မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွာရာတွင်သုံးမည့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ် ကောင်တာများအပြင် ပြင်ပရှိ ဘဏ်ကောင်တာများတွင်လည်း ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က အသိပေး

မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွာရာတွင်သုံးမည့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ် ကောင်တာများအပြင် ပြင်ပရှိ ဘဏ်ကောင်တာများတွင်လည်း ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က အသိပေး
Published 24 February 2024

မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် သုံးမည့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ်ကောင်တာများအပြင် ပြင်ပရှိဘဏ်ကောင်တာများတွင်လည်း ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က ထုတ် ပြန် ထားသည်။

မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာ ငွေပေးချေမှု ကတ်များ(Debit Card နှင့် Credit Card ) အပြင် အသေးသုံး နိုင်ငံခြားငွေငွေသား ဆောင်ယူသွားနိုင်ရေး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှစတင်၍လည်းကောင်း၊  ပည်ပသို့ ထွက်ခွာမည့်သူများအနက် ဘုရားဖူးထွက်ခွာသူများ ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတတ်ရောက်ရန် ထွက်ခွာသူများအား ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍လည်းကောင်းတစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား ) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပသို့အမှန်တစ်ကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်း‌ချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်မှ) နေ့စဉ် အလှည့်ကျရောင်းချပေးလျက်ရှိသည်။

ယခုအခါ လေဆိပ်ကောင်တာများအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့် ဘဏ်ကောင်တာများမှာ (CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝ ဘဏ်လီမတက်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်၊  AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက် ၊ မြန်မာ နိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာ ဘဏ်လီမိတက်နှင့် ‌ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေး ဘဏ်လီမိတက်ဘဏ်များတွင်လည်းဝယ်ယူနိုင် ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent