ကျိုက်ထိုမြို့နယ် ကျိုက်ထို - ကင်မွန်းစခန်းကားလမ်းပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ကျိုက်ထိုမြို့နယ် ကျိုက်ထို - ကင်မွန်းစခန်းကားလမ်းပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
Published 12 February 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲမြောင်အနီး ကျိုက်ထို - ကင်မွန်းစခန်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခရီးသည်မှန်လုံယာဉ် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ Foam မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ ရေသယ်ယာဉ် တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အင်ဂျင်စက်ခန်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သိရကြောင်းနှင့် မီးလောင်မှုကြောင့် ခရီးသည်တင်မှန်လုံယာဉ် ပေါ်လိုက်ပါလာကြသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း ကျိုက်ထိုမြို့အခြေစိုက် ပရဟိတအရေးပေါလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မီးလောင်မှုကြောင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးလုံးပျက်ဆီးသွားခဲ့ပါတယ်။ ယာဉ်ပေါ်လိုက်ပါလာသူတွေ သွားရေးလရေးအဆင်ပြေစေဖို့အတွက် သက်ဆိုင်ရာနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent