နယ်စပ်တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ဘင်္ဂလာဒေ့ရှ်ကိုဝင်ရောက်ခိုလှုံခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အခြားလူ ၃၃ဝကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

နယ်စပ်တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ဘင်္ဂလာဒေ့ရှ်ကိုဝင်ရောက်ခိုလှုံခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အခြားလူ ၃၃ဝကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်
Published 15 February 2024

မြန်မာတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားလူ ၃၃၀ ကို ပြန်ပို့ရေး လုပ်ငန်းစဉ်သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်ခဲ့သည်ဟု The Business Post က ဖော်ပြခဲ့သည်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP) ၏အဖွဲ့ဝင်များအပါအဝင် ဘင်္ဂလာဒေ့ရှ်ကို ခိုလှုံလာသူများကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ် (BGB) ၏ကြီးကြပ်မှုဖြင့် ကော့ ဘဇားခရိုင် အီနာနီရှိ ရေတပ် ဆိပ်ခံတံတား၌ မြန်မာအာဏာပိုင်များထံလွှဲပြောင်းပေးမည် ဟု BGB ပြည်သူဆက်ဆံရေးအရာရှိ ရှာရီ ဖူးအစ္စလာမ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် အ တည်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် စောစောပိုင်းတွင် မြန်မာရဲတပ်ဖွဲ့ဝင်များကို နာဟဲလာ၊ဂမ်းဒမ်း တို့မှ အီနာနီသို့ ဘက်စ်ကားခြောက်စီးဖြင့် ပို့ ဆောင်ပေးခဲ့သည်ဟု ရှာရီဖူးက ဖြည့်စွက် ပြောသည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မကြာမီ ပြန်ပို့ပေးမည်ဟု ဘင်္ဂလားဒေ့ရှ် ပြည် ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက ယခင်က ပြောကြားခဲ့သည်။

ဘန်ဒါဘန်းခရိုင် နက်ခွန်းချာရီ နယ်စပ် ဒေသတစ်လျှောက် ပြင်းထန်သည့် တိုက်ပွဲ များဖြစ်ပွားနေချိန်တွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ပြန်ပို့မည်ဟု ဘင်္ဂလား ဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပဋိပက္ခကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်၊ နယ်ခြားစောင့်ရဲများ၊ လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူများ၊အခြားတာဝန်ရှိသူ ၃၃၀ သည် မကြာသေးမီက နက်ခွန်းချာရီကို ဝင်ရောက် ခိုလှုံခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက်မှု မြင့်တက်လာခြင်းကိုတုံ့ ပြန်သည့်အနေဖြင့် BGB နှင့်ကမ်းခြေ စောင့်တပ်တို့သည် နောက်ထပ် လူများစုပြုံ ဝင်ရောက်လာခြင်းကို တားဆီးရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် စောင့် ကြည့်မှုကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ပြန်ပို့လိုက်သူ ၃၃၀ ထဲက ၁၆၅ ကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင်ပြန်ပို့ ပေး ခဲ့ပြီး ကျန်သောလူများကို ယင်းနေ့ ညနေ ပိုင်းတွင် ပြန်ပို့ပေးခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင်၎င်းင်းတို့ကိုပြန် လည်ခေါ်ဆောင်ရန် မြန်မာဘက်မှ ကိုယ်စား လှယ်အဖွဲ့ကို သံအမတ်ဦးအောင်ကျော်မိုးက ဦးဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းတို့သည် မြန်မာစစ်တပ်နှင့်လက်နက် ကိုင် အုပ်စုများဖြစ်ပွားသောတိုက်ပွဲများကို ရှောင်ပြေးလာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၀၂ ဦး၊ ၎င်းင်းတို့၏မိသားစုဝင် လေးဦး၊ စစ်သား နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူ ၁၈ဦး၊ အရပ်သားလေးဦးတို့ပါဝင်သည်ဟု ဆိုသည်။

Most Read

Most Recent