ငွေသားအပ်နှံခြင်း၊ ထုတ်ယူခြင်း အပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်ကိုယ်စားဆောင်ရွက်ရန် Banking Agent များ လုပ်ကိုင်ခွင့်ပြုမည်

ငွေသားအပ်နှံခြင်း၊ ထုတ်ယူခြင်း အပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်ကိုယ်စားဆောင်ရွက်ရန် Banking Agent များ လုပ်ကိုင်ခွင့်ပြုမည်
Published 9 February 2024

ငွေသားအပ်နှံခြင်း၊ ထုတ်ယူခြင်းအပါအ ဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ် ကိုယ်စားဆောင်ရွက်ရန် Banking Agent များ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေ ရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၈၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို  ကျင့်သုံး၍ ဘဏ်လုပ်ငန်းစနစ်လုံခြုံမှုနှင့် ခိုင်မာမှုကိုမထိခိုက်စေဘဲ သက်ဆိုင်ရာ ဘဏ် က မိမိကိုယ်စားလှယ်၏ ဘဏ်လုပ်ငန်းဆိုင် ရာ ဝန်ဆောင်မှုများအတွက် မူဘောင်တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဘဏ်လုပ်ငန်းဝန် ဆောင်မှုအား လက်လှမ်းမမှီသည့်ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန်နှင့် ငွေရေး ကြေးရေးစနစ်တွင် အလုံးစုံပါဝင်လာရေးကို တိုးမြှင့်ပေးနိုင်ရန်အလို့ငှာ ကိုယ်စားလှယ် ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် ညွှန် ကြားချက်အမှတ်(၁/၂၀၂၄)ကို ထုတ်ပြန် ထားသည်။

ကိုယ်စားလှယ်ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်လိုသည့်ဘဏ်သည် ဗဟိုဘဏ်သို့ လျှောက်ထားရမည်ဖြစ်သည်။ ဗဟိုဘဏ်သည် ပြည့်စုံသည့်လျှောက်လွှာ ကို လက်ခံရရှိသည့်နေ့မှ သုံးလအတွင်း ခွင့် ပြုကြောင်းစာဖြင့် အကြောင်းကြားမည်ဖြစ်  သည်။ ပြည့်စုံမှုမရှိသည့်လျှောက်လွှာကို လို အပ်ချက်များ ဖော်ပြ၍ သုံးလအတွင်းသက် ဆိုင်ရာဘဏ်သို့ အကြောင်းကြားမည်ဖြစ် သည်။ ပြန်လည်တင်ပြလာသည့်လျှောက် လွှာကို လက်ခံရရှိပါက စိစစ်၍ ခွင့်ပြုပေးခြင်း ၊ ပြည့်စုံမှုမရှိပါက ငြင်းပယ်ခြင်းဆောင်ရွက် မည်ဖြစ်သည်။

ဘဏ်နှင့် ကိုယ်စားလှယ်ဘဏ်လုပ်ငန်း ဆိုင်ရာဝန်ဆောင်မှုပေးသည့် ကိုယ်စားလှယ် အကြားတွင် သဘောတူသတ်မှတ်ထားသည့် အတိုင်း ကိုယ်စားလှယ်သည် အောက်ပါဘဏ် လုပ်ငန်းဆောင်မှုများကို ဆောင်ရွက်နိုင် သည်။ ၎င်းင်းတို့မှာ (က)ငွေသားအပ်နှံခြင်းနှင့် ထုတ်ယူခြင်း၊(ခ)ငွေတောင်းခံလွှာများကို ကောက်ခံခြင်း^ဘဏ်သို့ ပေးသွင်းခြင်း၊(ဂ) ချေးငွေပြန်လည်ကောက်ခံပေးခြင်းနှင့် ချေး ငွေလျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့်အ ထောက်အထားစာရွက်စာတမ်းများ စုစည်း ကောက်ခံပေးခြင်း၊(ဃ)ပြည်တွင်းငွေလွှဲ ဆောင်ရွက်ခြင်း၊(င)အငြိမ်းစားလစာနှင့် နိုင် ငံတော်မှပေးသောထောက်ပံ့ငွေ၊ လူမှုရေးအ ဖွဲ့အစည်းများမှပေးသောထောက်ပံ့ငွေစ သည့် လူမှုရေးဆိုင်ရာအကျိုးခံစားခွင့်များ ကို ထုတ်ပေးခြင်း၊(စ)ငွေစာရင်းလက်ကျန် များ စစ်ဆေးခြင်း၊(ဆ)ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများအကြား စာပေးစာယူဝန် ဆောင်မှုများကို တာဝန်ခံဆောင်ရွက်ပေး ခြင်း၊(ဇ)ဗဟိုဘဏ်က အခါအားလျော်စွာ ခွင့်ပြုသည့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုလုပ် ငန်းများတို့ဖြစ်သည်။

ဘဏ်သည် မိမိခန့်အပ်သော ကိုယ် စား လှယ်မှတစ်ဆင့် ဆောင်ရွက်သော ငွေကြေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအားလုံးကို မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေအရ ဘဏ်လုပ်ငန်းဆော င်ဝန်မှုလုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေး ခန့်အပ်သည့်ဘဏ်နှင့်ကိုယ်စားလှယ်တို့အာ း စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းနှင့် သတင်းအ ချက်အလက်များသို့မဟုတ်ဒေတာများကို တောင်းယူစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေး ခြင်း၊ ကိုယ်စားလှယ်စာချုပ်ရပ်စဲခြင်း၊ ဖျက် သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ကိုယ်စားလှယ်၏ မှားယွင်းဆောင်ရွက်မှုများအတွက် ပြန်လည် ကုစားမှုအစီအမံများ ဆောင်ရွက်ရန် ဘဏ် သို့ညွှန်ကြားခြင်းနှင့် ဘဏ်ဝန်ဆောင်မှု လုပ် ငန်းဆောင်ရွက်မည့်ကိုယ်စားလှယ်၏လုပ် ဝန်းဆောင်ရွက်သည့်နေရာသို့ အခါအား လျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် နိုင်သည်။

ဘဏ်နှင့်ဘဏ်လုပ်ငန်းဆိုင်ရာဝန် ဆောင်မှုပေးသည့် ကိုယ်စားလှယ်တို့သည်  အဆိုပါညွှန်ကြားချက်ပါ စည်းကမ်းသတ်မှ တ်ချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက် ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပ ဒေအရ အရေးယူခြင်းခံရမည်ဟုသိရသည်။

ဘဏ်သည် ကိုယ်စားလှယ်အား ဘဏ်  ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်စေရာတွင် ဘဏ်လုပ်ငန်းချိန်အတွင်းသာ ဆောင်ရွက် ခွင့်ပြုစေရမည်ဖြစ်ပြီး အဆိုပါညွှန်ကြားချက် သည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက် ရောက်စေရမည်ဖြစ်သည်။

Most Read

Most Recent