Google တွင် ရှာဖွေခံရမှုအများဆုံးဘောလုံးသမားများအဖြစ် မက်ဆီနှင့် စီရော်နယ်လ်ဒို ရပ်တည်

Google တွင် ရှာဖွေခံရမှုအများဆုံးဘောလုံးသမားများအဖြစ် မက်ဆီနှင့် စီရော်နယ်လ်ဒို ရပ်တည်
Photo: B/R Football
Photo: B/R Football
Published 1 January 2024

၂၀၂၃ ခုနှစ်အတွင်း Google တွင် ရှာဖွေခံရမှုအများဆုံး ဘောလုံးသမားစာရင်း၌ (၂၁)ရာစု ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားများအဖြစ် သတ်မှတ်ခံထားရသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီနှင့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုတို့က ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြသည်။

မက်ဆီသည် တစ်လလျှင် ပျမ်းမျှရှာဖွေခံရမှုနှုန်း (၁၈.၄)သန်း ရှိခဲ့ပြီး စီရော်နယ်လ်ဒိုမှာမူ တစ်လလျှင် (၁၅.၂)သန်း ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနောက်တွင် ဘာပေက (၁၂.၅)သန်း၊ ဟာလန်းက (၁၁.၇)သန်း၊ နေမာက (၁၀.၈)သန်း၊ ဗင်နီစီယပ်စ်က (၄.၁)သန်း၊ ဟာရီကိန်းက (၃.၈)သန်း၊ ဘယ်လင်ဟမ်က (၃.၂)သန်း)၊ ဘန်ဇီမာက (၁.၈)သန်း၊ လီဝန်ဒေါစကီးက (၁.၅)သန်းဖြင့် အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။ 

Most Read

Most Recent