နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်
Published 14 February 2024

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်သည်။

နေပြည်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် နေပြည်တော်ကောင်စီဝင် အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်များအဖြစ် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဦးစီးဗိုလ်မှူးကြီး (စစ်ရေး)၊ နေပြည်တော်ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်ကောင်စီ ဦးစီးမှူးနှင့် အတွင်းရေးမှူးအဖြစ် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်သည်။

အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အဖွဲ့ဝင်များ အဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် ဦးစီးဗိုလ်မှူးကြီး( စစ်ရေး)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူးနှင့် အတွင်းရေးမှူးအဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ကောလဟလသတင်းများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ဖုန်းနံပတ်များဖြစ်သော ၀၆၇-၃၄၀၄၉၁၁၊ ၃၄၀၄၉၂၂၊ ၃၄၀၄၉၃၃၊ ၃၄၀၄၉၄၄၊ ၃၄၀၄၉၅၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်သည်။

အထက်ပါ ဖုန်းနံပါတ်များသို့ စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောက်အယှက်ပေးဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent