တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းတိုက်ဖျက်နေသည့် ကျားဖျန့်ကိစ္စ ဘယ်အထိခရီးပေါက်မလဲ

တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းတိုက်ဖျက်နေသည့် ကျားဖျန့်ကိစ္စ ဘယ်အထိခရီးပေါက်မလဲ
ပြစ်မှုကျူးလွန်သည့် သံသယတရားခံနှင့် တရားခံများအား တရုတ်အစိုးရထံ စာရွက်စာတမ်းများဖြင့် လွှဲပြောင်းပေးနေသည်ကို တွေ့ရစဉ်
ပြစ်မှုကျူးလွန်သည့် သံသယတရားခံနှင့် တရားခံများအား တရုတ်အစိုးရထံ စာရွက်စာတမ်းများဖြင့် လွှဲပြောင်းပေးနေသည်ကို တွေ့ရစဉ်
Published 5 November 2023

မြန်မာအိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် အထူးအလေး ထားတိုက်ဖျက်နေသည့်ကိစ္စမှာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများကို လုပ်ဆောင်နေသည့် လုပ်ငန်းများဖြစ်သည်။

တရုတ်- မြန်မာနယ်စပ်များတွင်အခြေ စိုက်ကာ လှုပ်ရှားနေသည့် အဆိုပါ အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် တရုတ်နိုင်ငံသားများ ခိုင်းစေခံရခြင်း၊ တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်နေခြင်းကြောင့် တရုတ်အစိုးရဘက် မှ ယင်းဖြစ်စဉ်များကို အထူးအာရုံစိုက်ကာ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ လာရောက်ခဲ့ သည့် ခရီးစဉ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာအစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရာတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်သွယ်ရေးလိမ် လည်မှုကိစ္စများမှာ မပါမဖြစ်ဆွေးနွေးခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ မေ ၂ ရက်က လာရောက် ခဲ့သည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ချင်ဂန်း၏ ခရီးစဉ်မှာပင် ကျားဖျန့် (ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကိစ္စမှာလည်း ထည့်သွင်းဆွေးနွေးခဲ့ရသည့်အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။

ကျားဖျန့်ဆိုတာဘာလဲ

တရုတ်အခေါ်အရ ကျားဖျန့်ဟု နယ်စပ် ဒေသများတွင် နေထိုင်သူများသိရှိထားသည့် ကိစ္စမှာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည် မှုများပြုလုပ်သူများသည် တရုတ်နိုင်ငံသား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် လာ ရောက်ကာ လုပ်ကိုင်နေသူများဖြစ်ကာ ၎င်းင်း တရုတ်နိုင်ငံသားများသည် အမေရိကန်၊ အင်္ဂ လန်၊ နော်ဝေး ဒိန်းမတ်၊ သြစတေးလျ၊ ဗီယက် နမ်၊ဂျပန်၊ တရုတ် ၊ရုရှားနှင့် တောင်ကိုရီးယား နိုင်ငံသားများအား ၎င်းင်းတို့၏ ပစ်မှတ်အဖြစ် ရွေးချယ်ကြကြောင်း  ‘၀’ ဒေသ ပန်ဆန်းမြို့တွင်  ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တွင် အလုပ်ရခဲ့သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

‘‘ သူတို့က နိုင်ငံတကာက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားတွေကို ပစ်မှတ်ထားတဲ့ အပြင် အသက် ၆၀ အရွယ်တွေကို ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းတွေနဲ့ အစပိုင်းမက်လုံးပေး တယ်။ ငွေကြေးအမြတ် အနည်းငယ်လွှဲပေးပြီး အချီကြီးဝင်လာမှ အားလုံးသိမ်းကြုံးယူကြ တာ’’ဟု အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့်ထွက်လာသူ တစ်ဦးက ဆိုသည်။

ယင်းလုပ်ငန်းများတွင်လုပ်ကိုင်သူများမှာ အွန်လိုင်းမှ အလုပ်ခေါ်စာများကို တွေ့ရှိ ဆက်သွယ်ကာ သွားရောက်လုပ်ကိုင်ခြင်းဖြစ် ကြောင်း၊ လုပ်ကိုင်ရသည့်နေရာသို့ ရောက်ရှိ မှသာ အွန်လိုင်းမှတစ်ဆင့်လိမ်လည်ရခြင်း ဖြစ်သည်ကို သိရှိရကြောင်း ၎င်းင်းကဆက်ပြော သည်။

