နာမည်ကြီး ကုမ္ပဏီအချို့ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သော်လည်း အီးယူဘက်က စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ

နာမည်ကြီး ကုမ္ပဏီအချို့ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သော်လည်း အီးယူဘက်က စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ
ပုံစာ-  Messe Frankfurt  Myanmar ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲကို တွေ့ရစဉ်
ပုံစာ-  Messe Frankfurt  Myanmar ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲကို တွေ့ရစဉ်
Published 10 March 2024

ယခုနှစ်ပိုင်းအတွင်း လုပ်ကိုင်ရအခက် အခဲများစွာကြောင့်ဟုဆိုကာ နာမည်ကြီးအ ထည်ချုပ်ကုမ္ပဏီအချို့ မြန်မာနိုင်ငံမှ ထွက်ခွာ ရန် ပြင်ဆင်မှုများရှိသကဲ့သို့ ထွက်ခွာသွား သည့်ကုမ္ပဏီများလည်း ရှိသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံတစ် ဝန်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ခု ရပ်နားသွားခဲ့ကြောင်း မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်းက ပြောဆိုချက် ကို ကိုးကားပြီး နိုင်ငံသတင်းဌာနအချို့က ဖော် ပြထားသည်။ ရပ်နားသွားသော အထည်ချုပ် စက်ရုံအရေအတွက်က အထည်ချုပ်စက်ရုံ အားလုံး၏ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့ကြောင်း သိရသည်။

ပြင်ပမှ ဝေဖန်မှုများကြောင့် တာဝန်ရှိ သော ထွက်ခွာမှုဟုဆိုကာ မြန်မာ့အထည်ချုပ် လုပ်ငန်းကဏ္ဍမှ Brand စက်ရုံအချို့ ထွက်ခွာ ရန် ပြင်ဆင်ခဲ့ကြကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။

“မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကို ပြင်ပကနေ ဝေဖန်နေကြပြီးတော့မှ သူတို့အ နေနဲ့ ဒီကနေ  ဝယ်သူတွေထွက်ခွာဖို့အတွက် ကို တောင်းဆိုနေတာတွေရှိတယ်။  ဒါကြောင့် မို့  သူတို့သုံးတဲ့အသုံးအနှုန်းက responsible exit လို့ပြောတယ်။ တာဝန်ရှိသောထွက်ခွာ မှုလို့ သူတို့ပြောတာရှိပါတယ်။ တာဝန်ရှိသော ထွက်ခွာမှုလို့ ပြောပြီးတော့မှ Brand နှစ်ခုက သူတို့ထွက်ဖို့ ပြင်နေပါပြီ။ ဒါပေမဲ့ ကျွန်မတို့က မေးခွန်းပြန်ထုတ်တာက တာဝန်ယူသောထွက် ခွာမှုဆိုရင် သူတို့ဘာတွေလုပ်ပေးသလဲ။ အဲဒီ မေးခွန်းတွေ ပြန်မေးဖို့ပါ။ သူတို့ဘာတာဝန် တွေယူပေးသလဲ။ ဒီမှာ အလုပ်သမားတွေအ လုပ်မရှိတော့ဘူးဆိုရင်  အလုပ်ကိုရှာပေးသ လား နံပါတ်(၁)၊  ဒီအလုပ်ပြုတ်သွားမယ့် အ လုပ်သမားတွေကို လျော်ကြေးအတွက် ပိုင်ရှင် တွေကို ပိုက်ဆံပေးသလား၊ ကူညီပေးသလား  နံပါတ် (၂)။ ဒါမှမဟုတ်လည်း သူတို့အနေနဲ့ ဒီအလုပ်သမားတွေ ရှေ့ကိုကြည့်ပြီး တာဝန် ယူချင်တယ်ဆိုရင်  အတူတူ အော်ဒါဆက်ပေး ပြီးတော့မှ အလုပ်ဆက်ပေးဖို့” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အထွေ ထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြော ကြားသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် လက်ရှိ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများ၊ အလုပ်ရှင် နှင့် အလုပ်သမားများ ရင်ဆိုင်နေရသည့်အခြေ အနေများကို survey ပြုလုပ်ခဲ့ကြောင်း   မြန် မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

