သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ

သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ
Published 17 October 2015
လင်းလင်းခိုင်

မိုးဟေကို
မိုးဟေရဲ့ မိုးထုတ်လုပ်ရေးကနေ တတိယမြောက် ရုပ်ရှင်ဇတ်ကားကို ရိုက်ကူးနေပါတယ်။ ဒီထုတ်လုပ်ရေးကို လုပ်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်ကိုက မိုးချစ်တဲ့ ပရိတ်သတ်တွေအတွက် ဇတ်ကား ကောင်းလေးတွေကို ရိုက်ကူး ထုတ်လုပ်ချင်တာကြောင့်ပါ။ ကိုယ့်တိုက်က ထုတ်တဲ့ ဇတ်ကားတွေမှာ မပါဝင် ဖြစ်တာကတော့ ဇတ်လမ်းမှာ ပါဝင်တဲ့ ဇတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ သူတွေကိုပဲ အဓိကတော့ ပါဝင်စေချင်တယ်။ဒါကြောင့် မိုးနဲ့ လိုက်ဖက်တဲ့ ဇတ်ကောင်စရိုက်မျိုး မပါဝင်တာကြောင့် ဇတ်ကားတွေမှာ သရုပ်မဆောင် ဖြစ်တာပါ။ မိုးရဲ့ ကျွန်မချစ်သော ဓာတ်ပုံမှတ်တမ်း စာအုပ်လေးကိုလည်း ပရိတ်သတ်အတွက် မကြာခင် ထုတ်ေ၀ ဖြစ်မှာပါ။

ဒါရိုက်တာညိုမင်းလွင်
လတ်တလောတော့ မိုးရုပ်ရှင် ထုတ်လုပ်ရေးအတွက် ရုပ်ရှင်ကားကြီး ရိုက်ကူးနေပါတယ်။  ဒီဇာတ်ကားက သူငယ်ချင်း လေးယောက်ကြားထဲက ထင်မှတ်မထားတဲ့ အလောင်းအစား တစ်ခုကနေ ဖြစ်ပျက် သွားတဲ့ အကြောင်းအရာကို ရိုက်ကူးပုံဖော် နေတာပါ။ ကျွန်တော်တို့ အနုပညာ လောကထဲက သူငယ်ချင်းတွေ စုပေါင်းပြီး ပုံဖော်ခွင့်ရတဲ့ ဇာတ်ကားလေးဆိုတော့ အရမ်းပဲ စိတ်လှုပ်ရှား ပျော်ရွှင်စရာ ကောင်းပါတယ်။ Anada ရုပ်ရှင် ဇာတ်ကားအတွက်ကတော့ ပြင်ဆင်မှုတွေ ပြီးသွားပါပြီ။ စတင် အကောင်အထည် ဖော်ရမယ့်အချိန်ကို ရောက်လာပါပြီ။
 

မြင့်မြတ်
ကျွန်တော် အခုလတ်တလောတော့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ် နေပါတယ်။နယ်တွေမှာ ရိုက်တဲ့ ဇာတ်ကားတွေ များနေတော့ ပရိသတ်တွေ နည်းနည်း အဆက်ပြတ်သလို ဖြစ်နေတာပါ။ မခိုင်နှင်းေ၀ စီစဉ်တဲ့ ရေဘေးသင့် ဒေသတွေ ရန်ပုံငွေအတွက် ပြုလုပ်တဲ့ ပွဲမှာလည်း ကျွန်တော် တတ်နိုင်တဲ့ အနုပညာစွမ်းအားနဲ့ ပါဝင်သီဆို ဖြစ်ပါတယ်။ အရင်ပွဲတွေကတည်းက ပါဝင်ချင်ပေမယ့် နယ်ကို ရိုက်ကူးရေးအတွက် ရောက်နေတော့ မပါဝင် ဖြစ်တာပါ။ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးခွင့် ရတယ်။ ဇာတ်လမ်းတို့ ဇာတ်ကောင်စရိုက်တို့ အရလည်း ကျွန်တော့်အတွက် ကျေနပ်စရာပါပဲ။ အဲဒီဇာတ်ကားတွေမှာလည်း ကျွန်တော်နိုင်သလောက် အစွမ်းကုန် ကြိုးစား သရုပ်ဆောင် ထားပါတယ်။ အထူးသဖြင့်တော့ ပရိသတ်တွေကို ရသအစုံဖြစ်အောင် ကျွန်တော်မလုပ်ဖူးသေးတဲ့ ဇာတ်ကောင် စရိုက်မျိုးတွေမှာလည်း ပါဝင် ထားပါတယ်။
 

နန်းဆုဦး
နန်းဆုဦး လတ်တလော အနေနဲ့တော့ ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်။ ရုပ်ရှင်ကားကြီး ရိုက်ဖို့တွေလည်း ရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ မခိုင်နှင်းေ၀ စီစဉ်တဲ့ပွဲမှာ သီချင်းဆိုပြီး ဖျော်ဖြေရတယ်။ ရေဘေးသင့် ဒေသတွေအတွက် ရန်ပုံငွေပွဲ လုပ်တာဆိုတော့ ပျော်ပါတယ်။ နောက်ထပ် နယ်ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်သီဆိုဖို့ စီစဉ်ထားတာ ရှိပါတယ်။

