ဆန်တင်ပို့မှု လိုင်စင်သစ်တွင် တစ်ကြိမ်လျှောက်ထားမှုအတွက် တန်ချိန် ၅၀၀ သာ ခွင့်ပြုသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားမှု၏ နှစ်ရာခိုင်နှုန်းကို အရန်ဆန်အဖြစ် သိုလှောင်ရုံတွင် ခြောက်လထားရှိရမည် စသည့် ကန့်သတ်ချက်များနှင့် ဆန်ပြန်လည်တင်ပို့ခွင့်ပြုမည်ဟု သိရ

ဆန်တင်ပို့မှု လိုင်စင်သစ်တွင် တစ်ကြိမ်လျှောက်ထားမှုအတွက် တန်ချိန် ၅၀၀ သာ ခွင့်ပြုသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားမှု၏ နှစ်ရာခိုင်နှုန်းကို အရန်ဆန်အဖြစ် သိုလှောင်ရုံတွင် ခြောက်လထားရှိရမည် စသည့် ကန့်သတ်ချက်များနှင့် ဆန်ပြန်လည်တင်ပို့ခွင့်ပြုမည်ဟု သိရ
Published 16 September 2015
ဖြိုးဝေ

ဆန်တင်ပို့မှု လိုင်စင်သစ်တွင် တစ်ကြိမ် လျှောက်ထားမှုအတွက် တန်ချိန် ၅၀၀ သာ ခွင့်ပြုသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားမှု၏ နှစ်ရာခိုင်နှုန်းကို အရန်ဆန်အဖြစ် သိုလှောင်ရုံတွင် ခြောက်လကြာ ထားရှိရမည် စသည့် ကန့်သတ်ချက်များနှင့် ဆန်ပြန်လည် တင်ပို့ခွင့်ပြုသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စက်တင်ဘာ ၁၆ ရက်တွင် သိရသည်။ဆန်ပို့ကုန်လိုင်စင် လျှောက်ထားခြင်းအား နေပြည်တော် စီးပွား/ကူးသန်း ဝန်ကြီးရုံးတွင် ဆောက်ရွက်ရမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့မည့် ပို့ကုန်လိုင်စင် လျှောက်ထားခြင်းအတွက် တစ်ကြိမ်လျှင် တန်ချိန် ၅၀၀ သာ အများဆုံး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ဆန်တင်ပို့ခွင့်လိုင်စင် ထပ်မံလျှောက်ထားပါက လက်ဝယ်ရှိ ပို့ကုန်လိုင်စင် ပမာဏသည် တင်ပို့ပြီးစီးသည့် ED (Export Declaration) အထောက်အထား ရရှိထားရန် လိုအပ်ပြီး လိုင်စင်လျှောက်ထားသော တန်ချိန်၏ နှစ်ရာခိုင်နှုန်းနှင့် ညီမျှသော ဆန်တန်ချိန်ကို အရန်ဆန်အဖြစ် မိမိသိုလှောင်ရုံတွင် ခြောက်လအထိ ထားရှိ သိုလှောင်ထားရန် လိုအပ်မည်ဖြစ်ကာ သိုလှောင်ထားသည့် အရန်ဆန်အား တစ်လလျှင် တစ်ကြိမ် လာရောက် စစ်ဆေးမည်ဖြစ်ပြီး လိုအပ်သည့် အချိန်တွင် အရန်ဆန်အား ထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးနှင့် ပုံမှန်ကုန်သွယ်ရေး နှစ်ခုစလုံးအတွက် ပို့ကုန်လိုင်စင်အား စိစစ်ခွင့် ပြုပေးသွားမည်ဖြစ်ပြီး လိုင်စင်သက်တမ်းအား တစ်လသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း စသည့် ဆန်တင်ပို့ခွင့် မူဝါဒများ ပြောင်းလဲလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ပုံမှန်ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အရန်ဆန် ထားရှိမှုအတွက် ဆောင်ရွက်သွားမည့် ဆန်တင်ပို့မှုလိုင်စင် အစီအစဉ်သစ်ဖြင့် ဆန်ပြန်လည်တင်ပို့ခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆွေးနွေးနေဆဲသာဖြစ်ပြီး ဆန်ပြန်လည်တင်ပို့ခွင့်အတွက် တရားဝင် အကြောင်းကြားမှု မရှိသေးသော်လည်း အောက်တိုဘာလအတွင်း ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။“သင်္ဘောတစ်စင်းကို ဆန်တန်ချိန် သောင်းနဲ့ချီပြီး တင်ရပါတယ်။ တန်ချိန် ၅၀၀ ပဲ တင်ခွင့်ပြုမယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ သင်္ဘောတင်တဲ့ အချိန်မှာ အခက်အခဲ ဖြစ်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။ပြည်တွင်းစားသုံးရန် ဆန်/စပါးလက် ကျန် နိုဝင်ဘာလကုန်အထိ လုံလောက်သော ပမာဏဖြစ်သည့် ဆန်တန်ချိန် ၃၄ ဒသမ ၈၁၇ သန်းရှိနေပြီး ယခုလမှ နိုဝင်ဘာလကုန်အထိ ထွက်ရှိလာမည့် စပါးများမှာ ပိုလျှံလာမည့် အရေအတွက် ဖြစ်သည့်အတွက် စက်တင်ဘာလလယ်ခန့်မှ စတင်ကာ ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။             

Most Read

Most Recent