၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကျော်သာ မြှုပ်နှံထားပြီး ယခင်နှစ်ထက် နည်းပါး

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကျော်သာ မြှုပ်နှံထားပြီး ယခင်နှစ်ထက် နည်းပါး
Published 6 February 2016
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကျော်သာ ဝင်ရောက်မြှုပ်နှံထားပြီး ယခင်နှစ်ကထက် နည်းပါးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ လေးဘီလျံရရှိရန် လျာထားခဲ့ရာ ဒေါ်လာရှစ်ဘီလျံကျော်အထိ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံအထိ ဝင်ရောက်လာရန် ရည်မှန်းထားကြောင်းနှင့် လက်ရှိတွင် ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ရရှိထားသဖြင့် ဘဏ္ဍာနှစ်၏ လျာထားချက်ကို ပြည့်မီရန် ဒေါ်လာတစ်ဘီလျံကျော်သာလိုကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံနီးပါးဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ယခင်နှစ်များက ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် တရုတ်နိုင်ငံမှာ ဒေါ်လာ ၆၇၀ ဒသမ ၁၁၈ ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ထို့ပြင် နယ်သာလန်နိုင်ငံမှ ဒေါ်လာ ၄၃၀ ဒသမ ၄၅၀ သန်းဖြင့် တတိယနေရာမှ ရပ်တည်နေကာ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၂၂၂ ဒသမ၂၂၃ ဖြင့် စတုတ္ထနေရာတွင် ရှိနေပြီး ဂျပန်နိုင်ငံမှာမူ ဒေါ်လာ ၁၉၇ ဒသမ ၁၂၈ ဖြင့် ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခြောက်ဘီလျံရရှိရန် လျာထားရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတို့မှ အဓိကဝင်ရောက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။“ဒီနှစ်က ခြောက်ဘီလျံရရှိဖို့ လျာထားပါတယ်။ အဓိက Promote လုပ်တာကတော့ Manufacturing ကဏ္ဍပါ။ ဒုတိယက Telecom ကဏ္ဍပါ။ တတိယကဏ္ဍကတော့ Hotel and Tourism ကဏ္ဍဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် လေးနှစ်တာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေများ ပြောင်းလဲလာကြောင်း၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ၁၉၈၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်အကြားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ရှိနေရာမှ ၂၀၁၁ ခုနှစ်လောက်ပိုင်းတွင် ခြောက်ရာခိုင်နှုန်း ဝင်ရောက်မှု လျော့ကျလာပြီး လက်ရှိ ၃၆ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

Most Read

Most Recent