မင်းမော်ကွန်း
ကျွန်တော် လောလောဆယ်တော့ “လူသားများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်”ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားမှာက သူငယ်ချင်း လေးယောက် အဆင်မပြေမှုတွေ ကြုံရာက အိမ်ကြီးတစ်အိမ်ထဲ ရောက်သွားတဲ့ ဇာတ်လမ်းမျိုးပါ။ အဓိကတော့ ဒါရိုက်တာဖြစ်တဲ့ ညိုကြီး(ညိုမင်းလွင်) ကိုယုံလို့ ဒီဇာတ်ကားကို လက်ခံဖြစ်တာပါ။ ကျွန်တော်က ကောင်မလေးနဲ့ အဆင်မပြေတဲ့ သူအနေနဲ့ ပါဝင် သရုပ်ဆောင်ရမှာပါ။ အခုနောက်ပိုင်းတော့ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက် ရိုက်ကူး ဖြစ်နေပါတယ်။ ရုပ်ရှင်လောကမှာကတော့ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပရိသတ်ကတော့ အနုပညာအင်အား ကောင်းမွန်တာကို အားပေးမှာပါပဲ။ ကျွန်တော်က တစ်သက်လုံးလည်း ဝါသနာပါတဲ့ အနုပညာအလုပ်ကိုပဲ လုပ်ကိုင်ခဲ့တာပါ။ ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေကိုပဲ ဆက်လက် လုပ်ကိုင် သွားဖြစ်မှာပါ။
 

ထွန်းထွန်း
လတ်တလောတော့ ဒါရိုက်တာ ကိုညိုမင်းလွင် ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင် သရုပ်ဆောင် နေပါတယ်။ ဒီနှစ်ဆန်းမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ။ အနုပညာလုပ်ငန်းတွေကို သေချာ အာရုံစိုက်ပါ့မယ်လို့ ပြောခဲ့တဲ့ အတိုင်းပါပဲ။ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူး နေပါတယ်။ ဒီကားပြီးရင်တော့ ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်ရပါမယ်။ ဂီတနဲ့ပတ်သက်လို့ကတော့ Examplez အဖွဲ့ရဲ့ ဖျော်ဖြေပွဲကလွဲရင် ကျန်တာတွေကိုတော့ ခဏနားထားမှာပါ။
 

စံရတီမိုးမြင့်
လတ်တလောက ဒါရိုက်တာ ကိုညိုမင်းလွင် ရိုက်ကူးတဲ့ ‘လူသားများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းက ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးတာ များလာသလို ဇာတ်လမ်း အမျိုးအစားကလည်း စုံလာတဲ့ အခါကျတော့ သဲသဲတို့ဘက်ကလည်း  ကိုယ်ပါဝင်ရတဲ့ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်အောင် အဝတ်အစား၊ မိတ်ကပ် အကုန်လုံးကို သေချာ ပြင်ဆင်ရပါတယ်။ ဒီဇာတ်ကားပြီးရင်တော့ ဇာတ်ကား ရိုက်တွေရှိမယ်။ ကြော်ငြာရိုက်ဖို့လက်ခံထားတာတွေလည်း ရှိပါမယ်။
 

ခင်ဝင့်ဝါ
ဝင့်ဝါ လတ်တလောတော့ ကိုအောင်ရဲလင်းနဲ့ ဇာတ်ကား တစ်ကား ရိုက်ကူး ထားပါတယ်။နောက်ထပ်လည်း ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖို့ လက်ခံထားတာ ရှိပါတယ်။ ရုပ်ရှင်ကားကြီးကတော့ ပြောထားတာတွေ ရှိတယ်။ ကြော်ငြာတွေလည်း ရိုက်ကူးဖို့ လက်ခံထားတာ ရှိပါမယ်။ ဇာတ်ကား ရွေးချယ်မှုကတော့ ဝင့်ဝါအနေနဲ့ ဇာတ်ကောင် စရိုက် စုံအောင် လုပ်ကြည့်ချင်ပါတယ်။ ဒါကြောင့်တစ်ကားနဲ့ တစ်ကား ပုံစံမတူတာလေးတွေ အဓိက လက်ခံ ဖြစ်တယ်။ ဝင့်ဝါလည်း လုပ်နိုင်မယ့် ဇာတ်ကောင် စရိုက်မျိုးလေးတွေကိုတော့ အဓိက ရွေးချယ် ဖြစ်နေပါတယ်။ ပရဟိတ အလုပ်တွေကတော့ ပုံမှန်လုပ်နေက ျအတိုင်းပဲ ကားရိုက်အားရင် အားသလို လုပ်ဖြစ်နေပါတယ်။

Most Read

Most Recent