ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ် နယ်စပ်သို့ သယ်ဆောင်လာသည့်  ကျပ် ၃ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ပြည်နှင့် မင်းလှမြို့နယ်တို့တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ် နယ်စပ်သို့ သယ်ဆောင်လာသည့်  ကျပ် ၃ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ပြည်နှင့် မင်းလှမြို့နယ်တို့တွင် ဖမ်းဆီးရမိ
Published 29 February 2024

ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ် နယ်စပ်သို့ သယ်ဆောင်လာသည့် ကျပ် ၃ ဒသမ ၃ ဘီလျံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ပြည်မြို့ နယ်နှင့် မင်းလှမြို့နယ်တို့တွင် ဖမ်းဆီးရမိ ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ နယ်၊ နဝဒေးတံတားထိပ်တွင် ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ယာဉ်မောင်း ဟိန်းပိုင်ဦး (ခ) ကိုပိုင် (ခ) သားညီ မောင်းနှင်လာသည့် Isuzu light truck မော်တော်ယာဉ်ကို  သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် အိမ်သုတ် ဆေးပုံးများနှင့် compressor လေအိုးတို့အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့သည် မကွေး တိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ်- မုံရွာ သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၀၅ အနီး တွင် အောင်ကိုလတ်၊ ဇော်မြင့် (ခ) ရေခဲနှင့် လင်းလင်းထိုက်တို့ သုံးဦးအား စိတ်ကြွ ရူးသွပ် ဆေးပြား ၂ ဒသမ ၄ သိန်း၊  bighorn မော် တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ဖေဖော် ၀ါရီ ၁၄ ရက်တွင် စိတ်ကြွွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော် လှအား မင်းတုန်းမြို့ တည်းခိုခန်း၌လည်း ကောင်း ဆက်လက်ဖမ်းဆီးရမိသဖြင့် စုစု ပေါင်း ကျပ် ၃ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ် ဆေးပြားများကို ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ် နယ်စပ်သို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီး ရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။

Most Read

Most Recent