လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၈၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ဂျပန်၊ပိုလန်၊စပိန်၊ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊USA၊ ပြင်သစ်၊ ဒိန်းမတ်၊ဘယ်လ်ဂျီယံတို့မှာ အဓိကတင်ပို့နေသည့်စျေးကွက်များဖြစ်

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၈၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ဂျပန်၊ပိုလန်၊စပိန်၊ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊USA၊ ပြင်သစ်၊ ဒိန်းမတ်၊ဘယ်လ်ဂျီယံတို့မှာ အဓိကတင်ပို့နေသည့်စျေးကွက်များဖြစ်
Published 8 December 2023

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၈၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ဂျပန်၊ပိုလန်၊ စပိန်၊ဂျာမနီ၊ကိုရီးယား၊ယူကေ၊နယ်သာလန်၊ အီတလီ၊ USA၊ ပြင်သစ်၊ ဒိန်းမတ်၊ဘယ်လ်ဂျီယံတို့မှာ အဓိကတင်ပို့နေသည့်စျေးကွက်များဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦး မင်းမင်းက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် တရုတ်အထည်ချုပ်လုပ်ငန်းရှင်များအသင်း(CTGA)တို့ ပူးပေါင်းကာ Zhejiang International Trade Exhibition Myanmar ကို ၂၀၂၃ ခု နှစ် ဒီဇင်ဘာ ၈၊ ၉ နှင့် ၁၀ ရက်တွင်  ရန်ကုန်မြို့ရှိ YCC , Yangon Convention Center(Inya Lake Compound) ၌ ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပြပွဲဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှုမှာ CMP စနစ်နဲ့ ဆောင်ရွက်တဲ့လုပ်ငန်းဟာဆိုရင် အများဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာဖြစ်တဲ့ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်ကနေ ဒေါ်လာ  ၅ ဒသမ ၃ ဘီလျံတင်ပို့နိုင်ခဲ့ပါတယ်။ ချုပ်ပြီးအထည်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိ  ဘဏ္ဍာနှစ်မှာလည်း နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိကထားပြီးတင်ပို့လျက်ရှိပါတယ်။ ဂျပန်၊ပိုလန်၊စပိန်၊ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊နယ်သာလန်၊ အီတလီ၊USA ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံတို့ဟာ အဓိကတင်ပို့ တဲ့ စျေးကွက်များဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက ပြောကြားသည်။

၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၉၄ ဒသမ ၁ သန်း ရရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၃၈၈ ဒသမ ၈ သန်းရရှိပြီး ဒုတိယ သုံးလပတ်အတွင်းက ဒေါ်လာ ၁၈၄၁ သန်းကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၁၃၆၃ ဒသမ ၉သန်း၊ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၈၄၁ ဒသမ ၁သန်း၊ တတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၁၃၆ ဒသမ ၄ သန်း၊ စတုတ္ထသုံးလပတ်အတွင်း ဒေါ်လာ ၁၀၄၇ ဒသမ ၄ ဖြင့် စုစုပေါင်း ဒေါ်လာ ၅၃၈၈ ဒသမ ၈ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည့် ဧပြီမှ မတ်လအထိဖြစ်သည်။၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ် ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီမှဇွန်လအတွင်း ပြည်ပသို့ချုပ်ပြီးအထည် တင်ပို့မှုမှဝင်ငွေ ဒေါ်လာ ၁၃၆၃ ဒသမ၉ သန်းရရှိခဲ့သည်။ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၈၄၁ ဒသမ ၁ သန်း၊ တတိယသုံး လပတ်အတွင်း ဒေါ်လာ ၁၁၃၆ ဒသမ ၄ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလအထိကာလအတွင်း ပြည်ပသို့ချုပ်ပြီး အထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၃၄၁ ဒသမ ၄ သန်းရရှိထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၂၂၂၉ သန်းကျော် ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ဒီဇင်ဘာလတွင် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တို ဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း လအလိုက် ပြည်ပသို့ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နို ဝင်ဘာတွင် ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင်၄၁၄ ဒသမ ၃ သန်း၊ ဇန်နဝါရီတွင် ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ဒေါ်လာ၄၀၃ ဒသမ ၈ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၂၂၂၉ ဒသမ  ၈ သန်းရရှိခဲ့ကြောင်း သိရသည်။

         

Most Read

Most Recent