ထိုင်းနိုင်ငံအတွင်းရှိ မြန်မာစျေးဆိုင်များကို ထိုင်းတာဝန်ရှိသူများ ရှောင်တခင် စစ်ဆေး ဖမ်းဆီး အရေးယူလျက်ရှိကြောင်း သိရ

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာစျေးဆိုင်များကို ထိုင်းတာဝန်ရှိသူများ ရှောင်တခင် စစ်ဆေး ဖမ်းဆီး အရေးယူလျက်ရှိကြောင်း သိရ
Published 21 February 2024
ကိုရွှေသိန်း(မြဝတီ)

ထိုင်းနိုင်ငံအတွင်းရှိ နယ်စပ်မြို့ဖြစ်သော တာ့ခ်ပြည်နယ် မဲ့ဆောက်ခရိုင် ထဆောင်ယန်းမြို့နယ်၊ ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီပြည်နယ်ရှိ ချွန်ဘူရီ၊ ပတ္တရားမြို့ ထိုင်းတောင်ပိုင်း ဖူးခက်ပြည်နယ်၊ဖူးခက်မြို့ တွင် မြန်မာစျေးဆိုင်၊ စားသောက်ဆိုင်ရောင်း ချသူများကို ထိုင်းအထူးရဲအဖွဲ့၊ အလုပ်သမား ဝန်ကြီးဌာနနှင့်ဒေသခံရဲ၊ အလုပ်သမားဌာန တို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေး ဖမ်းဆီး အရေးယူလျက်ရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

မြန်မာ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိ သော မြန်မာနိုင်ငံသားများ အား ထိုင်းဥပဒေ နှင့် ကိုက်ညီမှုရှိမရှိကို မြန်မာဆိုင်ပိုင်ရှင်များ နှင့် ဆိုင်အကူ လုပ်သားများကို စစ်ဆေးအ ရေးယူလျက်ရှိကြောင်း၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တရားမဝင် ဝင်ရောက်လာသူ များကို ထိထိရောက်ရောက်အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်က သတိပေးထားသည့်အ တွက် ပို၍ ပို၍ဂရုစိုက်ကြရန်လိုအပ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောကြားသည်။

“ ထိုင်းအစိုးရကတားမြစ်ထားတဲ့ အ လုပ် အကိုင်အမျိုးအစား ၄၀ ရှိပါတယ်။အဲဒါ က မြန်မာ၊ကမ္ဘောဒီးယား၊ဗီယက်နမ် ၊လာအို စတဲ့ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ကိုင်ခွင့် မပြုတာပါ။ ခွင့်မပြုတဲ့ထဲ စျေးရောင်းတာ၊အလှပြင်ဆိုင်ဖွင့်တာ၊ဘုရားဆင်းတုတော် ပြုလုပ်တာတို့ စတဲ့အလုပ်တွေပါတာပေါ့ဗျာ၊ ဒါတွေကို ပြုလုပ်မယ်ဆိုရင် ဒဏ်ငွေအနေနဲ့ ဘတ်၅၀၀၀ ငနေ ဘတ်၅၀၀၀၀ ထိရှိပါတယ်။ ဒါ့ပြင်ကို ထိုင်နိုင်ငံထဲကို ပြည်ဝင်ခွင့် ဗီဇာ နှစ်နှစ် ပိတ်ပင်ခြင်းခံရနိုင်တယ်၊ မဝင်ရဘူး ပေါ့၊ လာရင်ဖမ်းမယ်ပေါ့၊ အခြားတစ်ဖက်မှာ လည်း ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်က ပြော ထားတယ်လေ၊ စစ်မှုထမ်းဥပဒေကြောင့် မြန် မာ လူငယ်အများအပြား ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာမယ်ဆိုရင်ထိထိ ရောက်ရောက် အရေးယူမယ်လို့ပြောထား တယ်။ ထိုင်းနိုင်ငံကို ရောက်နှင့်နေပြီးသား မြန်မာစျေးဆိုင်အများအပြား ထိုင်းနယ်စပ် မဲဆောက်မှာ၊ ထာ့ဆောင်ရမ်းမှာ၊ ထိုင်းအ လယ်ပိုင်းက စမွတ်ပရာကန်ပြည်နယ်ထဲမှာ၊ အရှေ့ပိုင်းက ချွန်ဘူရီပြည်နယ်။တောင်ပိုင်း က ဖူးခတ်ပြည်နယ်ပတ္တယားမြို့ တွေမှာရှိတဲ့ မြန်မာစျေးဆိုင်တွေဟာ ထိုင်းဥပဒေအတိုင်း လျော်ညီမှုရှိမရှိ၊ လုပ်သားတွေ စာရွက်စာ တမ်းအထောက်အထား ရှိမရှိ နောက် လုပ် ကိုင်နေတဲ့ အလုပ်တွေ က ထိုင်းနိုင်ငံသားတွေ လုပ်ရမယ့်အလုပ်တွေလား၊ နိုင်ငံခြားသား တွေ လုပ်ကိုင်ခွင့်မရှိဘဲ ကန့်သတ်ထားတဲ့ လုပ်ငန်းတွေလားဆိုတာကို ဗဟိုအထူးရဲ၊ ဒေသခံရဲ၊ အလုပ်သမားဌာနတို့ပေါင်းစည်းပြီးတော့ ရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်၊တော်တော်များများ ငွေဒဏ်ထိကြ ပါတယ်။အခြေအနေတွေက တစ်ပြိုင်တည်း ဖြစ်နေတော့ ထိုင်းနိုင်ငံထဲ ရှိနှင့်ပြီးသားသူ တွေကော ထိုင်းနိုင်ငံကိုလာကြမယ့်သူတွေလည်း ပို၍ ပို၍ ဂရုစိုက်ကြရမှာဖြစ်ပါတယ်”ဟု ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁) တံတားအနီး (မဲ ဆောက် ဘက်ခြမ်း) တွင် ခေါင်းရွက် ရွေ့လျား စျေးရောင်းချသူ မြန်မာနိုင်ငံသား ငါးဦးကို တရားမဝင် စျေးရောင်းချမှုဖြင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ဖေဖော် ၀ါရီ ၂ဝရက်က ဖမ်းဆီးအရေးယူထားကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ သ တင်းထုတ်ပြန်ထားသည်ဟု ဦးမိုးကြိုးက ဖြည့် စွက် ပြောကြားသည်။

 

Most Read

Most Recent