အိမ်စီးမော်တော်ယာဉ်အချို့ကို ကံစမ်းမဲ လက်မှတ်ရောင်းချသည့်စနစ်ဖြင့် ရောင်းချနေပြီး လိမ်လည်ခံရသည့် ဖြစ်စဉ်အချို့ရှိနေ

အိမ်စီးမော်တော်ယာဉ်အချို့ကို ကံစမ်းမဲ လက်မှတ်ရောင်းချသည့်စနစ်ဖြင့် ရောင်းချနေပြီး လိမ်လည်ခံရသည့် ဖြစ်စဉ်အချို့ရှိနေ
Published 7 February 2024

မော်ဒယ်နိမ့် အိမ်စီးမော်တော်ယာဉ်အချို့ကို ကံစမ်းမဲလက်မှတ်ရောင်းချသည့် စနစ်ဖြင့် ရောင်းချနေပြီး လိမ်လည်ခံရသည့် ဖြစ်စဉ်အချို့ရှိနေကြောင်း သိရသည်။

ကံစမ်းမဲတစ်စောင်လျှင် အနည်းဆုံး ကျပ်ခြောက်သောင်းဖြင့် ရောင်းချ၍ အစောင်ရေ တစ်ထောင်ခန့် အနည်းဆုံးရောင်းချ လျက်ရှိကြောင်း သိရသည်။

“တစ်စောင်ကို ခြောက်သောင်းနဲ့ စောင် ရေ ၁၀၀၀ လောက် ရောင်းတာတွေရှိတယ်။ ကားတန်ဖိုးက အဲဒီလောက်မရှိဘူး။ မော်ဒယ်နိမ့်ကားတွေကို ရောင်းတာများပါတယ်။ တစ် စီးကို သိန်း ၃၀၀ လောက်တန်တာတွေပေါ့” ဟု ပြည်တွင်းမော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

သတ်မှတ်ထားသည့် အစောင်ရေပြည့်ပါ က Live လွှင့်၍ မဲဖောက်ပေးပြီး မဲပေါက်သူ သည်  ကားတစ်စီးပိုင်ဆိုင်ကြောင်း သိရသည်။

ယင်းသို့ လုပ်ကိုင်လာပြီးနောက်ပိုင်းတွင် ကံစမ်းမဲလက်မှတ်များကို လိမ်လည်ရောင်းချ ခြင်းများရှိလာသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ ရသူ အချို့က ပြောကြားသည်။

“တစ်စောင်ကို လေးသောင်းနဲ့ ရောင်းလို့ နှစ်စောင်ဝယ်လိုက်တာ။ သူတို့ပြောတဲ့ရက်မှာ ကံစမ်းမဲလည်း မနှိုက်ဘူး။ ဖုန်းဆက်တော့ လည်း ဖုန်းကဆက်လို့မရတော့ဘူး။ ပေ့ချ်ကို သွားဆက်သွယ်တော့လည်း ဆက်သွယ်လို့မရ တော့ဘူး။ အကုန်လိမ်သွားတာ” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ လိမ်လည်သည့် ပေ့ချ်များသည် ကားအရောင်းပြခန်း ဖွင့်လှစ်ရောင်းချသည့်  ပုံစံမျိုး ပြုလုပ်ထားပြီး ဓာတ်ပုံများကိုလည်း အမှန်တကယ် လုပ်ကိုင်နေသည့် ကားအ ရောင်းပြခန်းများမှ အွန်လိုင်းတွင် တင်ထား သည့် ဓာတ်ပုံများကို ခိုးယူအသုံးပြုထားခြင်း ဖြစ်သည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

“အများဆုံး အလိမ်ခံရတာ နယ်ဘက်က လူတွေများတယ်။ နယ်ဘက်ကလူတွေကျ တော့ ကံစမ်းမဲပေါက်ရင် ကားတစ်စီးရမယ် ဆိုတော့ မဲလက်မှတ်ကို ဝယ်ကြတာများတယ်။ တချို့ မှန်မှန်ကန်ကန် လုပ်တဲ့သူတွေလည်းရှိ တယ်။ ကံစမ်းမဲပေါက်ရင် တကယ်ပေးတာ တွေလည်းရှိပါတယ်” ဟု အဆိုပါ မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent