ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား၂၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား၂၄ ဦး ဖမ်းဆီးခံရ
Published 10 February 2024
 ရွှေသိန်း(မြဝတီ)

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ပြည်နယ် မဟာချိုင်မြို့နယ်ရှိ  ဆောက်လုပ်ရေး လုပ် ငန်းခွင်တစ်ခုတွင် တရားမဝင်၊အထောက် အထားမဲ့  အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား၂၄ ဦးသည် ဖေဖော်ဝါရီလ ရရက် က  ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန် ပြည်နယ်၊ စမွတ်ပရာကန်ပြည်နယ်၊ ပထုံ ဌာနီပြည်နယ်၊ နခေါပထုံပြည်နယ် အပါ အဝင် ပြည်နယ်အများစုရှိ ဆောက်လုပ်ရေး၊ အိမ်တွင်းမှု စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်း များကို ထိုင်းရဲတပ်ဖွဲ့၊ထိုင်းလူဝင်မှု ကြီးကြပ် ရေးအဖွဲ့ဝင်များက တရားမဝင်လုပ်သား ရှိ မရှိ၊ ကလေး လုပ်သား ခိုင်းစေမှု ရှိမရှိ ၊ ထိုင်း ဥပဒေနှင့်အညီ လုပ်သားများ သက်သာ ချောင်ချိမှု ခံစားခွင့် ရှိမရှိ ဆိုတာတွေကို ရှောင် တခင်စစ်ဆေးလျက်ရှိကြောင်း အလုပ် သမားရေးဆောင်ရွက်နေသူ  JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ ယခုလို ရှောင်တခင် ဝင်ရောက်စစ် ဆေးမှုတွေကြောင့်  ဒီအလုပ်သမားတွေကို ဖမ်းမိသွားတာပေါ့။မဟာချိုင်လုပ်သားတွေ တင်မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံခရိုင်ဒေသ ၇၇ ခုမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ကို လုပ်နေတဲ့အတွက် ထိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရဆိုရင် ထိုင်းအလယ်ပိုင်းနဲ့ ထိုင်းအရှေ့ပိုင်းပေါ့။ ပတ္တယား၊ရယောင်းတို့ ချွန်ဘူရီတို့ ဒေသတွေမှာဆိုရင် ဖမ်းဆီးခံရ တာ ၁၅၀ လောက်ရှိပြီးတော့ သူတို့ရဲ့အလုပ် ရှင်တွေကိုလည်း တရားရုံးတင်စစ်ဆေးအ ရေးယူထားတာဖြစ်ပါတယ်” ဟု မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြား သည်။ ထိုင်းနိုင်ငံအတွင်း အလုပ်ကောင်း သည်ဟု ပွဲစားများက တကြော်ကြော် အော် နေသော်လည်း အမှန်တကယ်တွင် ထင်သ လောက်မဟုတ်ဟု ဆိုသည်။

ဦးမိုးကြိုးကဆက်လက်၍ “ဒါကြောင့်တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီးတော့ ထိုင်း နိုင်ငံကို ဝင်ရောက်တာမျိုးတွေ၊ ထိုင်းကို နောက်ထပ်လာမယ့် မိတ်ဆွေ အပေါင်းအ သင်းတွေကိုလည်း သတင်းစကားအမှားတွေ မပေးမိကြဖို့၊ နောက်တစ်ခုက ခုကာလမှာ စာရွက်စာတမ်းအထောက်အထားအသစ်ပြု လုပ်တာတွေ၊ ရှိပြီးသား အထောက်အထား တွေကို သက်တမ်းတိုးကာလ ဖြစ်တဲ့အတွက်  ရှောင်တခင် ဝင်ရောက် စစ်ဆေးအရေးယူမှု တွေ ပိုက်စိတ်တိုက်လာမယ်၊ ဆက်ကာဆက် ကာ လာမယ်ဆိုတာ အသိပေးနှိုးဆော်ပါ တယ်ခင်ဗျ” ဟု ဖြည့်စွက်ပြောကြားသည်။

ထိုင်းနိုင်ငံ၊ မဟာချိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရသူများမှာ အမျိုးသား ၁၃ဦး ၊အမျိုးသမီး ၁၁ ဦးဖြစ်ပြီး တရားမဝင်လမ်းမှဝင်ရောက်လာပြီး လုပ်ငန်း ခွင် ဝင်ရသည်မှာ တစ်လကျော်ခန့်သာ ရှိ သေး ကြောင်း၊လုပ်အားခ အဖြစ် အမျိုးသား များ မှာ တစ်နေ့လုပ်အားခ ဘတ်၄၀၀၊ အမျိုး သမီးများမှာ ဘတ်၃၅၀ ရရှိကြောင်း ၊ဖမ်းဆီး ခံ မြန်မာနိုင်ငံသားများအား တရားမဝင် ဝင် ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင် မှုတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ပြီး အလုပ်ရှင်ကိုလည်း ဥပဒေနှင့်အညီ အ ရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။        

Most Read

Most Recent