‘‘ကျွန်မတို့ကို ခေါ်တာက ကာစီနိုမှာ လုပ်ရမယ်ဆိုပြီးခေါ်တာ။ ဒါပေမဲ့ တကယ် လုပ်ရတော့ အဲဒါမဟုတ်ဘူး။ ဒါကြောင့် ပြန် လျော်ပြီးထွက်ခဲ့တာ’’ ဟု အွန်လိုင်းလိမ်လည် မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့် ထွက်လာသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်မြို့ တွင် အခြေစိုက်သည့် အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးလိမ်လည် မှုများ ပြုလုပ်နေသူ ၉၅ ဦးကို ဖမ်းဆီးရမိခဲ့ သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ် (ှ-၁၉)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် ှကစစသမအ်ငထ ဃသ.ယူအိ ကို ဝင်ရောက်ရှာဖွေရာ ဇူကျန်း (ခ)လောက်ဖ အပါအဝင် အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၂၂ ဦးတို့ကို ပြည်ပနိုင်ငံသားများ၏ အချက်အလက်များ စုဆောင်း၍ ငွေကြေး လိမ်လည်နိုင်ရေး ဆောင်ရွက်ရာတွင် အသုံး ပြုသည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် ဆက် စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူကျန်း (ခ) လောက်ဖ၏ ထွက်ဆိုချက် အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ် ကွက်၊ လှိုင်မြစ်လမ်းရှိ  Spring Line ကွန်ဒို၊ ငါးလွှာ၊ အခန်း ၅၀၁ သို့ဝင်ရောက်ရှာဖွေရာ ကျန်းယွိ အပါအဝင် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့ပြင် Supportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးနေသော ကမာရွတ် မြို့နယ်၊ နာနတ်တောလမ်း၊  Diamond Condo ခုနစ်လွှာတွင် နေထိုင်သည့် Zhan Tu Co., Ltd  ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေ ရာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရုံးခန်း ဖွင့်လှစ်ထားသည့် ကမာရွတ်မြို့နယ်၊  Time City Office Tower (၃)၊ ၁၅ လွှာ၊ အခန်း အမှတ် ၁၅၀၂ ကို ရှာဖွေ ချိပ်ပိတ်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ အဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးများ လိမ်လည်ရယူနိုင်ရန်အတွက် ပစ်မှတ်များ ရှာဖွေစုဆောင်းခြင်း၊ ရရှိသည့် ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များ ရယူရန်အတွက်ဝန်ထမ်းများအား အဖွဲ့တစ်ဖွဲ့ လျှင် ၁၀ ဦးစီခန့်ဖြင့် အဖွဲ့ငယ်ရှစ်ဖွဲ့ ဖွဲ့စည်း ထားရှိပြီး  whats app လူမှုကွန်ရက်မှတစ်ဆင့် ပစ်မှတ်များထံ ဆက်သွယ်၍ အချက်အလက် များ ရယူလေ့ရှိကြောင်း၊ ရရှိသည့် အချက် အလက်များကို စုဆောင်း၍ ငွေကြေးလိမ် လည်မည့် အခြားအဖွဲ့များသို့ ပြန်လည်ရောင်း ချခြင်းများ ပြုလုပ်လျက်ရှိသည်ကို စိစစ်တွေ့ ရှိရကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ကျားဖျန့်(ခ)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ

ဘယ်နေရာတွေမှာ အများဆုံးအခြေစိုက်လဲ

အွန်လိုင်းငွေလိမ်ဂိုဏ်းများ အများဆုံး အခြေချသည့်နေရာမှာ တရုတ်-မြန်မာနယ် စပ်နေရာများတွင်ဖြစ်သည်။

အချို့သော EAO များထိန်းချုပ်ရာနယ် မြေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အွန်လိုင်းလိမ်လည်သူများကို အကာ အကွယ်ပေးနေသည့်ဖြစ်စဉ်များရှိနေသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်မီဒီယာတစ်ခုဖြစ်သည့် Phoenix New Media နှင့်  အောက်တိုဘာ ၂၃ ရက်ကတွေ့ဆုံ မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

