ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ အလုပ်သမား ၃၆၄၂၂  ဦးအား ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ အလုပ်သမား ၃၆၄၂၂  ဦးအား ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့
Published 1 February 2024

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ် ရာတွင် online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအ ချိန်အထိ အလုပ်သမား ၃၆၄၂၂  ဦးအားပြည်ပ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်က အလုပ်သမားဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ်အကိုင် လုပ်ငန်းရှင်များအသင်း (MOEAA) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံကို အလုပ် သမား စေလွှတ်သည့် လုပ်ငန်းစဉ်နှင့်ပတ် သက်၍ ပိုမိုမြန်ဆန်စေရေးအတွက် အလုပ် ခေါ်စာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစ၍ ONLINE မှတစ်ဆင့် လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ONLINE စနစ် ဆောင်ရွက် ရာတွင် မူလက နာငေူ တစ်ခုတည်းဖြင့် ဆောင် ရွက်ခဲ့ပြီး လုပ်ငန်းစဉ်ရှုပ်ထွေးမှု မရှိစေရေး နာငေူ လိပ်စာများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ online စနစ်ဖြင့် အလုပ် ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက် ရှိရာ ယနေ့အထိ စောင်ရေ ၁၁၂၆ စောင်၊ အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ် အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အလုပ်သမားများ ကို ထိုင်းနိုင်ငံသို့စေလွှတ်နိုင်ရေး ခရီးသွား လာမှု အခက်အခဲဖြစ်နေသည့်အတွက် အေ ဂျင်စီများက မိမိအစီအစဉ်ဖြင့် အလုပ်သမား များကို မြဝတီမြို့သို့ ပို့ဆောင်မှုများရှိနေပြီး မြဝတီမြို့သို့ ရောက်ရှိနေသည့် အလုပ်သမား များ နစ်နာမှုမရှိစေရေး စေလွှတ်ရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် မြ ဝတီ-မဲဆောက်လမ်းကြောင်းသည် အခက် အခဲများရှိသည့်အတွက် ဝန်ကြီးအနေဖြင့် အ လုပ်သမားများကို ရန်ကုန်-ဒွန်မောင်း လေ ကြောင်းလိုင်းဖြင့် ပို့ဆောင်နိုင်ရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးထံ ညှိနှိုင်းခဲ့ပြီး ထိုင်း နိုင်ငံဘက်မှ သဘောတူညီခဲ့သည့်အတွက် အလုပ်သမားများကိုလေကြောင်းမှ စေလွှတ် ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအသင်း (MOEAA) မှ တာ ဝန်ရှိသူများနှင့် ထိုင်းလုပ်ငန်းကော်မတီခေါင်း ဆောင်များက မြန်မာဘက်ခြမ်း ဝန်ဆောင်ခ တိုးမြှင့်ပြောင်းလဲ သတ်မှတ်ပေးနိုင်ရေးတင် ပြခြင်းနှင့် MoU လုပ်သားစေလွှတ်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်း လင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာ ဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent