လူ ၁၀ ဦး၌ တစ်ဦးတွင် လမစေ့ဘဲ ကလေးမွေးဖွားသည့်ဖြစ်စဉ်သည် ပလတ်စတစ်ဓာတုပစ္စည်းများနှင့် ဆက်နွှယ်နေကြောင်း သုတေသန လေ့လာတွေ့ရှိ

လူ ၁၀ ဦး၌ တစ်ဦးတွင် လမစေ့ဘဲ ကလေးမွေးဖွားသည့်ဖြစ်စဉ်သည် ပလတ်စတစ်ဓာတုပစ္စည်းများနှင့် ဆက်နွှယ်နေကြောင်း သုတေသန လေ့လာတွေ့ရှိ
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အယ်ဘေးနီးယားနိုင်ငံ တီရာနာမြို့တွင် ဆရာဝန်တစ်ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အာထရာဆောင်း ရိုက်ပေးနေစဉ် (Photo:AFP)
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အယ်ဘေးနီးယားနိုင်ငံ တီရာနာမြို့တွင် ဆရာဝန်တစ်ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အာထရာဆောင်း ရိုက်ပေးနေစဉ် (Photo:AFP)
Published 7 February 2024

အမေရိကန်တွင် လူ ၁၀ ဦး၌တစ်ဦးသည် လမစေ့ဘဲ ကလေးမွေးဖွားသည့်ဖြစ်စဉ်သည်  ကိုယ်ဝန်ဆောင်အမျိုးသမီးများက အလွန်အမင်းအသုံးများသော ပလတ်စတစ် ထုတ်ကုန်များတွင် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုကြောင့် ဆက်နွှယ်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သုတေသနလေ့လာတွေ့ရှိချက်တစ်ရပ်ကို ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

Phthalates ဟုခေါ်သောဓာတုပစ္စည်းများကို ပလတ်စတစ်ကို ပျော့ပျောင်းစေရန် အသုံးပြုသော ဓာတုပစ္စည်းဖြစ်ပြီး ပလတ်စတစ်ဘူးများနှင့် ထုတ်ပိုးပစ္စည်းများ၊အလှကုန်ပစ္စည်းများနှင့် ကစားစရာများအပါအဝင ်အသုံးအဆောင်ပစ္စည်းထောင်ချီတွင် တွေ့ရှိနိုင်သည်။

Phthalates ကို “ဟောမုန်းဖျက်သမား”ဟု ဆယ်စုနှစ်များစွာကြာ လူသိများခဲ့ပြီးယင်းသည် လူတစ်ဦး၏ ဟောမုန်းစနစ်အပေါ် သက်ရောက်မှုရှိစေကာ အဝလွန်မှု၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့နှင့် မျိုးပွားမှုပြဿနာများနှင့်ဆက်နွှယ်နေကြောင်း အစောပိုင်းတွင် တွေ့ရှိခဲ့သည်။

“Phthalates ဟာ ဟောမုန်းတွေအပေါ် သက်ရောက်တဲ့အတွက် ဒီဓာတုပစ္စည်းဟာ လမစေ့ဘဲ ကလေးမွေးဖွားမှုကို တွန်းပို့စေနိုင်ပါတယ်”ဟု သုတေသနလေ့လာသူတစ်ဦးဖြစ်သည့် နယူးယောက်တက္ကသိုလ်၏ Langone ကျန်းမာရေးစင်တာမှ လီယိုနာဒိုထရန့်ဒီက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

အမေရိကန်တွင် ကိုယ်ဝန်ဆောင်၅၀၀၀ ကျော်၏ ဆီးများတွင် Phthalates ပါဝင်မှုအဆင့်ကို အကဲဖြတ်လေ့လာကြည့်ခြင်းဖြင့် သုတေသီများသည် ကလေးများကိုလမစေ့ဘဲ မွေးဖွားမှုအပေါ် ဓာတုပစ္စည်း၏ မည်သို့မည် ပုံထိတွေ့ပုံများကို လေ့လာစမ်းစစ်ခဲ့သည်။

Phthalates အဆင့်အမြင့်ဆုံးဖြစ်သည့် မိခင် ၁၀ ရာခိုင်နှုန်းသည် ယင်းဓာတုအဆင့် အနိမ့်ဆုံးထိတွေ့သည့် မိခင် ၁၀ ရာခိုင်နှုန်း ထက် သီတင်းပတ် ၃၇ ပတ်မတိုင်မီကလေး မီးဖွားနိုင်ခြေ ၅၀ ရာခိုင်နှုန်းမြင့်တက်သည်ဟု Lancet Phanetary Health တွင်လေ့လာတွေ့ရှိချက်ကို ဖော်ပြထားသည်။

လစေ့ဘဲ ကလေးမွေးဖွားခြင်း သို့မဟုတ် ကိုယ်အလေးချိန်ပိုမိုနည်းပါးစွာ မွေးဖွားလာ သည့်ကလေးငယ်များသည် ဘဝတွင်နောက်ပိုင်း၌ ကျန်းမာရေးပြဿနာများ ပိုမိုဖြစ်လာနိုင်ခြေရှိသည်။

အမေရိကန်တွင် phthalates ထိတွေ့မှုအတွက် လမစေ့ဘဲ ကလေးမွေးဖွားခြင်းကြောင့် ဆေးဘက်ဆိုင်ရာနှင့် လူမှုရေးကုန်ကျစရိတ်များသည် ၁.၆ ဒေါ်လာမှ ဒေါ်လာ ၈ ဒသမ ၁ ဘီလျံကြားရှိသည်ဟု သုတေသီများက ခန့်မှန်းထုတ်ပြန်ခဲ့သည်။

ယင်းသုတေသနကို အမေရိကန်တွင် လုပ်ဆောင်ခဲ့သော်လည်း အခြားနိုင်ငံအများစုတွင် လမစေ့ဘဲ ကလေးမွေးဖွားဖွားမှု ငါးရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်းသည် phthlates နှင့်ဆက်နွှယ်နိုင်ဖွယ်ရှိသည်မှာ အထင်အရှားဖြစ်ကြောင်း ထရန့်ဒီက ဆိုသည်။

Phthalates ထိတွေ့မှု၏ လေးပုံသုံးပုံကျော်မှာ ပလတ်စတစ်များကြောင့်ဖြစ်သည်ဟု ၎င်းက ခန့်မှန်းထားသည်။

“ပလတ်စတစ် ထုတ်တဲ့လူတွေက ကျန်းမာရေးအကျိုးဆက်ကို ထည့်တွက်နေမှာ မဟုတ်ပါဘူး။ ဒီလိုလမစေ့ဘဲ ကလေးတွေ မွေးဖွားမှုကို သူတို့တွေက ဂရုစိုက်နေမှာ မဟုတ်ပါဘူး” ဟုထရန့်ဒီက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent