ကလေးများ တင်ဆက်သည့် မိုးလေဝသ အထူးသတင်းအစီအစဉ်

ကလေးများ တင်ဆက်သည့် မိုးလေဝသ အထူးသတင်းအစီအစဉ်
Photo-UNDP
Photo-UNDP
Published 24 March 2024

မတ် ၂၁ ရက်တွင် ကမ္ဘာတစ်ဝန်းက ရုပ်သံကြည့်ရှုသူများသည် ကလေးများ၏ အထူးမိုးလေဝသ သတင်းတင်ဆက်မှုကို ကြည့်ခဲ့ကြရသည်။ အဆိုပါ မိုးလေဝသသတင်း အစီအစဉ်တွင် ကလေးများသည် ရာသီဥတုအကျပ်အတည်း၏ ခြိမ်းခြောက်ခြင်းခံနေရသော ၎င်းတို့၏ အနာဂတ်ကို အထူးခန့်မှန်းပေးခဲ့သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO)၊ မိုးလေဝသ ချယ်နယ်တို့၏ စိတ်ကူးအကြံဖြစ်သော အစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် ကလေးများသည် ဘာသာစကားမျိုးစုံဖြင့် အထူးမိုးလေဝသ အစီအစဉ်ကို တင်ဆက်ခဲ့ကြသည်။ ၎င်းတို့ သည် စပိန်ဘာသာစကားမှ အာရဗီ၊ ဟိန္ဒီသာသာစကားအထိ ဘာသာမျိုးစုံဖြင့် တင်ဆက်ခဲ့ကြခြင်းဖြစ်ပြီး CNN မှသည် France 2 အထိ ကမ္ဘာ့ သတင်းဌာနတို့က ထုတ်လွှင့်ပေးခဲ့သည်။

“ကျွန်မကတော့ အထူးမိုးလေဝအစီရင်ခံချက်ကို တင်ဆက်မယ့် ကေလီဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အောက်မှာရော ကျွန်မတို့ရဲ့အထက်မှာပါ အရာရာဟာ ဖောက်ပြန်နေပါတယ်”ဟု အသက် ၁၁ နှစ်အရွယ် ကေလီက ရုပ်သံကြည့်ပရိသတ်များကို ပြောသည်။

“ဒါဟာ ကျွန်မတို့အတွက် မိုးလေဝအစီရင်ခံစာ သက်သက်မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့အနာဂတ် ဖြစ်ပါတယ်”ဟု သူက ပြောသည်။

မိုးလေဝသအခြေအနေကို အခြားဘာသာစကားတို့ဖြင့် ကေလီက ပြောပြော၊ နိုအမ်က ပြောပြော၊ အက်စတီဘန်က ပြောပြော ကမ္ဘာ့မြေပုံသည်ကား အပူချိန်များ ဆက်လက်မြင့်တက်နေသည်ကို ပြနေသည်။

ယင်းသည် အစမျှသာရှိပါသေးသည်။တောမီးများ၊ မြစ်ရေလျှံခြင်းကြောင့် ပြိုကျနေသော အိမ်များ ကိုနောက်ခံပြုလျက် ၂၀၅၀ ပြည့် နှစ်အတွက် ရှေ့ကို ကြိုတင်ဟော ကိန်းထုတ်နေခြင်းဖြစ်သည်။

တစ်မိနစ်ကြာ အစီအစဉ်ကို နိုင်ငံ ၈၀ ကျော်တွင် ထုတ်လွှင့်ပေးခဲ့သည်။ ရုပ်သံလိုင်းပေါင်းစုံနှင့် အွန် လိုင်းပလက်ဖောင်းမျိုးစုံတို့ကနေ ထုတ်လွှင့်ပေးခဲ့ခြင်းဖြစ်သည်။

