နိုင်ငံကြီးအချို့၏ မမျှမတ ဖိအားပေးဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးများနှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌ ပြောကြား

နိုင်ငံကြီးအချို့၏ မမျှမတ ဖိအားပေးဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးများနှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌ ပြောကြား
Published 15 February 2024

နိုင်ငံကြီးအချို့၏ မမျှမတဖိအားပေး ဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ နစက ဥက္ကဋ္ဌနှင့်ပြည်ပ နိုင်ငံများတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထာင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နစက ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ် ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ တက် ရောက်ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခ ဖြစ်စဉ်များကြောင့် မိမိ တို့အပေါ် အရေးယူပိတ်ဆို့မှုများ၊ ဖိအားပေး မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှန်များနှင့် လက် ရှိဖြစ်ပေါ်နေသည့်ပကတိ အခြေအနေမှန် များကို နိုင်ငံတကာမှသိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက် ဆောင်ရွက် ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

ထို့ပြင် အချို့နိုင်ငံကြီးများ၏ မမျှမတ ဖိအားပေးဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွား ရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေ ရမှုများရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ နိုင်ငံ့အကျိုးအတွက် ပြောသင့်ပြော ထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များ ကို မိမိတို့ တွေ့ကြုံနေရသည့် အခြေအနေများ၊ သံတမန်အတွေ့အကြုံများအရ ချိန်ထိုး ချင့် ချိန်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ များ အလိုက် မြန်မာနိုင်ငံ၏ အခြေအနေမှန် များ ကို သိရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြား သည်။

ထို့အတူ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ တည်ရှိပုံပထဝီအနေအထားအရ လွတ်လပ် ၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြား ရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရန် အတွက် ပြည်ပတွင် တာဝန်ထမ်းဆောင် နေ သည့် သံတမန်ဝန်ထမ်းများတွင်တာဝန်ရှိ ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို မျက်ခြည်မပြတ်စေဘဲ မိမိတို့၏မူဝါဒကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လို ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့၏ နယ်မြေများ၌လည်း လက်နက် ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့သောကြောင့်တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူတကွ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နှင်းရေးစစ်ဆင် ရေးကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်လျက်ရှိသည့် အွန်လိုင်း လောင်းကစားမှုများ၊ ငွေကြေးလိမ် လည်မှု များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း တိုက်ဖျက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌက ရှင်းလင်း ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ် ဖွဲ့ဥပဒေတို့ကို အကောင်အထည်ဖော် ဆောင် ရွက်သည့် ကိစ္စနှင့်ပတ်သက်၍လည်း သံ အ မတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း ယင်းဥပဒေနှစ်ရပ်၏ အဓိ ပ္ပါယ်ကို ခြေခြေမြစ်မြစ်သိရှိအောင် လေ့လာ ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ရောက်ရှိပါက ဥပဒေ အသက်သွင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန်လို ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

သံအမတ်ကြီးများနှင့် သံရုံးယာယီ တာ ဝန်ခံများသည် နိုင်ငံတကာတွင် နိုင်ငံ့အတွက် အရေးပါသည့် လုပ်ငန်းရပ်များကို တာဝန်ထမ်းဆောင်နေရသူများဖြစ်သည့်အတွက် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ မှန်များနှင့် ဖြစ်ပေါ်နေသည့် အခြေအနေများ ကို အမှန်အတိုင်းသိရှိစေရေးအတွက် ယခုကဲ့ သို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြား ရခြင်းဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌကပြော ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိုင်ငံခြားရေးမူဝါဒများအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများ၊ နိုင်ငံတကာသံတမန်ဆက်ဆံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် သံအမတ်ကြီးများနှင့် သံရုံး ယာယီတာဝန်ခံများက သက်ဆိုင်ရာ နိုင်ငံ များအလိုက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများနှင့် ဆက်ဆံမှုတိုးမြှင့်ရေး ဆောင်ရွက် နေမှု အခြေအနေများ၊ တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားများနှင့် သံတမန် ရေးရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေ အနေများကို အသီးသီးရှင်းလင်းတင်ပြရာ နစက ဥက္ကဋ္ဌက လိုအပ်သည်များ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent