ဈေးဝယ်သူများ၏ ဝယ်လိုအားပျော့လာမှုနှင့်အတူ လုပ်ကိုင်ရပိုမိုခက်ခဲနေသည့် ကုန်ထုတ်လုပ်ရေးကုမ္ပဏီများ

ဈေးဝယ်သူများ၏ ဝယ်လိုအားပျော့လာမှုနှင့်အတူ လုပ်ကိုင်ရပိုမိုခက်ခဲနေသည့် ကုန်ထုတ်လုပ်ရေးကုမ္ပဏီများ
Published 5 November 2023

လက်ရှိဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ရည်မှန်း ထားကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အ ချက်အလက်များအရ သိရသည်။

စက်မှုကဏ္ဍကြီးတွင် စွမ်းအင်ကဏ္ဍ၌ သဘာဝသယံဇာတများကို ရေရှည်ထိန်းသိမ်း လျက် လူမှုပတ်ဝန်းကျင်ထိခိုက်မှုအနည်း ဆုံးဖြစ်စေသော စွမ်းအင်ထုတ်လုပ်ရန်၊သတ္တု နှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် သံသတ္တုရိုင်း ၊ ဖယ်ရိုနီကယ်၊ခဲနှင့်ရောရာသတ္တုရိုင်းနှင့် ကျောက်မီးသွေးတို့ အပါအဝင် တည်ဆောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန် သဲ၊ကျော က်စရစ်၊ ကျောက်မာနှင့် လမ်းခင်းကျောက် တို့ကို ထုတ်လုပ်ရန် လျာထားသည်။ စက်မှု လက်မှုကဏ္ဍတွင် နိုင်ငံပိုင်စက်မှုလုပ်ငန်း များအား ထုတ်ကုန်များ အရည်အသွေးကော င်းမွန်စေရေးနှင့် စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရေးဆောင်ရွက်ရန်၊ အသေးစာ း ၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ် ငန်းများအတွက် လိုအပ်သည့်စျေးကွက်၊နည် းပညာနှင့် ငွေကြေးအရင်းအနှီးကို နိုင်ငံတော် နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူ အညီရရှိနိုင်ရန်နှင့်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ် အားကဏ္ဍတွင် ဓာတ်အားပေးစက်ရုံသစ်များ တိုးချဲ့တပ်ဆင်ရန်အပါအဝင် လျှပ်စစ်ဓာတ် အားရရှိသုံးစွဲနိုင်သူ အိမ်ထောင်စုပေါင်း ၇ ဒသမ ၃ သန်း၊ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံ လုံးအိမ်ထောင်စုဦးရေ၏ ၆၇ ရာခိုင်နှုန်းအထိ ဓာတ်အားရရှိရေးဆောင်ရွက်ရန် လျာထား ကြောင်း သိရသည်။

ဆောက်လုပ်မှုကဏ္ဍတွင် ပြည်ထောင် စုလမ်းမကြီးများ၊ တံတားများ တိုးတက်ပြု ပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ကျေးလက် လမ်း၊တံတားများကို ရာသီမရွေးသွားလာနိုင် ရန် အသစ်ဖောက်လုပ်ခြင်း၊ ပြည်သူ့အငှား အိမ်ရာစီမံကိန်း၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်း စသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

ဝန်ဆောင်မှုကဏ္ဍကြီးတွင် ပို့ဆောင်ရေး ဝန်ဆောင်မှုများ တိုးတက်စေရေး၊ ဆက် သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကျက်နိုင်စေ ရေး၊ ငွေကြေးဝန်ဆောင်မှုအနေဖြင့် ငွေကြေ းစျေးကွက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရေး စသည်ဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များ လျာထား  ကြောင်း ဖော်ပြထားသည်။

သို့သော် ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင် သည့်အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန် နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာ များ အတွက် ရရှိသည့်ဖြေကြားချက်များကို အ ခြေခံပြီး တွက်ချက်ထားသည့်  S&P Global ၏နောက်ဆုံးPMI စစ် တမ်းတွင် မြန်မာနိုင် ငံ၏ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထုတ် လုပ်မှု နှစ်လဆက်တိုက် ကျဆင်းလာကြောင်း ဖော်ပြထားသည်။

S&P Global ၏နောက်ဆုံးPMI စစ် တမ်းဒေတာအရ အဓိကအကျဆုံးအညွှန်း ကိန်းသည် ဇန်နဝါရီလမှစပြီး ပထမအကြိမ် အကျဘက်သို့ လျှော့ဆင်းသွားခဲ့ရာ မြန်မာ နိုင်ငံတွင်း ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းက လုပ် ကိုင်မှုအခြေအနေများ ဆုတ်ယုတ်လာမှုကို အချက်ပြနေကြောင်း ၂၀၂၃ ခုနှစ် အောက် တိုဘာလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်း ကိန်းများ အစီရင်ခံစာတွင် ဖော်ပြထား သည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ယင်းကျဆင်းမှုအတွက် အဓိကအကျ ဆုံးမှာ အော်ဒါအသစ်များရရှိမှု ဆက်တိုက်အ ရှိန်အဟုန်ဖြင့် ကျဆင်းလာမှုဖြစ်ပြီး ရလဒ်အ နေဖြင့် ထုတ်လုပ်မှုမှာ နှစ်လဆက်တိုက် လျော့နည်းလာခဲ့သည်။

သို့သော်လည်း အောက်တိုဘာလတွင် စက်မှုကဏ္ဍအတွက် အားတက်စရာအချက် မှာ စျေးနှုန်းများ၏ ဖိအားပေးမှုများ အားပျော့ လာခြင်းဖြစ်ပြီး ဝယ်လိုအားအခြေအနေများ အားနည်းလာမှု၏တွန်းအားပေးမှုကြောင့် ဖြစ်ခဲ့သည်။

သွင်းအားစုစျေးနှုန်းများနှင့် ရောင်းစျေး နှစ်ရပ်စလုံး၏ ငွေကြေးဖောင်းပွမှုနှုန်းသည် စက်တင်ဘာနောက်ပိုင်းတွင် သိသာစွာ အား ပျော့လာပြီး ၁၀ လနှင့် ၉ လအတွင်းမှာ အနှေး ဆုံးဖြစ်လာသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း PMI- ထုတ်လုပ် ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသည့် တစ်ခု တည်းသော အညွှန်းကိန်းသည် စက်တင်ဘာ လတွင် တုံ့ဆိုင်းနေခဲ့ပြီး အောက်တိုဘာတွင် ၄၉.၀ သို့ နိမ့်ဆင်းသွားခဲ့ရာ အရေးကြီးသည့် ကြားနေအမှတ် ၅၀.၀ အောက်သို့ ၉လအ တွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

“ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှု တွေနဲ့ ဝယ်လိုအားအခြေအနေက မကြာမီ က ဆိုးရွားလာမှုကို လုံးပန်းနေရတဲ့မြန်မာနိုင် ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ တတိယသုံးလ ပတ်ရဲ့အစပိုင်းမှာ အကျနယ်ပယ်ထဲကို ပြန် လျှောဆင်းသွားခဲ့တယ်။ ဒါဟာ အဓိကအကျ ဆုံးအညွှန်းကိန်းကို ကြားနေအမှတ် ၅၀.၀ ရဲ့ အောက်မှာ နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါ ရီလမှာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ၈ လကြာခဲ့တဲ့ နာလန်ပြန်ထူးရေးအစဉ်ကို အဆုံးသတ်ပစ် လိုက်တာပါ။ အော်ဒါအသစ်များရရှိမှု အရှိန် ကျဆင်းလာခဲ့လို့ ကုမ္ပဏီတွေဟာ ထပ်ပြီး တော့ ထုတ်လုပ်မှုပမာဏကို မတိုးမြှင့်နိုင်ခဲ့ ကြပါဘူး” ဟု  S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက လုပ်ကို င်မှုအခြေအနေများ ဆုတ်ယုတ်လာမှု၏တွန်းအားမှာ စျေးဝယ်များဘက်တွင် ငွေရေး ကြေးရေးအကျပ်အတည်းများ ရင်ဆိုင်နေကြ ရခြင်းကြောင့် ဝယ်လိုအား အားပျော့လာမှု ဖြစ်သည်။ထို့ပြင် အော်ဒါအသစ်များသည် နှစ်လဆက်တိုက် ပိုမြင့်သည့်အရှိန်ဖြင့် ကျ ဆင်းလာခဲ့သည်။

လုပ်ငန်းတောင်းဆိုမှုများ ကျဆင်းလာ သည်နှင့်အမျှ ကုမ္ပဏီများသည် ၎င်းင်းတို့၏ ထုတ်လုပ်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများကို လျှော့ချခဲ့ာကသည်။ထို့ပြင် ယင်းလျှော့ချမှု နှစ်ရပ်လုံး၏နှုန်းများမှာ ယခုလတွင် ပိုမြန် လာခဲ့သည်။

