မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သုံးနှစ်အတွင်း ကျပ် ၃၃၅၄ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ခြောက်တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော် ဖမ်းဆီးရမိ                         

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သုံးနှစ်အတွင်း ကျပ် ၃၃၅၄ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ခြောက်တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော် ဖမ်းဆီးရမိ                         
(ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ လက်နက်၊ ကျည်ဆန်များကို တွေ့ရစဉ် - CCDAC Myanmar)
(ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ လက်နက်၊ ကျည်ဆန်များကို တွေ့ရစဉ် - CCDAC Myanmar)
Published 1 February 2024

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သုံးနှစ်တာအတွင်း ကျပ် ၃၃၅၄ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူခြောက် တန်ကျော်၊  စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ  ၃၁ ရက်က ကျင်းပသည့် အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏တင်ပြချက်များတွင် အထက်ပါကဲ့သို့ ဖော်ပြ ထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ခြောက်လအတွင်း ဘိန်းဖြူ ၁ ဒသမ ၁ တန် ကျော်၊  စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၇ သန်း ကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃၂၇၂ မှု၊ တန်ဖိုး ကျပ် ၇၈၁ ဒသမ ၀၂ ဘီလျံနှင့် ဖမ်း ဆီးရမိသူ စုစုပေါင်း ၄၃၇၃ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊  စိတ်ကြွ ရူး သွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များ ဖမ်းဆီးရမိမှုအမှုပေါင်း ၂၁၀၉၈ မှု၊ တန် ဖိုး ကျပ် ၃၃၅၄ ဘီလျံကျော်၊ ဖမ်းဆီးရမိသူ စုစုပေါင်း၂၉၄၈၆ ဦးရှိကြောင်း သိရသည်။

AA အဖွဲ့မှ အဖွဲ့ဝင်များ၏ မူးယစ်ဆေး ၀ါးသယ်ဆောင်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ ဒီဇင် ဘာ ၉ ရက်အထိ သတင်းဆက် စပ်၍ ဖော်ထုတ်ဖမ်းဆီးမှုများအရ ကျပ် ၅၁ ဒသမ ၈၇ ဘီလျံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ ဗဗ အဖွဲ့ ဝင်များ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ကာလုံအစည်း အဝေးတွင် တင်ပြခဲ့သည်။

တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သောင်း ကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များ အနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်မှု မရှိအောင် လုပ်ဆောင်ပြီး ၎င်းင်းကို အခွင့်ကောင်းယူကာ ၎င်းင်းတို့၏ ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေး ၀ါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချခြင်း များ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချ ခြင်းသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်း ဖက်မှုတို့ကို အထောက်အပံ့ဖြစ်စေခြင်း ကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ ကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြု သည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ကို ထုတ်လုပ်နိုင်ခြင်းမရှိခြင်းကြောင့် သောင်း ကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ် ဆက် သယ်ယူလျက်ရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် မူးယစ် ဆေးဝါးထုတ်လုပ်မှုကိုကြည့်ပါက လမ်းပန်း ဆက်သွယ်ရေး  ခက်ခဲသည့်နေရာများ၊ အုပ် ချုပ်မှု အလှမ်းဝေးသည့် နေရာများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသည့် နေရာများ၊ တည်ငြိမ်မှုမရှိ သည့်နေရာများနှင့် လူသူအရောက်အပေါက် နည်းပြီး တောတောင်ထူထပ်သည့်နေရာ များ တွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည်ကို တွေ့ရ ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူ တို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက် ချိန်မှစပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာခဲ့ကြောင်း၊ ၎င်းင်းနောက် ဗမာပြည် ကွန်မြူနစ်ပါတီကစ၍ နောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက် ကိုင်အဖွဲ့အစည်းများက ၎င်းင်းတို့ ရေရည်ရပ် တည်နိုင်ရေးအတွက် ဘိန်းစိုက်ပျိုးထုတ်လုပ် ရောင်းချမှုကို တိုးချဲ့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်သည် ကမ္ဘာပေါ်တွင် ဘိန်းထုတ် လုပ်မှုအများဆုံးဟူသည့် နာမည်ဆိုးနှင့်  ကျော်ကြားသည့် နေရာတစ်ခု ဖြစ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားသည်။

Most Read

Most Recent