‘‘ အဓိကကတော့ တိုင်းရင်းသားလက်  နက်ကိုင်အဖွဲ့တွေအနေနဲ့ အွန်လိုင်းလိမ် လည်တဲ့သူတွေကို ကာကွယ်ပေးနေတာ ဖြစ် တယ်။ အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့ သ တိပေးထားပြီးဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်အထိ အွန်လိုင်း လိမ်ညာ နေသည့်အဖွဲ့ များကို ‘‘၀ ‘‘နှင့် မိုင်းလား၊ ကိုး ကန့်နယ်မြေများတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းဒေသများသည်အထူးဒေသများဖြစ်ကြောင်း၊ ‘‘၀’’နှင့်   မိုင်းလားဒေသသည် မိမိအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိခြင်း ကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ကိုးကန့်ဒေသသည်မိမိတို့ ထိန်း ချုပ်မှုအောက်မှာရှိ၍ ဖမ်းဆီးရမိသူများ ကို တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်ပေးလျက်ရှိ ကြောင်း၊ ‘‘၀’’နှင့်   မိုင်းလားဒေသသည် တ ရုတ်အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီးဆောင် ရွက်ခြင်းဖြစ်သည့်အတွက် ငွေကြေးပမာဏ မည်မျှရှိသည်ကိုမသိရှိကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်အစိုးရတို့ ပေါင်း၍ ‘‘၀’’နှင့် မိုင်းလားဒေသတွင် တရား ဥပဒေနှင့်အညီနေထိုင်ရန်၊ တရားဝင်သည့် စီးပွားရေးလုပ်ငန်းများသာလုပ်ကိုင်ရန်၊ ယင်း ဒေသအတွင်း မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များဖြစ်သည့် ရဲ၊ လဝက၊အ ကောက်ခွန်တို့ပေးဝင်ရန် နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

‘‘သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့ တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံ အနေနဲ့ ဒီအတိုင်းလွှတ်ထားပေးရင် လာမယ့် နှစ်တွေမှာလည်း အခြားပြဿနာများ ဆက် ဖြစ်နေမှာ ဖြစ်ပါတယ်။ သူတို့ကြောင့် မြန်မာနဲ့ တရုတ်ပြည်သူတွေကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ‘‘၀’’နယ်မြေနှင့် UWSA ၏ ‘‘၀’’နယ် မြေဆို၍ရှိပြီး လက်ရှိပြဿနာများ မဖြစ်ခင် က ဘိန်းဖြူပြဿနာဖြစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့က ဘိန်းပပျောက်ရေး အတွက် ဖိအားပေးခဲ့ခြင်းကြောင့် ဘိန်းပç ပျောက်ပြီး ရာမ ရူးသွပ်ဆေးပြားများ ထွက် ပေါ်လာခဲ့ကြောင်းနှင့်ယင်းကိုလည်း မြန်မာ နှင့်တရုတ် ပူးပေါင်းပြီး နှိမ်နင်းခဲ့ရကြောင်း၊ ယခု တတိယအကြိမ်အဖြစ် အွန်လိုင်းလိမ်ညာ မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ‘‘ကျွန်တော် တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် ‘‘၀’’နဲ့ မိုင်းလားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး စကား ပြောကြားနေပါတယ်။ ‘‘၀’’နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက် မှာ မရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင် ပါတယ်။ အဖြစ်မှန်ကခင်ဗျားပြောတဲ့ အွန် လိုင်းလောင်းကစားကရတဲ့ငွေ ဘယ်ရောက် လဲဆိုတာက သူတို့လက်ထဲမှာပဲရှိနိုင်ပါတယ်’’ ဟု ပြောကြားသည်။

