ပတ်စ်ပို့လျှောက်ထားရာတွင် အရေးကြီး/အရေးပေါ်၊ ပညာရေး၊ ကျန်မာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီသွားရောက်ရန် လိုအပ်သူများကို Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိ 

ပတ်စ်ပို့လျှောက်ထားရာတွင် အရေးကြီး/အရေးပေါ်၊ ပညာရေး၊ ကျန်မာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီသွားရောက်ရန် လိုအပ်သူများကို Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိ 
Published 21 February 2024

မြန်မာနိုင်ငံကူးလက်မှတ်၊ ပတ်စ်ပို့လျှောက်ထားရာတွင် အရေးကြီး/အရေးပေါ်၊ ပညာရေး၊ ကျန်မာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီသွားရောက်ရန် လိုအပ်သူများကို Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။ 

ထိုသို့ Green Channel ဖြင့် လျှောက်ထားရာတွင် ပြည်ပသို့အချိန်မီသွားရောက်ရန်အတွက် ခိုင်လုံသောအထောက်အထားများနှင့်အတူ လျှောက်ထားရမည်ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ ပွဲစားများသည် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန်ငွေကြေးများပိုမိုတောင်းခံ၍ လိမ်လည်ဆောင်ရွက်ခြင်းများတွေ့ရှိရကြောင်း၊ ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရေး သတိပြုသွားကြရန်လိုအပ်ကြောင်း သိရသည်။ 

Green Channel ဖြင့် လျှောက်ထားသူများသည် www.passport.gov.mm website တွင် ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈) နေပြည်တော် (ဖုန်း ၀၆၇-၃၄၁၁၅၈၀) လိပ်မူပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။ 

ထို့ပြင် Green Channel ဖြင့် မဟုတ်ဘဲ ပုံမှန်အတိုင်း အွန်လိုင်းဘိုကင်တင်၍ QR စနစ်ဖြင့်လည်း ပတ်စ်ပို့ပြုလုပ်မှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် အွန်လိုင်းဘိုကင်တင်၍ QR  စနစ်ဖြင့် ရက်ချိန်းရယူရာတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း ရက်များကို ရက်ချိန်းရယူနိုင်မည် ဖြစ်သည်။ 

ထိုသို့ ပတ်စ်ပို့စ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများဖြန့်၍  ငွေကြေးအဆမ တန်တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

ထုတ်ပြန်မှုအရ လက်ရှိတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်း များ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိ ရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရှိရကြောင်း၊ အမှန်တကယ်သွားရောက်လို သူများကို ယခင်သတ်မှတ်ထားသော လုပ်ငန်း စဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက် လက်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကောလာ ဟလသတင်းများဖြန့်၍ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော် ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိ ပေးပန်ကြားအပ်သည်ဟု မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး  (ရန်ကုန်)တွင် အွန်လိုင်းဘိုကင်တင်၍ QR  စနစ်ဖြင့် ၂ရဝဝ ဦးနှုန်းဖြင့်လည်းကောင်း၊ နေပြည် တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးများတွင်လည်း နေ့စဉ်လက်ခံဆောင်ရွက် ပေးလျက်ရှိသည်ဟု  မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက် ထားသူများအနေဖြင့် အွန်လိုင်းဘိုကင်စနစ် ဖြင့် စတင်ရက်ချိန်းယူရပြီး ရက်ချိန်းရရှိမှသာ ရုံးတွင်သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။

Most Read

Most Recent