ပုဇွန်တောင်မြို့နယ်၌ ရထားနှစ်စီး တိုက်မိပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း ရထားသံလမ်းကူးတံတား ကျိုးကျပျက်စီး

ပုဇွန်တောင်မြို့နယ်၌ ရထားနှစ်စီး တိုက်မိပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း ရထားသံလမ်းကူးတံတား ကျိုးကျပျက်စီး
Published 23 February 2024

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၅ နာရီဝန်းကျင်က ရထားနှစ်စီး တိုက်မိသောကြောင့် ရေကျော်ဝတ်ကျောင်းလမ်းသို့ ဆက်သွယ်ထားသည့် ရထားသံလမ်းကူးတံတား ကျိုးကျပျက်စီးသွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ် ရေကျော်အနီးတွင် နံနက် ၅ နာရီဝန်းကျင်က ကုန်တင်ရထားတစ်စီးမှာ မီးနီဖြတ်ရန်စောင့်ဆိုင်းနေစဉ် နောက်မှလာသည့် ရထားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

ရထားနှစ်စီးတိုက်မှုကြောင့် ရေကျော်ဝတ်ကျောင်းလမ်းသို့ ဆက်သွယ်ထားသည့် ရထားသံလမ်းကူးတံတား ထိခိုက်ကာ ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

“နံနက် ၅ နာရီလောက်မှာဖြစ်သွားတာပါ။ မီးနီဖြတ်ရန်စောင့်နေတဲ့ ကုန်တင်ရထားကို အနောက်က ရထားတစ်စီးက ဝင်တိုက်တာပါ။ လူထိခိုက်တာတွေ မကြားမိဘူး။ ရေကျော်ဝတ်ကျောင်းလမ်းနဲ့ ဆက်သွယ်ထားတဲ့ ရထားသံလမ်းကူးတံတားတော့ ကျိုးကျပျက်စီးသွားပါတယ်” ဟု အနီးနေထိုင်သူများက ပြောကြားသည်။

Most Read

Most Recent