လက်ရှိတွင်လည်း ‘ ၀ ‘ ခေါင်းဆောင် ဟောင်းနှစ်ဦးကိုလည်း တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ထားသည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု များတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ် ထားတိုက်ခိုက်နေသည့် ရာဇဝတ်ဂိုဏ်းတစ် ခု၏ အဓိကခေါင်းဆောင်နှစ်ဦးဟု တရုတ်အ စိုးရဘက်က သတ်မှတ်ကာ ဖမ်းဝရမ်းထုတ် ထားသူနှစ်ဦးမှာ လက်ရှိ ‘၀’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ပါဝင်ပြီး ၎င်းင်းသည် ယခင်က ၄၆၈ တပ်မဟာ မှူးလည်းဖြစ်ကာ ‘၀’ ခေါင်းဆောင် ပေါက်ယူ ချန်း၏တူတော်စပ်သူဖြစ်ကြောင်းနှင့်  နောက် တစ်ဦးမှာ  UWSA ၏ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော် ချွင်ထင်ဖြစ်ပြီး  ‘၀’ ခေါင်းဆောင် ပေါက်ယူ ချန်း၏ သားမက်ဟောင်းဖြစ်သည်ဟုလည်း သိရသည်။

ကူမင်းမြို့နှင့် ဟန်ကျိုးမြို့က အများပြည် သူလြုံခုံရေးဌာနများက UWSA အရာရှိနှစ် ဦးကို ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းက ငွေ လိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟုကာ ဖမ်းဝရမ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းင်းတို့ကို ဖမ်းမိအောင် သတင်းပေးသူအား တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနက ကြေညာပြီးနောက် ၎င်းတို့နှစ်ဦး အား ရာထူးမှ ထုတ်ပယ်ကြောင်း UWSA က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ၎င်းင်းတို့နှစ်ဦးအနေ ဖြင့် ‘‘၀’’ ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာနှင့်ပါ ဆက်ဆံရေးကို ထိခိုက် အောင် လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းင်းတို့နှစ်ဦးအား ဟိုပန်ခရိုင်တရားရုံးက လည်း ဖမ်းဝရမ်းထုတ်ထားသည်။

ရှမ်းပြည်နယ်၊ ‘‘၀’’ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနယ်မြေအတွင်း online  လိမ်လည်မှု များ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန် ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အား ပေးကူညီခြင်းများကို ကျူးလွန်နေသော ချန် ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန် (ခ)ဟော်ချွင်ထင်တို့ကို ဥပဒေအရအရေးယူ ရန်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်ဆင့်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဝရမ်းထုတ်ထားသည့်    ‘၀’နှစ်ဦးသည်  ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ထဲသို့ဝင်လာစရာမရှိဘဲ အလုံခြုံဆုံးသည် ၎င်းင်းတို့နယ်မြေပင်ဖြစ်ကြောင်း၊ ပြေးမည် ဆို ပါကလည်းပြည်ပနိုင်ငံဘက်သို့ ထွက်ပြေး ရန်သာရှိကြောင်းနှင့် တရုတ်နိုင်ငံဘက်မှ ဖိအားပေးနေပြီး မြန်မာနိုင်ငံဘက်မှ ဖမ်းဆီး ရမိပါက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

နှစ်ကုန်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးမိလာတဲ့ ကျားဖျန့်တရားခံတွေ

လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ လွှဲ ပြောင်းခဲ့သော ဆက်သွယ်ရေးလိမ်ညာမှုကျူး လွန်သည့် သံသယတရားခံ ၄,၆၆၆ ဦး ရှိပြီး ၎င်းင်းတို့အနက် တရားခံပြေး ၂၀၅ ဦး ပါဝင် ကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာ သတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီး ရမိခဲ့သည့် သံသယတရားခံနှင့် တရားခံစုစု ပေါင်း နှစ်ထောင်ကျော်ရှိခဲ့သည်။

ယူနန်ပြည်သူ့လုံခြုံရေးဌာနနှင့် မြန်မာ နိုင်ငံသက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုး ရေးဌာနများက နယ်စပ်ရဲတပ်ဖွဲ့ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် အားဖြည့်ဆောင်ရွက်ခဲ့ရာတွင် လိမ်ညာမှု ကျူးလွန်ရန် စတည်းချနေသည့် စခန်းများနှင့် လူပုဂ္ဂိုလ်များ၏ သဲလွန်စများရရှိခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းရန် လှုပ်ရှားမှုများကို ခပ်စိပ်စိပ်လှုပ် ရှားခဲ့ရာ ပြစ်မှုကျူးလွန်သည့် သံသယတရားခံ များ ဆက်တိုက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ ရက်တွင် သံသယတ ရားခံ ၂ç၃၄၉ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်း ပေးခဲ့ရာ ယူနန်ပြည်နယ် ကူမင်းမြို့၊ ကျန်းဆူး၊ ဟဲနန်၊ ဆန်းတုန်း၊ ဟူနန်၊ ချုံချင့် စသည့် နေရာ များမှ ပြည်သူ့လုံခြုံရေးဌာနများက ခေါ် ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ကျားဖျန့်ခရီး ဘယ်အထိပေါက်မလဲ

