင်းကင်ဓာတ်ပုံတွင် တွေ့ရစဉ် (Photo-AFP)
Published 5 April 2024
Ref:AFP

ရေနံကြွယ်ဝသော ဂိုင်ယာနာနိုင်ငံရှိ အက်ဆီကွီဘိုတွင် အမေရိကန်ကလျှို့ဝှက် စစ်အခြေစိုက်စခန်းများ တည်ဆောက်နေသည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို၏ ပြောကြားမှုများကို ၀ါရှင်တန်က ပယ်ချခဲ့သည်။

ဂိုင်ယာနာရှိ အက်ဆီကွီဘိုသည် မိမိတို့၏ ပိုင်နက်ဖြစ်သည်ဟု ဗင်နီဇွဲလားက ပြောကြားထားသည်။

“လျှို့ဝှက်စစ်စခန်းအတွက် အစီအစဉ်တွေ မရှိပါဘူး” ဟု အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရဂျွန်ကာဘီက ပြောကြားခဲ့သည်။

နယ်စပ်ကိစ္စနှင့်ပတ်သက်၍ ၁၈၉၉ တရားရုံးဆုံးဖြတ်ချက်ကို နှစ်ဘက်စလုံးက လိုက်နာကြရန် ဂျွန်ကာဘီက တိုက်တွန်းခဲ့ပြီး နယ်စပ်အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

အက်ဆီကွီဘို၌ လျှို့ဝှက်အမေရိကန်စစ် စခန်းများရှိနေသည်ဟု ဧပြီ ၃ ရက်တွင် ဗင်နီဇွဲလားသမ္မတ မာဒူရိုက ပြောကြားခဲ့သည်။ ယင်းစစ်စခန်းများသည် ကျူးကျော်မှုဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကာ ဗင်နီဇွဲလားနှင့် ပြဿနာများ ပိုတက်လာစေရန် ပြင်ဆင်သည့်အနေဖြင့် အဆိုပါစစ်စခန်းများကို တည်ဆောက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

အငြင်းပွားနေသော အက်ဆီကွီဘိုဒေသ၌ ဗင်နီဇွဲလားပြည်နယ်ထူထောင်ရေး တစ်ခဲနက်အတည်ပြုထားသည့် လိုက်နာစရာမလိုသော လူထုဆန္ဒခံယူပွဲကို အငြင်းပွားဖွယ်ပြုလုပ်ခဲ့ပြီးနောက် လေးလအကြာ ဂိုင်ယာနာ အက်ဆီကွီဘို ကာကွယ်အတွက် ရေးဆွဲထားသော မကြာသေးမီက ဥပဒေတစ်ရပ်ကို စတင်သည့် အခမ်းအနားအား ပါလီမန်၌ ကျင်းပခဲ့ချိန်တွင် မာဒူရိုက အမေရိကန်စစ်စခန်းများ ကိစ္စကို ပြောကြားခြင်းဖြစ်သည်။ အငြင်းပွားနယ်မြေ၌ ဗင်နီဇွဲလားပြည်နယ် ထူထောင်ရေးကိစ္စသည် စစ်ရေးပဋိပက္ခကို ဖြစ်ပွားစေနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများကို ပေါ်ပေါက်စေခဲ့သည်။

အက်ဆီကွီဘိုဒေသကို ဗင်နီဇွဲလားက ပိုင်ဆိုင်သည်ဟု ပြောဆိုခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံအကျဆုံးသော စည်းမျဉ်းစည်းကမ်းများကို ကမ်းကုန်အောင် ချိုးဖောက်မှုဖြစ်သည်ဟု ဂိိုင်ယာနာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂိုင်ယာနာနယ်မြေ သုံးပုံနှစ်ပုံဖြင့် ဖွဲ့စည်းထားပြီး ဂိုင်ယာနာက နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သော အက်ဆီကွီဘိုဒေသနှင့်ပတ်သက်၍ အငြင်းပွားမှုသည် အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီး Exxon Mobil က ရေနံများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် အရှိန်ပြင်းထန်လာခဲ့သည်။

ဒီဇင်ဘာတွင် လူထုဆန္ဒခံယူပွဲကျင်းပခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်းတွင် အမေရိကန်တပ်ဖွဲ့များသည် အမေရိကန်-ဂိုင်ယာနာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လတ်တလောအမှုဖြစ်နေသော နယ်စပ်ဒေသအငြင်းပွားမှုကို အင်အားသုံးဖြေရှင်းမည်မဟုတ်ဟု လွန်ခဲ့သောနှစ်တွင် ဂိုင်ယာနာနှင့် ဗင်နီဇွဲလားတို့က ကတိပြုခဲ့ကြသည်။ ဂိုင်ယာနာနှင့် ဗင်နီဇွဲလားတို့သည် နယ်နိမိတ်ထိစပ်နေသော နိုင်ငံများ ဖြစ်ပြီး မိုင် ၄၀၀ ကျော် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။

Most Read

Most Recent