ပရီးမီးယားလိဂ်၏ ရာသီဝက်ကာလ စံနှုန်းအကောင်းဆုံးအသင်းတွင် ဟာလန်းမပါဝင်

ပရီးမီးယားလိဂ်၏ ရာသီဝက်ကာလ စံနှုန်းအကောင်းဆုံးအသင်းတွင် ဟာလန်းမပါဝင်
Photo: Opta
Photo: Opta
Published 1 January 2024

မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းသည် ပရီးမီးယားလိဂ်၏ ရာသီဝက်ကာလ စံနှုန်းအကောင်းဆုံးအသင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

Opta ၏ စံနှုန်းသတ်မှတ်ချက်များကို အခြေခံ၍ နေရာအလိုက်အကောင်းဆုံးကစားသမားများဖြင့် အဆိုပါအသင်းအား ရွေးချယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူးနေရာတွင် ဆွန်ဟောင်မင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ကျန်ကစားသမားများမှာ အယ်လစ်ဆန်(လီဗာပူးလ်)၊ ဝေါ်လ်ကာ(မန်စီးတီး)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ မတ်ဂူဟီ(ပဲလေ့စ်)၊ ဇင်ချန်ကို(အာဆင်နယ်)၊ ရိုဒရီ(မန်စီးတီး)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ ဘိုဝင်(ဝက်စ်ဟမ်း)၊ အော်ဒီဂွါ(အာဆင်နယ်)၊ ဘာနာဒိုဆေးလ်ဗား(မန်စီးတီး)၊ ဆွန်ဟောင်မင်(စပါး)တို့ဖြစ်သည်။

Most Read

Most Recent