ရီပတ်ဘလီကင်တို့ ပိတ်ဆို့ခဲ့သည့် ယူကရိန်း အကူအညီပါသော ဥပဒေကြမ်းကို အမေရိကန်ဆီးနိတ်က ဆက်လက်ဆွေးနွေးရန် သဘောတူ

ရီပတ်ဘလီကင်တို့ ပိတ်ဆို့ခဲ့သည့် ယူကရိန်း အကူအညီပါသော ဥပဒေကြမ်းကို အမေရိကန်ဆီးနိတ်က ဆက်လက်ဆွေးနွေးရန် သဘောတူ
ဖေဖော်ဝါရီ ၆ ရက်က လွှတ်တော် သတင်းစာရှင်းလင်းပွဲ၌ ပြန်လည်ဖြေကြားနေသော ဆီးနိတ်လူများစုခေါင်းဆောင် ချက်ရှူးမားကို တွေ့ရစဉ် (Photo-AFP)
ဖေဖော်ဝါရီ ၆ ရက်က လွှတ်တော် သတင်းစာရှင်းလင်းပွဲ၌ ပြန်လည်ဖြေကြားနေသော ဆီးနိတ်လူများစုခေါင်းဆောင် ချက်ရှူးမားကို တွေ့ရစဉ် (Photo-AFP)
Published 9 February 2024
Ref:AFP

ကာလရှည် ဆောင်ရွက်နေခဲ့သည်မှာကြာပြီဖြစ်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒပြုပြင်ပြောင်းလဲရေး ပါဝင်သော နှစ်ပါတီသဘောတူထားသော ဥပဒေကြမ်းကို ရီပတ်ဘလီကင်တို့က ပိတ်ဆို့ခဲ့ပြီးနောက် ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်တို့အတွက် ထောက်ပံ့ကူညီမှုများပါဝင်သော အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၃၄ ဘီလျံ ဥပဒေကြမ်းကိစ္စသည် ဖေဖော်ဝါရီ ၈ ရက်တွင် ရှေ့ဆက်ဆွေးနွေးသည့် ကိစ္စဖြစ်လာသည်။

အထက်လွှတ်တော်အမတ်များသည် လုပ်ထုံးလုပ်နည်းဆိုင်ရာအဆိုတစ်ရက်ကို ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၃၂ မဲဖြင့် ထောက်ခံခဲ့ကြရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရေးအတွက် ထောက်ခံမဲ ၆၀ လိုအပ်သည်ဟူသော အတားအဆီးကို ကျော်လွန်ခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်တွင် ယင်းဥပဒေကြမ်းကို ပိတ်ဆို့ခဲ့သော ရီပတ်ဘလီကင်အမတ်များထဲက အမတ် ၁၇ ဦးက ထောက်ခံပေးခဲ့သည်။

“ဒါဟာ ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ ဒီဥပဒေကြမ်းဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ယူကရိန်းနဲ့ အစ္စရေးတို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအတွက်၊ ဂါဇာက အပြစ်မဲ့အရပ်သားတွေအတွက်၊ ထိုင်ဝမ်အတွက် အရေးကြီးပါတယ်” ဟု မဲခွဲခဲ့ပြီးနောက် ဆီးနိတ်လူများစုခေါင်းဆောင်ချက်ရှူးမားက ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၀၀ ရှိသော ဆီးနိတ်က ဥပဒေကို အဆုံးသတ်အတည်ပြုမည့်အချိန်ကို ချက်ချင်း ဖော်ပြထားခြင်းမရှိသော်လည်း လိုအပ်မည်ဆိုပါက သီတင်းပတ်ကုန်နှစ်ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု မျှော်လင့်ထားကြောင်း ဆီးနိတ်အမတ်အချို့က ပြောကြားခဲ့သည်။

“ဒီဥပဒေကြမ်းကို အတည်ပြုပြီးတဲ့အထိ ကျွန်တော်တို့ အလုပ်ဆက်လက်လုပ်သွားကြမှာဖြစ်ပါတယ်” ဟု ရှူးမားက ပြောကြားခဲ့သည်။

 ယူကရိန်းထောက်ပံ့ငွေဘီလျံ ၆၀ နှင့် အခြားသောအမျိုးသားလုံခြုံရေးကိစ္စများကို တင်းကျပ်သည့် နယ်စပ်လုံခြုံရေးအစီအမံသစ်များဖြင့် အပေးအယူလုပ်ထားသည့် နှစ်ပါတီ ဆီးနိတ်သဘောတူညီချက်ကို ရီပတ်ဘလီကင်များက ငြင်းပယ်ကြရန် ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရန့်က တိုက်တွန်းထားသည်။

အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ၃ ဘီလျံရှိသော ဥပဒေကြမ်း၌ ယူကရိန်းအတွက် ဘီလျံ ၆၀၊ အစ္စရေးအတွက် ၁၄ ဘီလျံ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် ၁၀ ဘီလျံ၊ ထိုင်ဝမ်အပါအဝင် အာရှ-ပစိဖိတ် မိတ်ဖက်နိုင်ငံများအတွက် ငါးဘီလျံနီးပါး၊ နယ်စပ်ရန်ပုံငွေသစ်အတွက် ဘီလျံ ၂၀ ပါဝင်သည်။

ဂါဇာနှင့်အနောက်ဘက်ကမ်းရှိ အရပ်သားပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၅ ဘီလျံရှိသောလူသားချင်းစာနာမှု အကူအညီလည်း ပါဝင်နေသည်။

ဆီးနိတ်သည် လုံခြုံရေးအကူအညီ ဥပဒေကြမ်းကို နောက်ဆုံးအတည်ပြုနိုင်ရေးအတွက် ရက်ချီကြာသွားမည်ဟု မျှော်လင့်ရပြီး ရီပတ်ဘလီကင်တို့က ပြင်ဆင်ချက်များလုပ်ရန် ဆက်လက်တွန်းအားပေးလျက်ရှိသည်။

ဆီးနိတ်လူများစုခေါင်းဆောင်ချက် ရှူးမားက ဖေဖော်ဝါရီ ၇ ရက် တွင် ဥပဒေကြမ်း ကနဦး မဲခွဲမှုကိုစတင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီး ဥပဒေကြမ်းကို ဆီးနိတ်တွင် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။ ဥပဒေကြမ်းသည်ဥပဒေ ဖြစ်လာမည်ဆိုပါက ၎င်းသည်ဆယ်စုနှစ်များစွာအတွင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေးတို့တွင ်အသိသ ဆုံးသော အပြောင်းအလဲများကို အမှတ်အသားပြုနေလိမ့်မည်ဖြစ်သည်။

အကူအညီဥပဒေကြမ်းကို ဆီးနိတ်က နောက်ဆုံးအတည်ပြုလိုက်မည်ဆိုပါကလည်း ယင်းဥပဒေကြမ်းသည် အောက်လွှတ်တော်တွင် အတည်ပြုခံရရန် မရေမရာအနေအထားကို ရင်ဆိုင်နေရသည်။

Most Read

Most Recent