မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်၌ ဒေါ်လာရှစ်သန်း ထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်၌ ဒေါ်လာရှစ်သန်း ထုတ်ရောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Published 8 February 2024

 

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်၌ ဒေါ်လာရှစ် သန်း ထုတ်ရောင်းလိုက်ကြောင်း မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ် လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ  ဗဟိုဘဏ်က ထပ်မံထုတ်ရောင်းခဲ့ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ်သန်း ၅၀ ရောင်းချပေးခဲ့ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉  ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၉ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ  ၅ သန်းနှင့် ဘတ်သန်း ၅၀ ထပ်မံရောင်းချခဲ့ ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ် သန်း ၅၀ ရောင်းချခဲ့ ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ  ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်းထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေ ကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့်ညီမျှသောတရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသ မ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်အထည် ဖော်ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည် ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၀(ခ)၊(ဂ)နှင့်(ဃ)တို့အရ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporterနှင့် Importer တို့ စိတ်ကြိုက်စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် Importer များအနေဖြင့် စျေးကွက်တွင် ရောင်းချနိုင် သည့်ပမာဏကို မသိရှိနိုင်ခြင်းတို့ကြောင့်  တရားဝင်ရောင်းချနိုင်မည့် Platform များကို  Importer များမှ တောင်းဆိုခဲ့သဖြင့်လည်းကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေဝယ်လိုအား (Demand)နှင့်ရောင်းလိုအား (Supply)မျှတမှုရှိစေရန်အတွက်လည်းကောင်း၊ Online Trading Platform အား ဗဟိုဘဏ်ဦးဆောင်မှုဖြင့်တည်ထောင်ခဲ့ပြီး စျေးကွက်၏လိုအပ်ချက်အရ အမေရိကန်ဒေါ်လာ၊ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အားဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှစတင်ဆောင်ရွက်ခဲ့သည်။

 

Most Read

Most Recent