ဖားကန့်တောင်ပိုင်းဒေသများတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ  နှစ်ထောင်ကျော် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ နေရပ်ပြန်

ဖားကန့်တောင်ပိုင်းဒေသများတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ  နှစ်ထောင်ကျော် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ နေရပ်ပြန်
ပုံစာ - စစ်ဘေးရှောင်သူ ဦးရေ ငါးရာကျော် ခိုလှုံနေသည့် မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှဆရာတော်အား နေရပ်ပြန်ရန်နှုတ်ဆက်ကန်တော့နေစဉ်
ပုံစာ - စစ်ဘေးရှောင်သူ ဦးရေ ငါးရာကျော် ခိုလှုံနေသည့် မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှဆရာတော်အား နေရပ်ပြန်ရန်နှုတ်ဆက်ကန်တော့နေစဉ်
Published 10 February 2024
ထွန်းလင်းအောင်(မြစ်ကြီးနား)

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ တောင်ပိုင်း တွင် ဖေဖော်ဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ နှစ်ထောင်ကျော်မှာ  ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ နေရပ် ပြန်နေကြကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ဆိုပါသည်။

ဖေဖော်ဝါရီ လဆန်း ၆ ရက်နေ့မှစတင် ကာ တပ်မတော်နှင့်  KIA, PDF  တို့ ကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်း မီဒီယာများတွင် ဖော်ပြ ထားသည်။

အရပ်သားအနည်းဆုံး သုံးဦး ထိခိုက် သေဆုံးခဲ့ပြီး ဝှေခါ၊ ဆပ်ပြာချောင်း၊ ဂျန်ခါ စသည့်ကျေးရွာများမှ လူဦးရေ ငါးထောင်ကျော်မှာ အိုး အိမ်စွန့်ကာ ထွက်ပြေးကြရသည်။

လူဦးရေ နှစ်ထောင်ကျော်မှာ  ဖားကန့် မြို့နှင့်အနီးတစ်ဝိုက်ရှိ ဘုန်းတော်ကြီး ကျောင်း နှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံလာခဲ့သည်။

လူဦးရေ ငါးရာကျော် ခိုလှုံနေသည့် မှော်ရှန် ဘုန်းတော်ကြီးကျောင်းမှ ဦးပဏ္ဍိတက  “မနေ့ က စပြန်တာ တချို့စခန်းတွေက ဦးဇင်း တို့ ကျောင်းက ဒီနေ့မှ ပြန်တာ။ မြို့ထဲက လူမှုကူညီရေးကားတွေ ၊စေတနာရှင်တွေ အားလုံး ၀ိုင်းကူကြတယ်။  ဘေးအန္တရာယ်တော့ ဖြစ် လာ ရင် ပြန်ရှောင်တိမ်းကြပေါ့  ”ဟု ဆိုသည်။

ဝှေခါကျေးရွာမှ အသက် ၄၀ ကျော် အိမ်ထောင်သည်တစ်ဦးက“ပစ်ခတ်တာတွေ မရှိ တော့လို့ ပြန်ရဲတာပေါ့။ လက်လုပ်လက်စား တွေ၊အိမ်ငှားတွေကတော့ မလာကြသေးဘူး။ကောင်းတဲ့မှော်ဘက် ပြောင်းသွားကြတာပေါ့။ ရွာတော့ မစုံသေးဘူး။ ပြန်လာကြတာတော့ များပါပြီ။ အိမ်တွေ တော်တော်များတော့ သူခိုး တွေဖောက်၊ အဖိုးတန်တာလေးတွေတော့ ယူ သွားကြတယ်။ အခုလို ပြန်နိုင်တာပဲ။ ကိုယ့် အိမ်လေး၊နေစရာလေး ကောင်းကောင်းမွန်မွန် တွေ့ရတာလေး ဝမ်းသာရတာပေါ့။ ကူညီ ကျွေးမွေးခဲ့တဲ့ သူတွေကို ကျေးဇူးအရမ်း တင် ပါတယ်။ တစ်လနှင့် သုံးရက် ကြာခဲ့တယ်။ဘုန်းကြီးကျောင်းမှာ ” ဟု ဆိုသည်။

 လက်ရှိတွင် မော်ရှန် ဘုန်းကြီးကျောင်း၊ တောင်ပေါ်ကျောင်း၊ စိန်မြသုခကျောင်း၊ ဆိုင်း ငံ ဘုရားကျောင်း၊ချင်းဘုရားကျောင်း၊ နာဂ ဘုရားကျောင်း၊ ရှင်သန်းခြင်း ဘုရားကျောင်း များတွင် လူဦးရေ နှစ်ထောင်ကျော် ခိုလှုံခဲ့ ရခြင်းဖြစ်သည်။

 

Most Read

Most Recent