“ပြင်ပစိန်ခေါ်မှုတွေနဲ့ ပတ်သက်ရင်  Made in Myanmar ၊ ပြီးရင် မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းစသောလုပ်ငန်းတွေအပေါ် ပြည်ပသဘောထား မကိုက်ညီတဲ့သူတွေရဲ့ တင်ပြပြောဆိုမှုကြောင့် ကျွန်တော်တို့ရဲ့ အ လုပ်အကိုင် အခွင့်အလမ်း၊ စျေးကွက်အခြေ အနေကို စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ဒီလိုစိန် ခေါ်မှုတွေ ရှိနေတာကို အသင်းအနေ နဲ့ ကျော် လွှားနိုင်ဖို့ဆိုပြီး ရှိရင်းအမှန်၊ ဖြစ်ရင်းအမှန် ကိုသိဖို့ survey တစ်ခု လုပ်ခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ယင်းသို့ လေ့လာတွေ့ရှိချက်များအ ပေါ် ပြည်တွင်းလုပ်သားများ၏ လိုအပ်ချက် နှင့် ဆန္ဒသဘောထားများကို နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ အထည်အလိပ် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ ကြည့်ပါက ထင်သလောက် တိုးတက်မှုမရှိ သေးကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အထည်အလိပ် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ ကြည့်မယ်ဆိုရင် ထင်သလောက် တိုးတက်မှု မရှိသေးတာကို အရိုးသားဆုံး ဝန်ခံတင်ပြလို ပါတယ်။ အခြေခံ အဆောက်အအုံမပြည့်စုံမှု၊ အထည်အလိပ်လုပ်ငန်းမှာ ကျွမ်းကျင်လုပ် သား ရှားပါးမှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့် တင်နိုင်ရန် မီးမပြည့်စုံမှု၊ ငွေကြေးအရင်းအနှီး၊ စျေးကွက်ပြိုင်ဆိုင်မှု၊ အလုပ်အကိုင် နည်းပါးမှု၊ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မား လာမှု စတဲ့အချက်တွေကြောင့် တိုးတက်မှုတွေ နှေးကွေးလျက်ရှိတာကို တွေ့ရပါတယ်” ဟု ၎င်းင်းကဆိုသည်။

အဆိုပါအခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ် ငန်းရှင်များအသင်း ၊ အလုပ်အမှုဆောင်အဖွဲ့ ဝင်များနှင့် အသင်းသူအသင်းသားများ ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ CMP အထည်ချုပ်လုပ် ငန်းများသည် လုပ်ငန်းသဘောသဘာဝအရ ပြည်ပစျေးကွက်ကို အားထားတင်ပို့နေရခြင်း ဖြစ်သဖြင့် အော်ဒါများ အချိန်မီတင်ပို့ နိုင်ရေး၊ အော်ဒါအမှာစာများ ပုံမှန်ရရှိကာ လုပ်ငန်း များ လည်ပတ်နိုင်ရေး လွန်စွာအရေးကြီး လျက်ရှိသည်။ အကယ်၍ ပြည်ပအမှာစာရရှိ မှု လျော့ကျခြင်း၊ အကြောင်းတရားများစွာ ကြောင့် စက်ရုံပိတ်သိမ်းရခြင်းများရှိလာပါက အထည်ချုပ်စက်ရုံများ လက်ရှိရရှိထားသည့် ပြည်ပစျေးကွက်များ ပျောက်ဆုံးနိုင်သည့် စိန် ခေါ်မှုများ ရှိနေသည်။

အဆိုပါအခြေအနေများကြောင့် စျေး ကွက်ရရှိမှုအရေးသည်လည်း မြန်မာ့အထည် ချုပ်လုပ်ငန်းများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

ပဲရစ်မြို့တွင် Messe Frankfurt က စီစဉ်သည့် ချည်မျှင်နှင့်အထည်အလိပ်ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံမှ ထုတ်လုပ် သည့် အထည်ချုပ်တင်ပို့မှုအပါအဝင် ပို့ကုန် များ ပါဝင်ပြသရန် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ lotte Hotel ( Emerald Meeting Room) ၌ ကျင်းပခဲ့သည်။