တရုတ်နိုင်ငံအတွက် မျက်နှာပျက်စရာ တစ်ခုဖြစ်သည့်အပြင် တရုတ်နိုင်ငံသားများ ကိုပါ ဒုက္ခပေးနေသည့် ကျားဖျန့်ကိစ္စကို တရုတ်နှင့် မြန်မာနှစ်နိုင်ငံအစိုးရက အထူး ကိုင်တွယ်ဆောင်ရွက်နေသည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည် မှု များကြောင့် ၂၀၂၃  ခုနှစ်အစပိုင်းမှစတင်၍ မှားယွင်းသောရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေး ဆုံးရှုံးမှုများ မကြာခဏဖြစ်ပွားမှုကြောင့် သိ သာထင်ရှားသော ဆုံးရှုံးမှုများရှိခဲ့ပြီး တရုတ် နိုင်ငံတွင်းရှိ ပြည်သူအများအကြား စိုးရိမ်ပူ ပန်မှုများက ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့‌ကြောင်း တရုတ်သတင်းစာများ ၏ ဖော်ပြချက်အရ သိရသည်။

တရုတ်အစိုးရသည် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ အ ရှေ့တောင်အာရှနိုင်ငံများနှင့်အတူ အထူးစစ် ဆင်ရေးများလုပ်‌ဆောင်ကာ   လောင်းကစား လိမ်လည်မှု၊ ဆက်သွယ်ရေးနှင့်အွန်လိုင်းလိမ်  လည်မှုနှင့် ဆက်စပ်ရာဇဝတ်မှုများကို ဖော် ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း တရုတ် ပြည်သူ့လုံခြုံရေးအာဏာပိုင်များနှင့်  နိုင်ငံတ ကာတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မ ပြတ် လုပ်ဆောင်လာခဲ့ပြီး ပြင်းထန်စွာ နှိမ်နင်း မှုများကြောင့် ယခင်က အရှေ့တောင်အာရှ နိုင်ငံများတွင် ပုန်းအောင်းနေသည့် ဆက်သွယ် ရေးနှင့် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်း များသည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ တဖြည်း ဖြည်းပြောင်းရွှေ့လာခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ယူနန်ပြည်နယ်ရှိ Xishuan – gbanna, Pu'er, Lincang နှင့် Dehong ကဲ့သို့ သော တရုတ်မြို့များနှင့် စီရင်စုများနှင့် ကပ် လျက် မြန်မာနိုင်ငံရှိဒေသများတွင် အဓိက လုပ်ကိုင်ကြကြောင်း တရုတ်နိုင်ငံက သတင်း ထုတ်ပြန်ခဲ့သည်။

‘‘ အဓိကအားဖြင့် တရုတ်နယ်စပ်တစ် လျှောက်မှာ မြန်မာ၊ လာအို၊ မူးယစ်ဆေးကိစ္စ၊ လောင်းကစားကိစ္စနဲ့ အွန်လိုင်းလိမ်လည်မှု ကိစ္စတွေမှာ အကြီးအကျယ်နာမည်ပျက်နေ တာ။ ဒါကို အရေးယူဖို့ ရှီကျင့်ဖျင်က ပြော တယ်။ ရှီကျင့်ဖျင်ရဲ့မူဝါဒအရလည်း လက် တွေ့အကောင်အထည်ဖော်ပြတာ။ တရုတ် နိုင်ငံအတွက် နိုင်ငံရေးဂုဏ်သိက္ခာတော် တော်ထိခိုက်နေတာ။ နိုင်ငံတကာဝေဖန်မှု တွေကို ချေဖျက်ဖို့ လုပ်နေတာပါ’’ ဟု တရုတ် နိုင်ငံရေး ကျွမ်းကျင်သူနှင့် တရုတ် နယ်စပ်မှ တိုင်းရင်းသားအရေး ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

Most Read

Most Recent