ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတ အတည်ပြု လက်မှတ်ထိုး

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတ အတည်ပြု လက်မှတ်ထိုး
Published 11 February 2015
ကြည်နိုင်

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတက အတည်ပြုလက်မှတ် ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းကြေညာချက်အရ သိရသည်။သမ္မတက အတည်ပြုလက်မှတ် ရေးထိုးပြီးဖြစ်သော အဆိုပါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၂)အဖြစ် ထုတ်ပြန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသား) ဝှိုက်ကတ် ကိုင်ဆောင်ထားသူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် မူလက ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများအား မဲပေးခွင့် မပြုရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များ၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ . . . . .

ထို့နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့် ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့် ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များ၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးအင်ဖုန်ဆန်းတို့က မဲပေးခွင့်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။အလားတူပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ခွင့်ပြုသင့်ကြောင်း သဘောထားတင်ပြခဲ့ပြီး အစိုးရအဖွဲ့ကိုယ်စား လာရောက်ဖြေကြားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခြင်းသည် ဥပဒေနှင့် ညီကြောင်း သဘောထား တင်ပြခဲ့သည်။ယင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဝှိုက်ကတ်သမားများ မဲပေးခွင့်ပြုရန် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ဦး ရှိသဖြင့် ဝှိုက်ကတ်သမားများအား မဲပေးခွင့်ပြုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်နှင့် ပေးပို့လာသော အဆိုပါ ဥပဒေကြမ်းတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည်ဟု ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်နိုင်ရန် ပေးပို့ခဲ့သည်။သို့သော် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း မပြုဘဲ ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် အပါအဝင် အခြားသဘောထား မှတ်ချက်များနှင့် အတူ လွှတ်တော်သို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်ပေးပို့ခဲ့သည်။ယင်းနောက် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များအား ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဝှိုက်ကတ်များ မဲပေးခွင့်ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။   

Most Read

Most Recent