ထို့ပြင် ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်း ပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တို ဘာလတွင် ပိုကြာလာခဲ့သည်။ ကုမ္ပဏီများ သည် တင်သွင်းရေးလိုင်စင်များ ရယူရာတွင် အခက်အခဲများရှိနေခြင်း၊ ကုန်ကြမ်းများရှား ပါးနေပြီး အကောက်ခွန်ဌာနတွင် ယာဉ်များ စောင့်ဆိုင်းနေရသည့်အတွက် ပစ္စည်းပေးသွ င်းမှု ကြန့်ကြာမှုများရှိကြောင်းလည်း ဖော်ပြ ထားသည်။

လာမည့် ၁၂ လအတွက် မြန်မာနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ၏  ယုံကြည်မှုမှာ ဖေဖော်ဝါရီလမှစပြီး အားအ နည်းဆုံးဖြစ်ခဲ့သည်။

စျေးကွက်မတည်မငြိမ်မှုများနှင့် ကုန် ကြမ်းပစ္စည်းများ ဆက်လက်ရှားပါးနေခြင်း အတွက် ကြောက်စိတ်များက မျှော်လင့်ချက် များကို ဖိစီးနေကြသည်။

သို့သော်လည်း ကုမ္ပဏီအများစုတို့က လာမည့်တစ်နှစ်တွင် ကျဆင်းမှုအစား ထုတ် လုပ်မှုပြောင်းလဲမည်မဟုတ်ဟု ခန့်မှန်းကြ သည်ဟု သိရသည်။

သွင်းအားစုစျေးနှုန်းများ အောက်တိုဘ ာတွင် တဟုန်ထိုးမြင့်တက်လာခဲ့သည်။ ကုန် ကြမ်းရှားပါးနေခြင်းနှင့် ပို့ဆောင်ရေးကုန်ကျ စရိတ်များကြောင့် ကုန်ကျမှုဝန်ထုပ်ဝန်ပိုးများ တိုးလာခဲ့သည်။ စျေးနှုန်းများ၏ ဖိအားပေးမှု များ အားပျော့လာခြင်းအတွက် အကြောင်း ရင်းတစ်ခုမှာ ဝယ်လိုအားအခြေအနေများ အားနည်းလာခြင်းဖြစ်သည်။

ပြည်ပမှတင်သွင်းသည့်ကုန်ကြမ်းဖြင့် ပြည်တွင်း၌ ထုတ်လုပ်သည့် ထုတ်ကုန်များ အသုံးပြုသည့် CMP လုပ်ငန်းများ (CMP အ ထည်ချုပ်နှင့် အထည်ချုပ်မှအပ အခြား CMP လုပ်ငန်းများ) အဆင်ပြေချောမွေ့ စေ ရန် ဆောင်ရွက်နိုင်ရေး ၊ လိုအပ်နေသည့် ပြည်တွင်းထုတ်ကုန်များကို ထုတ်လုပ်နေ သော လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ကုန်ကြမ်းများတင်သွင်းနိုင်ရေးတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် MIA ရုံးအစည်းအဝေး ခန်းမ၌ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် CMPစနစ်ဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်ကြမ်းအသုံးပြု၍ ပြည်တွင်း၌ ထုတ်လုပ်သည့် cartoon bax, poly bag, padding ,mould  အမျိုးမျိုး၊ ဖိ နပ်အောက်ခံဆိုးလ်ပြားများ စသည်ဖြင့် လုပ် ကိုင်နေသော လုပ်ငန်းများသည် အခွန်အ ကောက်များပေးနေမှု ကြုံတွေ့နေရဆဲ ဖြစ် ကြောင်းသိရသည်။ ယင်းလုပ်ငန်းများကို ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့သည့် ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး အကောက်ခွန်ကင်းလွတ် သို့မဟုတ် သက် သာခွင့် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင် ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁ရခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် (၈၇/၂၀၁၇) ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းသိရှိရသည်။

ယင်းသို့  ဆွေးနွေးရာတွင် လုပ်ငန်းရှင် များ လုပ်ရကိုင်ရ လွယ်ကူစေရန်၊ ရာခိုင်နှုန်း ပြည့် ပို့ကုန်တင်ပို့သည့် လုပ်ငန်းများ အတွက် ဥပဒေနှင့်အညီ ခံစားခွင့်များရရှိနိုင်စေရန်၊ ကုန်ချောထုတ်လုပ်မှုအတွက် ခံစားခွင့်ရရှိ နိုင်ရန်၊ CMP  အထည်ချုပ်၊ အထည်ချုပ်မှ အပ အခြားCMP လုပ်ငန်းများနှင့် ထောက်ပံ့ ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက် ရုံများကို ပံ့ပိုးပေးနိုင်ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အာဆီယံထုတ်လုပ်မှုကဏ္ဍ၏ အခြေ အနေအနေဖြင့် စက်တင်ဘာလတွင် နှစ်နှစ် ကျော်အတွင်း ပထမဆုံးအကြိမ် ဆုတ်ယုတ် မှုနောက်ပိုင်းတွင် နောက်ဆုံးသုံးလပတ်၏အ စက အာဆီယံထုတ်လုပ်မှုကဏ္ဍအခြေအနေ ရှေ့ဆက်ကျဆင်းလာမှုကို အချက်ပြနေ ကြောင်း အောက်တိုဘာလအတွက် ထုတ် ပြန်သည့် S&P Global အာဆီယံကုန်ထုတ် လုပ် မှုPMIအညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