ခန့်မှန်းချက်များကို ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်၊ အာရဗီ၊ ဟိန္ဒီ၊ ဆွာဟီလီ၊ ထိုင်း၊ ပေါ်တူဂီ ဘာသာစကား တို့ဖြင့် ထုတ်လွှင့်ပေးခဲ့သည်ဟု UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ရဲ့ကလေးတွေဟာ ကျွန်တော်တို့ရဲ့အနာဂတ် မိုးလေဝသ သတင်းတင်ဆက်သူတွေ၊ ရာသီဥတု သတင်းထောက်တွေ၊ အရေးပေါ် လုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဖြစ်လာကြပါ လိမ့်မယ်” ဟု Game of Thrones ရုပ်သံဇာတ်လမ်းတွဲ၏ သရုပ်ဆောင်ဖြစ်သော နီကိုလာ ကော်စတာဝါလ်ဒေါက ပြောသည်။ သူသည် ယခုအစီအစဉ်၏ သံအမတ်တစ်ဦးဖြစ်သည်။

“ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ရာသီဥတု လုပ်ဆောင်ချက်တွေကြောင့် အများဆုံး သက်ရောက်တာ ကို ခံကြရလိမ့်မယ် သူတွေရဲ့မျက်နှာတွေကို ပြသလိုက်တာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

“သူတို့လေးတွေရဲ့မိုးလေဝသ သတင်းတွေဟာ အခုချိန်ထိ စိတ်ကူးယဉ်ဆန်နေတယ်ဆိုပေမယ့် ကျွန် မတို့ရဲ့ကလေးတွေနဲ့ နောင်မျိုးဆက်တွေအတွက် ကမ္ဘာဂြိုဟ်ကို အကာအကွယ်ပေးဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်ချက်ကို  အကောင်အထည်ဖော်ဖို့ ကျွန်မတို့အတွက် အရေးကြီးပါတယ်”ဟု အခြားသံအမတ်တစ်ဦးဖြစ်သော သရုပ်ဆောင် မစ်ရှဲယိုက ပြောသည်။

၂၀၂၄ ခုနှစ်တွင် စံချိန်တင် အပူချိန်များဖြစ်လာရန် ဖြစ်နိုင်ခြေများနေသော နှစ်ဖြစ်ပြီး လွန်ခဲ့သော နှစ်သည် စံချိန်တင် အပူဆုံး ၁၀ နှစ် တာကာလကို ကျော်လွန်သွားခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောကြားခဲ့သည်။

“ဒီကနေ့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာ နောင်လာမယ့် မျိုးဆက်ပေါင်းများစွာရဲ့အနာဂတ် ကို ပုံဖော်ပေးသွားပါလိမ့်မယ်။ ဒီအစီအစဉ်ဟာ လူတွေအတွက်နဲ့ ကမ္ဘာဂြိုဟ်အတွက် အဆောတလျင် လုပ် ဆောင်တာကို ဆော်သြတာဖြစ်ပါတယ်”ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အတွင်းရေးမှူးချုပ် ဆယ်လက်စတီ ဆူလိုက ပြောသည်။

“သည် ၂၀၂၁ ခုနှစ်တွင်  လုပ်ဆောင်ခဲ့သော အစီအစဉ်ကို ယခုနှစ်တွင် ဆက်လက် အကောင် အထည်ဖော်ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အစီအစဉ်တွင် ကလေးများက မိုးလေဝသခန့်မှန်းချက်များကို ပြော  ကြားခဲ့ကြသည်။

ထိုအစီအစဉ်တွင် ကွန်ပျူတာဖြင့် ပုံဖော်ထားသော ဒိုင်နိုဆော ဖရန်ကီသည် ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် ရုတ်တရက်ပေါ်လာခဲ့ပြီး “အနည်းဆုံးတော့ ကျွန်တော်တို့မှာ ဂြိုဟ်သိမ်တစ်ခုရှိနေပါတယ်။ ခင်ဗျားရဲ့ဆင်ခြေက ဘာလဲ”ဟု ပြောကြားခဲ့သည်။

“မျိုးသုဉ်းပျောက်ကွယ်မှုကို မရွေးချယ်ပါနဲ့။ သိပ်နောက်မကျခင် ကျွန်တော်တို့ရဲ့မျိုးစိပ်တွေကို ကယ်တင်ပါ”ဟု ၂၀၂၁ ခုနှစ် အစီအစဉ်တွင် ဒိုင်နိုဆော ဖရန်ကီက အထွေထွေညီလာခံကို ပြောကြားခဲ့သည်။

                                           Ref:AFP

Most Read

Most Recent