လူမှုကွန်ရက်တွင် မြန်မာ ပရိသတ်နှင့် ရင်းနှီးထားသူ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ မြန်မာနိုင်ငံ၌ အနုပညာ လှုပ်ရှားမှုများ လာရောက် လုပ်ကိုင်မည်

လူမှုကွန်ရက်တွင် မြန်မာ ပရိသတ်နှင့် ရင်းနှီးထားသူ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ မြန်မာနိုင်ငံ၌ အနုပညာ လှုပ်ရှားမှုများ လာရောက် လုပ်ကိုင်မည်
Published 12 October 2015
စုမှူးနိုင်

လူမှုကွန်ရက်တွင် မြန်မာ ပရိသတ်နှင့် ရင်းနှီးပြီးဖြစ်သူ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေသည် Myanmar Media 7 နှင့် လက်တွဲကာ အနုပညာ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။“ကျွန်တော်တို့ Myanmar Media 7 အနေနဲ့ အနုပညာ တင်ဆက်မှုတွေအပြင် ပရဟိတ လုပ်ငန်းတွေကိုပါ လုပ်ဆောင်နေတာကို သိတဲ့အတွက် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေး အသင်းက မိတ်ဆက်ပေးတာပါ။ သူကိုယ်တိုင်ကလည်း အလှမယ်တစ်ဦး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ပရဟိတ လုပ်ငန်းတွေကို အတူလုပ်ဆောင်ကြမှာပါ။ Myanmar Media 7 နဲ့ အနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့လည်း သဘောတူညီချက် ရရှိခဲ့ပြီးပါပြီ။ အစ်ကိုတို့ Myanmar Media 7 က ၂၀၁၆ ခုနှစ်အတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ သူပါဝင် သရုပ်ဆောင်မှာပါ” ဟု Myanmar Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။ငုရင်ထရန်ဟုရန်မေသည် နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် TVC ကြော်ငြာ ရိုက်ကူးမှုကိုလည်း ပြုလုပ်သွားမည်ဟု သိရသည်။ ဗီယက်နမ် အလှမယ် ငုရင်ထရန် ဟုရန်မေသည် Facebook သုံးစွဲသူ မြန်မာပြည်သူများ အကြားတွင် ရေပန်းစား လူကြိုက်များခဲ့သည့် အလှမယ်တစ်ဦး ဖြစ်သည်။ Myanmar Media 7 သည်လည်း ထိုင်းနိုင်ငံမှ အနုပညာရှင်များနှင့် ချိတ်ဆက်ကာ အနုပညာ လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်လည်း ထိုင်းမင်းသမီး ကရဗီနှင့် သဘောတူစာချုပ် ချုပ်ဆိုကာ အနုပညာ လုပ်ငန်းများ လုပ်ကိုင်နေသည့် မီဒီယာတစ်ခု ဖြစ်သည်။ 

Most Read

Most Recent