“နောက်ဆုံးဒေတာက ထုတ်လုပ်မှုပမာ ဏတွေဟာ ၂၅ လအတွင်းမှာ အားအပျော့ ဆုံး နှုန်းနဲ့ တိုးလာခဲ့တာကို ထောက်ပြနေပါ တယ်။ ဒါပေမဲ့ အော်ဒါအသစ်ရရှိမှု နှစ်လ ဆက်တိုက် ကျလာခဲ့တယ်ဆိုတော့ ထုတ်လု ပ်မှုထဲက နောက်ဆုံးဦးမော့မှုကို အဓိကပံ့ပိုး ပေးခဲ့တာက ၂၀၂၃ ခုနှစ်ထဲက လအတော် တော်များများမှာ အော်ဒါတွေ တိုးရခဲ့တာဖြစ် ပါတယ်။ တကယ်လို့များ ဝယ်လိုအားဟာ ဆက်ပြီး ကျဆင်းလာမယ်ဆိုရင် ထုတ်လုပ် သူတွေဟာ ကိုယ့်ရဲ့ ကုန်ထုတ်လုပ်မှုကို လာ မယ့်လတွေအတွင်းမှာ လျှော့ချလာကြမှာကို မြင်တွေ့လာရနိုင်ပါတယ်” ဟု အာဆီယံ ကုန် ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြော ကြားခဲ့သည်။

အာဆီယံကုန်ထုတ်လုပ်မှုကဏ္ဍ တွင် အော်ဒါအသစ်များမှာ အောက်တိုဘာ လ တွင် နှစ်လမြောက်အဖြစ် ကျဆင်းလာခဲ့ ပြီး ထုတ်လုပ်မှုတိုးလာမှုမှာ ဆက်လက်အား ပျော့ခဲ့သည်။ ကုမ္ပဏီများသည် နှစ်နှစ်ကျော် အတွင်း ပထမဦးဆုံးအကြိမ် မိမိတို့၏ဝယ်ယူ မှုကို လျှော့ချခဲ့ကြသော်လည်း အနည်းငယ် မျှသာ ဖြစ်ခဲ့သည်။

အာဆီယံ ကုန် ထုတ်လုပ်မှု PMI စစ် တမ်းထဲတွင် အကျုံးဝင်သည့် အာဆီယံခုနစ် နိုင်ငံအနက် ငါးနိုင်ငံတွင် ၎င်းင်းတို့၏ ထုတ် လုပ်ရေးကဏ္ဍအတွင်း အခြေအနေများ ဆုတ် ယုတ်လာမှုကို မှတ်တမ်းတင်ကြသည် ။ အာဆီယံခုနစ်နိုင်ငံအနက် ထုတ်လုပ်မှု ကဏ္ဍ တိုးတက်မှုအခြေအနေများ တိုးတက် မှုကို ပြသခဲ့ကြသည့်နှစ်နိုင်ငံမှာ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။ ကျန်သည့် မလေး ရှား၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်နှင့် မြန်မာနိုင် ငံတို့တွင် ထုတ်လုပ်ရေးအခြေအနေများ ကျ ဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

“နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာ ကို ထည့်တွက်ပြောရပါက ဝယ်လိုအားအခြေ အနေတွေဟာ ဆက်ဆိုးလာကြဦးမလားဆို တာ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ အနာ ဂတ်ထုတ်လုပ်မှုပမာဏတွေကို ပြသပေးတဲ့ အညွှန်းတစ်ခုဖြစ်တဲ့လုပ်ငန်းများရဲ့ ယုံကြည် မှုဟာ သမိုင်းစဉ်အရ နိမ့်ကျလျက်ရှိနေပြီး နိုင်ငံတကာမှ တိုက်ခတ်နေတဲ့လေဟာ ကြမ်း တမ်းနေဆဲပါ။ ကောင်းတာကို ထောက်ပြရ ရင် စျေးနှုန်းတွေရဲ့ ဖိအားပေးမှုတော့ အောက်တိုဘာမှာ ကျဆင်းလာခဲ့ပါတယ်” ဟု  S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch  က သုံးသပ်ထားသည်။

Most Read

Most Recent