“ဒီနေ့ပွဲကတော့ Messe Frankfurt France မှာ  ပြုလုပ်တဲ့ garment နဲ့ textile trade fair တွေရှိပါတယ်။ အဲဒီပွဲတွေမှာ မြန်မာပြည်ရဲ့ MGMA ပေါ့နော်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေနဲ့ သွားရောက်ပြသနေတာ ၂၀၁၅ ကတည်းက ပေါ့နော်။ အဲဒီပွဲအတွက်ကို ရည်ရွယ်ပြီး ဒီက နေ့မှာ ပြင်သစ်နိုင်ငံ Messe Frankfurt France ရဲ့ President Mr Frederic BOUGERAD က ကိုယ်တိုင်လာရောက်ပြီးတော့ အထည်ချုပ် လုပ်ငန်းတွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်” ဟု su shwe nadi Trading & Consultancy မှ Managing Director  ဖြစ်သူ မသက်စုလှိုင် က ပြောကြားခဲ့သည်။

“ဒီနေ့ပွဲရဲ့အဓိက ရည်ရွယ်ချက်ကတော့  ပဲရစ်မြို့မှာရှိတဲ့ Messe Frankfurt France က ပြုလုပ် နေတဲ့ germant  နဲ့ textile ပွဲတွေမှာ မြန်မာ ပြည်မှာ ထုတ်လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီဖြစ် စေ၊ joint venture ဖြစ်စေ၊ မြန်မာကုမ္ပဏီ ဖြစ်စေ၊ မြန်မာပြည်မှာ တကယ်စက်ရုံရှိပြီး တော့  made in Myanmar ထုတ်ကုန် အနေ နဲ့ လာရောက်ပြသလို့ရတယ်ဆိုတာ ပွဲလေး လုပ်ရခြင်းဖြစ်ပါတယ်” ဟု su shwenadi Trading & Consultancy မှ Managing Director ဖြစ်သူ မသက်စုလှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပ ခဲ့သည့် ပြပွဲတွင် မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းများ ဝင်ရောက်ပြသခဲ့ကြောင်း သိရ သည်။

ယင်းပြပွဲသို့ သွားရောက်ခဲ့သည့် မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “အခွင့်အရေးက ဘာရခဲ့ သလဲဆိုရင်  မြန်မာရဲ့အကြောင်းကို မျက်နှာ ချင်းဆိုင်ပြီး အလယ်ကောင်မှာ မီဒီယာမရှိဘဲ ပြောလို့ရတဲ့အခွင့်အရေးရခဲ့ပါတယ်။  ဒီအ တွက်ကြောင့် နားလည်မှု understanding က cross questions တွေကို မျက်လုံးချင်း ကြည့်ပြီး မေးလို့ရတယ်။ ဖြေလို့ရတယ်။ သူတို့ ဘက်ကလည်း မီဒီယာမှာတော့ ဒီလိုပါတယ်။ ဒါက ဘာကိစ္စဘယ်လိုဖြစ်တာလဲဆိုတာ သူ တို့မေးတဲ့အခါ ကိုယ့်မှာဖြေဖို့အခွင့်အရေး တွေ ရခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့အထည် ချုပ် Myanmar garment ရဲ့ Image stituation ကို တစ်ဦးချင်းကို ရှင်းပြခွင့်၊ အမေး ခံခွင့် ဒါတွေကိုရခဲ့တဲ့အတွက် မြန်မာ့အထည် ချုပ်ရဲ့ အီးယူစျေးကွက်နဲ့ နိုင်ငံတကာစျေး ကွက်မှာ ကောင်းမွန်တဲ့အချက်တစ်ခု ရခဲ့ပါ တယ်” ဟု ပြောကြားသည်။

ထို့ပြင် မြန်မာ့အထည်ချုပ်ကဏ္ဍအပေါ်    အီးယူနိုင်ငံများမှ လုပ်ငန်းရှင်များက စိတ်ဝင် စားမှုများ ရှိနေသည်ဟုလည်း သိရသည်။

“စျေးကွက်အနေနဲ့ဆိုရင် စိတ်ဝင်စားမှု အားလုံးက အီတလီ၊ စပိန်တို့က အရမ်းမြင့် တက်ပါတယ်။ UK တို့၊ ဂျာမနီတို့ဘက်ကလည်း အထိုက်အလျောက် စိတ်ဝင်စားမှု ရှိ ကြတယ်။ brand အကြီးကြီးတွေထွက်တာ မှန်ပါတယ်။  brand အကြီးကြီးတွေ ထွက်ရတာကလည်း political issue အပေါ် မူတည်ပြီးထွက်တာ  ဖြစ်ပါတယ်။ သို့သော် ဒီ brand  အကြီးကြီး တွေ ထွက်တဲ့အတွက် ဘာ ဖြစ်ကျန်ခဲ့သလဲဆို တဲ့ ပြောဖို့အခွင့်အရေးကို ရခဲ့ပါတယ်” ဟု ဥက္ကဋ္ဌဦးမြင့်စိုးက ပြောကြားသည်။

