ကော့သောင်းမြို့ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဘီလျံ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကော့သောင်းမြို့ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဘီလျံ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 24 February 2024

ကော့သောင်းမြို့ပင်လယ်ပြင်ဘက်တွင်ငွေကျပ် ၄၅.၄၃ ဘီလျံတန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ . ၄၃ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁.၂၉၈ တန် ဖမ်းဆီးရမိကြောင်း CCDAC Myanmar ၏ဖော်ပြချက်အရ သိရှိရသည် ။

မြန်မာ့တပ်မတော် ( ရေ) မှ ဖေဖော်ဝါရီ ၁၇ ရက်တွင်ပင်လယ်ပြင်အတွင်းလုံခြုံရေးဆောင်ရွက်နေစဉ် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်၌ “မင်းထက်သာ-၃အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေခဲ့ကြောင်းသိရသည်။

အဆိုပါစက်လှေပေါ်တွင် ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနှင့် ရဲကျော်သူ(ခ)ကိုရဲတို့ ၄ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ .၄၃ ဘီလျံတန်ဖိုးရှိ ICE(မက်သ်အဖက်တမင်း) ၁ . ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော် ထုတ်ချက်အရသိမ်းဆည်းရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ် ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းကိုအသုံးပြီး မလေးရှားနိုင်ငံ ရေပိုင်နက်သို့သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်၊အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းသိရသည်၊

မြန်မာ့ပင်လယ်ပြင်တွင် ICE မူးယစ်ဆေးဝါးများကိုစက်လှေများ ဖြင့်မလေးရှားနိုင်ငံသို့ သယ်ယူသည့်ဖြစ်စဉ်များဖြစ်ပေါ်နေပြီး မြိတ်မြို့ရှိလုပ်ငန်းရှင်များ ပါဝင်ပတ်သက်မှုရှိနေကြောင်းဖမ်း ဆီးရမိသည့်သတင်း ဖော်ပြချက်များအရသိရှိရသည်။

Most Read

Most Recent