Exclusive Interview ( ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်)

Exclusive Interview ( ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်)
Published 21 June 2015

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုနှုန်းကျဆင်းလာပေမယ့် ရောဂါဖြစ်ပွားနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ လူဦးရေ ၂၂၃၉၈ ဦးအထိ ကူးစက်ခံခဲ့ရကာ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၃ ခုနှစ်များတွင်လည်း ရောဂါဖြစ်ပွားသူဦးရေ မြင့်တက်ခဲ့ပြီး ယခုနှစ်မှာ ရောဂါဖြစ်ပွားမှုများပြားနေတာကြောင့် သွေးလွန်တုပ်ကွေးရောဂါဟာ ကပ်ရောဂါအသွင်ဖြစ်လာနိုင်သလား။ တစ်နိုင်ငံလုံးကူးစက်ပျံ့နှံ့မှုနှုန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 
" ပထမအဆင့် သွေးလွန်တုပ်ကွေး လက္ခဏာတွေက ရိုးရိုးတုပ်ကွေးဖြစ်တာနဲ့ဆင်တူတဲ့အတွက် တချို့ကရိုးရိုးဖျားတယ်ပဲထင်ပြီး သေချာဂရုမစိုက်မိတတ်ကြဘူး ''
 
" ရောဂါဖြစ်တဲ့အသက်အရွယ်တွေကိုကြည့်ရင်လည်း အရင်အသက် (၁၅)နှစ်အောက် ကလေးတွေမှာပဲအများဆုံးဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ လူငယ်လူကြီးတွေမှာလည်း ဖြစ်ပွားမှုရှိလာပြီး အသက်အရွယ်မရွေးဖြစ်ပွားလာတာကိုတွေ့နေရပါတယ် "
 
" ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေသာ စနစ်တကျလုပ်မယ်ဆိုရင်တော့ ကပ်ရောဂါအသွင်ဖြစ်လာနိုင်ခြေနည်းပါတယ် "