နာမည်ရ အထည်ချုပ်ကုမ္ပဏီကြီးအ ချို့ မြန်မာနိုင်ငံမှထွက်ခွာခဲ့သော်လည်း အခြား သော နာမည်ရ အထည်ချုပ်ကုမ္ပဏီအချို့ကမူ မြန်မာ့အထည်ချုပ်လုပ်ငန်းအပေါ် စိတ်ဝင် စားမှုရှိနေသည်ဟုလည်း သိရသည်။

“Brand ကြီးတွေ ထွက်သွားပေမဲ့   Brand အသေးလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့  ကိုယ့်ဆီမှာ အလုပ်အပ်ဖို့  planning  လေး တွေကို ရရှိခဲ့ပါတယ်။ အဲတော့ ဒီဟာက အခု သွားပြတယ်။ ပြလိုက်တာနဲ့ Brand သုံးခုကို ရတယ်။ quality ငါးသောင်းရတယ်။ တစ် သိန်း ရတယ်။ ငါးသိန်းရတယ်။ ဒါမျိုးမျှော် လင့်လို့မရသေးပါဘူး။ ဘာကြောင့်လဲဆို ကိုယ့် ရဲ့ image ကို အရင်ဆုံးကောင်းအောင် လုပ် နေတဲ့အဆင့်ဖြစ်တဲ့အတွက် ၂၀၂၃ မှာလည်း myanmar garment ရဲ့ pavilion နဲ့ မြန်မာ့ အထည်ချုပ်အကြောင်းပြောမယ်။ ၂၀၂၄ မှာ လည်း  အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အလုပ်အမှုဆောင်အဖွဲ့ရဲ့ သဘောတူညီချက် ရခဲ့ရင် Myanmar pavilion ကို ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီး  Myanmar image ကို ဆက်ပြီး ထူထောင်ပါ့မယ်။ ဒီလိုထူထောင် တဲ့အခါ ရေတိုမဟုတ်ဘဲ ရေရှည်လုပ် သွားဖို့ လိုတဲ့အတွက်  ဒါကိုအသင်းအနေနဲ့ ဆက်ပြီး ကြိုးစားပါမယ်” ဟု ၎င်းကဆက်လက်ပြော ကြားသည်။

အခြားတစ်ဖက်တွင် မြန်မာ့အထည်ချုပ် ကဏ္ဍအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ    ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် အထည်ချုပ်အလုပ်သမာများ အလုပ်ထွက်မှု မြင့်တက်လာခြင်းဖြစ်သည်။

“မြန်မာလုပ်သားတွေ တခြားနိုင်ငံကို ထွက်တယ်ဆိုတာ အခုရက်ပိုင်းမှာ ပိုထွက် တာတော့မှန်ပါတယ်။ အရင်ကတည်းက  ထွက်နေတာလည်း မှန်ပါတယ်” ဟု အထည် ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် လုပ်သား အင်အား ငါးသိန်းကျော်၊ ခြောက်သိန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားခြင်း ဖြစ်သည်။

“အဲဒီတော့ ကျွမ်းကျင်လုပ်သားဆုံးရှုံး တာ မှန် ပါတယ်။  လူတွေကမွေးပြီးကတည်းက ဘာမှမတတ်ပါဘူး။ ဒါတွေကို ကျွန်တော်တို့အ ထည်ချုပ်လုပ်ငန်းရှင်များအသင်းက သင် တန်းဖွင့်ထားတယ်။ ပြီးရင် training for trainers ဆိုပြီး စက်ရုံတွေမှာလည်း အဖွဲ့တွေ ဖွဲ့ထားပြီး အထည်ချုပ်နည်းပညာတွေကို လက်ဆင့်ကမ်းရင်း new blood တွေကို အ လုပ်အကိုင်အခွင့်အလမ်းပေးရင်း နဲ့ migrate ဆိုတဲ့ ထွက်သွားတဲ့လူတွေရဲ့နေရာမှာ အစား ထိုးဖို့  ကြိုးပမ်းဆောင်ရွက်သွားပါမယ်0 ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ပြောကြားသည်။

Most Read

Most Recent