ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်မလာရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်မလာနိုင်ဘူး

ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်မလာရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်မလာနိုင်ဘူး
Published 6 July 2015
ကျော်ဇောလင်း

ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ပြည်သူများ လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေတွေဟာ တစ်ခန်းရပ်၊ အလုံပိတ် အနေအထားမျိုး ဖြစ်သွားရပါတယ်။အဲဒီမှာပဲ တကယ်လို့သာ ပြည်သူလိုလားနေတဲ့ ပြင်သင့်ပြင်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို လွှတ်တော်တွင်းမှာ မလုပ်နိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲ၊ မဖြစ်မနေ ပြင်သင့်တာတွေကို လွှတ်တော်ပြင်ပကနေ ပြင်ဖို့ ကြိုးစားလာကြမယ် ဆိုရင် ဘာတွေ ဖြစ်လာတော့မလဲ စတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ဇွန် ၃၀ ရက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တကသ ကျောင်းသားတွေနဲ့ ပြည်သူအချို့ မြို့တော်ခန်းမရှေ့ ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်ပြင်ပ တောင်းဆိုလာမှုတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ စိုးရိမ်စရာတွေအပေါ် ပြန်လည်သုံးသပ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ဒါ့ပြင် ကချင်၊ ရှမ်း စတဲ့ ဒေသတွေမှာ ဒီတစ်ပတ်အတွင်း တပ်မတော်နဲ့ လက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားမှု သတင်းတွေကို ပြန်လည်သုံးသပ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။■ ဖွဲ့စည်းပုံကို လွှတ်တော်မှာ ပြင်မရခဲ့ရင်နာဂစ်အခြေခံဥပဒေလို့ ခေါ်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ စနစ်တကျ မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ဘူးဆိုရင် ရှေ့လျှောက်ဘာတွေ ဖြစ်လာမလဲ။ဒီမေးခွန်းကို မဖြေခင် ပြည်သူတွေဟာ ဘာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာလဲဆိုတဲ့ အချက်ကို လက်ရှိ ဖွဲ့စည်းပုံ တည်မြဲရေး၊ ပြင်သင့်တာတွေကို မပြင်ဘူးဆိုပြီး ဘူးတစ်လုံး ဆောင်နေတဲ့လူတွေ သေချာသိဖို့ လိုပါတယ်။ပြဋ္ဌာန်းထားတဲ့ ဥပဒေ အသေးစိပ်၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏ လက်ရှိ အခြေအနေကို ထင်ဟပ်၏ မထင်ဟပ်၏ ဘေးချိတ်ထားပြီး အရေးကြီးဆုံး သိထားရမှာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ အချက်တွေဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေတယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ မကိုက်ညီဘူး ဆိုတာကို သတိပြု နားလည်ဖို့တော့ လိုပါတယ်။နောက်တစ်ချက် အနေနဲ့ ပြင်သင့်ပြင်ထိုက်တာတွေကို မပြင်ဖို့ ကန့်ကွက်နေတဲ့ ကိုယ်စားလှယ်တွေ စဉ်းစားရမှာက ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ အကြောင်းအရာတစ်ခု၊ မဖြစ်မနေ လုပ်ရမယ့် အရာတစ်ခု ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒီတော့ ဒီ ၂၅ ရာခိုင်နှုန်းနဲ့ လူထု ထိပ်တိုက်တွေ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်ခွင့်မရလို့ လွှတ်တော်ပြင်ပမှာ ပြင်ဖို့ တောင်းဆိုလာကြတော့မယ်။ ရသလို လုပ်ရတော့မယ်။ ဒီအတွက် မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် ဘယ်သူတွေဟာ သမိုင်းတရားခံ ဖြစ်မလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ တာဝန်ယူမလဲ။ မေးဖို့ လိုလာပါလိမ့်မယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ သူချုပ်ကိုင်လာခဲ့တဲ့ အာဏာအရပ်ရပ်ကို ၂၀၁၀ နောက်ပိုင်းကတည်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်တပ်ပြီး လွှဲပြောင်းလိုက်ပါတယ်။ ၂၀၁၁ ကစပြီး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး National Reconciliation အတွက် ခြေလှမ်းသစ်တွေ ပေါ်လာတယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတယ်။ ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်နိုင်ငံရေးထဲ ရောက်လာခဲ့တယ်။ ဒီလို အမျိုးသား ပြန်လည်သင့်မြတ်ရေး ခြေလှမ်းတွေကြောင့် မြန်မာကို ကမ္ဘာက တံခါးဖွင့်ပေးခဲ့တယ်။ စီးပွားရေး ပွင့်လင်းလာတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။ဒါပေမဲ့ နောက်ပိုင်းကာလတွေမှာတော့ ပြည်သူတွေရဲ့ လိုလားချက်တွေ ဆန္ဒတွေကို မျက်ကွယ်ပြုလာတယ်။ အစိုးရနဲ့ ပြည်သူကြား ပွတ်တိုက်မှုတွေ ဖြစ်လာတယ်။ နောက်တော့ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူ့အရေး ဆောင်ရွက်သူတွေ၊ လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုကြတဲ့ တောင်သူတွေ ထောင်ထဲ အသွင်းခံရတယ်။ဒီမိုကရေစီပညာရေး ကျောင်းသားလှုပ်ရှားမှု အကြမ်းဖက် ဖြိုခွင်းခံလိုက်ရတယ်။ ဗကသ ကျောင်းသားခေါင်းဆောင်တွေနဲ့ ဝန်းရံပြည်သူတွေကို အဓမ္မဖမ်းဆီး ရုံးတင်ခဲ့တယ်။အစိုးရသစ် လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် Freedom of Press လို့ အော်နေပေမဲ့ ဂျာနယ်လစ်တွေ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံရတယ်။ မီဒီယာတွေကို ခြိမ်းခြောက် အကျပ်ကိုင်သလို ဖြစ်စေတဲ့ အစုလိုက် အပြုံလိုက် (သံတော်ဆင့်ကို ၁၁ ဦး၊ The Daily Eleven သတင်းစာကို ၁၇ ဦး) တရားစွဲမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြလို့ ဖမ်းဆီးထားတဲ့ တကသ ကျောင်းသား ကိုပိုင်ရဲသူကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး အခြား တကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲပြီး ဖမ်းဝရမ်း ထုတ်ထားခဲ့ပါတယ်။ဒီလို အခြေအနေမျိုးတွေကြောင့် လက်ရှိအချိန်မှာ ပြည်သူတွေဟာ အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်မှု နည်းသွားခဲ့ပါတယ်။ နိုင်ငံတကာက စောင့်ကြည့်နေပြီး ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်လှည့်သွားပြီဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၂၀၁၀ မတိုင်မီကလို ပြန်ဖြစ်သွားမယ်။ စီးပွားရေးတွေ၊ နိုင်ငံတကာ ရင်နှီးမြှုပ်နံှမှုတွေ ပြန်ဆုတ်ခွာသွားကြလိမ့်မယ်။ ဒါဆိုရင် အရင်ထက် ဆိုးနိုင်တဲ့ အခြေအနေတွေကို ပြန်ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးနေကြပါပြီ။အစိုးရအနေနဲ့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် သံသယတွေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်ခံနေရတဲ့ အခြေအနေမျိုးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရွေးကောက်မခံရတဲ့ စစ်တပ်ကိုယ်စားလှယ်များရဲ့ ကန့်ကွက်ပိတ်ပင် တားဆီးမှုတွေဟာ စိတ်ပျက်စရာ ဖြစ်လာစေပါတယ်။ဇွန် ၃၀ ရက်မှာတော့ တကသ ကျောင်းသားတွေနဲ့ ပြည်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးဖို့ ရန်ကုန်မြို့လယ်ကောင်မှာ ဆန္ဒပြခဲ့ကြပါတယ်။ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူငါးသန်းကျော်က လက်မှတ်ထိုး ဆန္ဒပြုခဲ့ကြတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် လူထုက ဖွဲ့စည်းပုံပြင်ဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ လွှတ်တော်မှာ သူတို့က အေးအေးဆေးဆေးပဲ ထိုင်ပြီး ကန့်ကွက် ပိတ်ပင်နေကြပါတယ်။ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ မျှော်လင့်ချက် နည်းသွားပြီဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့လည်း အာမခံချက် မရှိတော့ဘူး။ တိုင်းရင်းသားတွေကလည်း ဖွဲ့စည်းပုံပြင်ခွင့် မရလို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပျက်ပြားသွားမှာကို စိုးရိမ်နေကြပြီ။ပုဒ်မ ၄၃၆ (က)နဲ့ ပုဒ်မ ၄၃၆ (ခ) အရ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု မရရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦးက ၂၅ ရာခိုင်နှုန်း ရှိနေတယ်။ အဲဒီတော့ ဒီ ၂၅ ရာခိုင်နှုန်းနဲ့ လူထု ထိပ်တိုက်တွေ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်ခွင့်မရလို့ လွှတ်တော်ပြင်ပမှာ ပြင်ဖို့ တောင်းဆိုလာကြတော့မယ်။ ရသလို လုပ်ရတော့မယ်။ ဒီအတွက် မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် ဘယ်သူတွေဟာ သမိုင်းတရားခံ ဖြစ်မလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ တာဝန်ယူမလဲ။ မေးဖို့ လိုလာပါလိမ့်မယ်။သေချာတာကတော့ ဖွဲ့စည်းပုံရဲ့ ဂယက်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဓိက သက်ရောက်စေပါလိမ့်မယ်။ အခုတစ်ပတ် အတွင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ တင်းမာမှုတွေ ရှိလာနေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လောက်အထိ ဆက်စပ်သက်ရောက်မှု ရှိနိုင်မလဲဆိုတာ သတိချပ်ဖို့ လိုပါတယ်။  

Most Read

Most Recent