လေထုညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ရေရှားပါးမှုကို ပိုမိုဆိုးရွားစေကြောင်း သုတေသန လေ့လာတွေ့ရှိ

လေထုညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ရေရှားပါးမှုကို ပိုမိုဆိုးရွားစေကြောင်း သုတေသန လေ့လာတွေ့ရှိ
ဇန်နဝါရီ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမြို့ရှိ ဘင်ဂျီပူရာရေကန်၌ ငါးဖမ်းပိုက်တစ်ခုကို သယ်ဆောင်လာသော လူငယ်တစ်ဦးကို တွေ့ရစဉ် (Photo:AFP)
ဇန်နဝါရီ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမြို့ရှိ ဘင်ဂျီပူရာရေကန်၌ ငါးဖမ်းပိုက်တစ်ခုကို သယ်ဆောင်လာသော လူငယ်တစ်ဦးကို တွေ့ရစဉ် (Photo:AFP)
Published 7 February 2024

လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းသည် မြစ်ချောင်းအရင်းအမြစ်များအား လူသားများနှင့် တောရိုင်းတိရစ္ဆာန်များအတွက် ဘေးကင်းမှုမရှိသည် ့အခြေအနေဖြစ်ပေါ်စေခြင်းနှင့်အတူ ရေရှားပါးမှုသည် ရာစုနှစ်အလယ်ပိုင်းတွင် ယခင်မျှော်မှန်းထားသည်ထက် လူသုံးဘီလျံကျော်ကို ပိုမိုသက်ရောက်မှုရှိနိုင်သည်ဟု သုတေသီများက ဖေဖော်ဝါရီ ၆ ရက်တွင် သတိပေးခဲ့သည်။

ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဝန်းကျင်သည် လက်ရှိတွင်တစ်နှစ်လျှင် တစ်လထက်မနည်းဆိုးရွားသော ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ၏ရာသီဥတုသိပ္ပံပညာအဖွဲ့က ပြောကြားခဲ့ကာ ကမ္ဘာကြီးပူ နွေးလာမှုအပေါ် သက်ရောက်မှုများနှင့်လိုအပ်ချက်များမြင့်တက်လာမှုသည် ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့ရေးအတွက် အဓိကအန္တရာယ်များဖြစ်သည်ဟု သတိပေးခဲ့သည်။

သို့သော် ဂျာမနီနှင့် နယ်သာလန်မှသိပ္ပံပညာရှင်များ၏ သုတေသနလေ့လာတွေ့ရှိချက်အသစ်အရ အန္တရာယ်ရှိသော နိုက်ထရိုဂျင်ညစ်ညမ်းမှုကို ထည့်သွင်းသတ်မှတ်မည်ဆိုပါက ရေရှားပါးမှုသည် သိသိသာသာမြင့် တက်လာကြောင်း တွေ့ရှိခဲ့သည်။

“ယေဘုယျအားဖြင့် သင့်မှာရေအလုံအလောက်ရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ်စေလူတွေက ရေရှားပါးမှုကို ပိုပြီးစိုးရိမ်ကြပါတယ်ဟု  Wageningen တက္ကသိုလ်နှင့်သုတေသနဌာနမှ ဦးဆောင်သုတေသီ မန်ရူဝမ်ကပြော ကြားခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်မြင်သလောက်ကတော့ ရေညစ်ညမ်မှုဟာ ပိုပိုပြီး အရေးကြီးတဲ့ ပြဿနာတစ်ရပ်အမှန်တကယ်ဖြစ်လာကာ  သဘာဝတရားနဲ့ လူသားတွေအသုံးပြုဖို့ဘေး ကင်းလုံခြုံမှုမရှိတာမျိုး ဖြစ်လာပါတယ်”ဟု ၎င်းကဆိုသည်။

လူသားများ၏ လုပ်ဆောင်ချက်ကြောင့် နိုက်ထရိုဂျင်၊ ရောဂါပိုးများ၊ ဓာတုပစ္စည်းများ နှင့် ပလတ်စတစ်များသည် ရေစနစ်များအတွင်းသို့ အများအပြားရောက်ရှိနေသည်။

အထူးသဖြင့် စိုက်ပျိုးရေးမြေသြဇာများအဖြစ် အသုံးပြုနေသည့် နိုက်ထရိုဂျင်သည်  ရေလမ်းကြောင်းများကို ပိတ်ဆို့စေနိုင်သော  ရေညှိများကြီးထွားလာမှုကို အထောက်အပံ့ ဖြစ်စေပြီး ရေနေသတ္တဝါများ၏အသက်အန္တ ရာယ်ကို ခြိမ်းခြောက်နေကာ ရေထုအရည်အသွေးကို ထိခိုက်စေသည်။

Nature Communications ဂျာနယ်တွင် ဖော်ပြထားသည့် သုတေသနအသစ်တစ်ရပ်သည် သောက်သုံးရေ၏ အဓိကအရင်းအမြစ်ဖြစ်သည့်အပြင် မြို့ပြနှင့် စီးပွားရေးလုပ်ငန်းဆောင်တာများအတွက် အချက်အချာ ဖြစ်သော ကမ္ဘာတစ်ဝန်းလုံးရှိ မြစ်ဝှမ်းများကို စမ်းစစ်လေ့လာခဲ့သည်။

ယင်းစမ်းစစ်ချက်အရ မြစ်ဝှမ်းများရှိပို မိုသေးငယ်သော ယူနစ်များဖြစ်သည့် မြစ်ဝှမ်းအခွဲများတွင် ဆိုးရွားသော ရေရှားပါးမှုသည် ၂၀၁၀ ပြည့်နှစ်က ယခင်ခန့်မှန်းချက်များထက် နှစ်ဆိုပိုမိုမြင့်တက်မှုနှင့် ရင်ဆိုင်နေရပြီးလာ မည့်ဆယ်စုနှစ်များအတွင်း ပိုမိုဆိုးရွားနိုင်သည်ဟုဆိုသည်။

၂၀၁၀ ပြည့်နှစ်တွင် လုပ်ဆောင်ခဲ့သော ခန့်မှန်းချက်အရ နိိုက်ထရိုဂျင်ညစ်ညမ်းမှု၏ ရေထုအရည်အသွေးအပေါ် သက်ရောက်မှုကို ထည့်သွင်းစဉ်းစားသောအခါတွင် ကမ္ဘာတစ်ဝန်းရှိ မြစ်ဝှမ်းအခွဲ ၂,၅၁၇ ခုသည်ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည်ဟု ပမာဏအပေါ် အခြေခံ၍ သမားရိုးကျအကဲဖြတ်ချက်များအရ ထုတ်ပြန်ထားသည်။

ယင်းအရေအတွက်သည် ၂၀၅၀ ပြည့်နှစ်တွင် ၃,၀၆၁ ခုအထိ မြင့်တက်လာနိုင်ကြောင့် ခန့်မှန်းထားပြီး လူဦးရေ ၆ ဒသမ ၈ ဘီလျံမှ ၇ ဒသမ ၈ ဘီလျံအထိ သို့မဟုတ ်သမားရိုးကျခန့်မှန်းချက်များထက် နောက်ထပ် ပျမ်းမျှသုံးဘီလျံကျော်အပေါ် သက်ရောက်နိုင်သည်ဟုဆိုသည်။                     Ref:AFP