အမေရိကန်တပ်ဖွဲ့များက ယီမင်ရှိ ဒုံးကျည်ငါးစင်းကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု အမေရိကန်စစ်တပ်ထုတ်ပြန်

အမေရိကန်တပ်ဖွဲ့များက ယီမင်ရှိ ဒုံးကျည်ငါးစင်းကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု အမေရိကန်စစ်တပ်ထုတ်ပြန်
အမေရိကန်နှင့်ဗြိတိန်တို့၏တို်က်ခိုက်မှုများကိုမမှုကြောင်း ပြသနေသည့် ဟူသီရ်တိုက်ခိုက်ရေးသမားများကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆာနား၌ တွေ့ရစဉ်(Photo: Reuters)
အမေရိကန်နှင့်ဗြိတိန်တို့၏တို်က်ခိုက်မှုများကိုမမှုကြောင်း ပြသနေသည့် ဟူသီရ်တိုက်ခိုက်ရေးသမားများကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆာနား၌ တွေ့ရစဉ်(Photo: Reuters)
Published 5 February 2024

အမေရိကန်တပ်ဖွဲ့များသည် ယီမင်ရှိ ဒုံးကျည်ငါးခုကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်တိုက်ခိုက်ခဲ့သော ဒုံးကျည်ငါးစင်းအနက် ဒုံးကျည်တစ်စင်းသည် မြေပြင် တိုက်ခိုက်မှုလုပ်ဆောင်ရန်ဖြစ်ပြီး အခြားဒုံးကျည်လေးစင်းမှာ သင်္ဘောများကို ပစ်မှတ်ထားရန်ဖြစ်သည်ဟု အမေရိကန်စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့များက ယီမင်၏အီရန်ကျောထောက်နောက်ခံပြုဟူ သီရ်တို့ကို လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်တပ်ဖွဲ့များက ဟူသီရ်၏ဒုံးကျည် ငါးစင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်ဗြိတိန်တို့သည် သင်္ဘောများကိုဟူ သီရ်၏တိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်နေခြင်းကို စစ်ရေးအရ တတိယအကြိမ်မြောက် ပူးတွဲတိုက်ခိုက်ခဲ့့ခြင်းဖြစ်သည်။

အမေရိကန်တပ်ဖွဲ့များသည် မိမိဘာသာကာကွယ်မှုအဖြစ် ဟူသီရ်ကိုတိုက်ခိုက်ခြင်းဖြစ်ပြီး ဟူသီရ်၏ မြေပြင် တိုက်ခိုက်ရေး ခရုစ်ဒုံးကျည်ကိုလည်းကောင်း၊ ထို့နောက်တွင် သင်္ဘောဖျက်ခရုစ်ဒုံးကျည်များကိုလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ထုတ်ပြန်ခဲ့သည်။ သင်္ဘောဖျက် ခရုစ်ဒုံးကျည်လေးစင်းသည် ပင်လယ်နီရှိ သင်္ဘောများကို တိုက်ခိုက်ရန်ပြင်ဆင်ထားသော ဒုံးကျည်များဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့များသည် ဟူသီရ်ထိန်းချုပ်ထားသော ယီမင်ဒေသများရှိ ဒုံးကျည်များကို ဖော်ထုတ်ခဲ့ကြောင်း၊ အဆိုပါဒုံးကျည်များသည် ပင်လယ်နီရှိ အမေရိကန် စစ်သင်္ဘောများနှင့် ကုန်သင်္ဘောများအတွက် ချက်ချင်းလက်ငင်းခြိမ်းခြောက်မှုဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ဟူသီရ်သူပုန်များကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ဟူသီရ်ကလည်း အမေရိကန်နှင့်ဗြိတိန်အကျိုးစီးပွားတို့ကို တရားဝင်ပစ်မှတ်များအဖြစ် ကြေညာခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်တွင်ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရေး ကိစ္စမိမိဆုံးဖြတ်ထားပြီးပြီဟု ဇန်နဝါရီ ၃၀ ရက် တွင်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ် ဖော်ပြောကြားခဲ့ပြီးနောက် လွန်ခဲ့သောရက်ပိုင်းတွင် အမေရိကန်က အီရန်နှင့်ဆက်စပ်နေသောပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

ဂျော်ဒန်နိုင် ငံရှိ အခြေစိုက်စခန်းတစ်ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရသောကြောင့်အမေ ရိကန်စစ်သားသုံးဦးသေဆုံးသွားခဲ့ရာ အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ၌ ပထမဆုံး အမေရိကန်စစ်သားများသေဆုံးခဲ့သည့်အတွက် တုံ့ပြန်မှုအမျိုးမျိုးရှိလာနိုင်သည်ဟု အိမ်ဖြူတော်က သတိပေးထားသည်။

အမေရိကန်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဆီးရီးယားနှင့်အီရတ်တို့တွင်ရှိသော အီရန်နှင့်ဆက်စပ်နေသည့် ပစ်မှတ်များကို တစ်ဖက်သတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အမေရိကန်နှင့်ဗြိတိန်တို့၏လေကြောင်းတိုက်ခိုက်မှုများက မိမိတို့ကို ဟန့်တားနိုင်လိမ့်မည်မဟုတ်ဟု ဖေဖော်ဝါရီ ၄ ရက်တွင်ဟူသီရ်က ပြောကြားခဲ့ပြီး အီရန်ထောက်ပံ့ထားသော ဟူသီရ်သူပုန်များ၏  ထပ်တလဲလဲ လုပ်ဆောင်နေသော ပင်လယ်နီတိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ပစ်မှတ်ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပြီးနောက် မိမိတို့တုံ့ပြန်သွားမည်ဟုဟူသီရ်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်ညပိုင်းတွင် အမေရိကန်နှင့်ဗြိတိန်တို့၏ ပူးတွဲလေကြောင်းထိုးစစ်များကို အီရန်က ရှုတ်ချခဲ့သည်။ အမေရိကန်က အီရတ်နှင့်ဆီးရီးယားတို့ရှိ အီရန်နှင့်ဆက်စပ်နေသော ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်က တစ်ဖက်သတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။  

Ref: AFP

Most Read

Most Recent