NLD ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ် ၂၇ ဦး၏ လက်မှတ်ရရှိပြီးဖြစ်၍ ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ခုံရုံးက ဆုံးဖြတ်ရန် ယနေ့ တင်မည်

NLD ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ် ၂၇ ဦး၏ လက်မှတ်ရရှိပြီးဖြစ်၍ ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ခုံရုံးက ဆုံးဖြတ်ရန် ယနေ့ တင်မည်
Published 6 February 2015
စိုးမင်းထိုက်

NLD လွှတ်တော်ကိုယ်စားလှယ်လေး ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး၏ သဘောတူကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ ဝှိုက်ကတ်ဖြင့် မဲပေးခွင့်ပြု ခြင်းသည် အခြေခံဥပဒေနှင့်ညီမညီဆုံးဖြတ် ပေးဖို့ ခုံရုံးသို့တင်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အခု ၂၇ ယောက်ရဲ့ သဘောတူကြောင်း လက်မှတ်ရပြီ။ မနက်ဖြန်မှာ ဥက္ကဋ္ဌကြီးဆီကို တင်ပြမယ်။ ပြီးရင် ရှေ့နေနဲ့ တိုင်ပင်မယ်။ လက်မှတ်ရေးထိုး ရာမှာတော့ ရခိုင်အမျိုးသားပါတီ၊ အင်န်ဒီ အက်ဖ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ချင်းတိုင်းရင်းသားကိုယ်စားလှယ်၊ ဦးဖုန်းမြင့်အောင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ဖလုံစဝေါ်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ရေးထိုး ထားပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ “အရေးကြီးဆုံးကတော့ ခုံရုံးပဲ။ ခုံရုံးရဲ့ဆုံးဖြတ်ချက်က သမာသမတ် ကျဖို့လိုတယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ လိုတယ်။ ခုံရုံးကို ဖွဲ့ထားရာမှာ သမ္မတ ရွေးချယ်ထားတဲ့သူသုံးဦးရှိတယ်။ လွှတ်တော်က ရွေးချယ်ထားတာ ခြောက်ဦးရှိတယ်။ ခုံရုံးဆိုတာက ဖြောင့်မတ်နေဖို့လိုတယ်။ ဖွဲ့စည်းပုံကို ဘာသာပြန်ရာမှာ လွှတ်တော်ကိုယ် စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ ပြန်တာ နဲ့ ခုံရုံးက ဘာသာပြန်တာ မကိုက်ရင်တော့ မတတ်နိုင်ဘူး။ ခုံရုံးဘက်က တိကျဖို့လိုတယ်။ ဘက်လိုက်မှု ကင်းဖို့လိုတယ်။ ပြည်သူတွေကလည်း ဒါနဲ့ပတ်သက်ပြီး အခုလ ၈ ရက် နေ့မှာ ကြေးသွန်းဘုရားကြီးကနေ စပြီး တောင်းဆိုမယ်လို့ သိရတယ်။ လူထုကလည်း ခုံရုံးမဏ္ဍိုင်မတ်ဖို့ တောင်းဆိုပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။
“ခုံရုံးဆိုတာ ဖွဲ့စည်းပုံကြောင့် ပေါ်လာတာ။ ဖွဲ့စည်းပုံကြီးကိုလည်း နဝတ၊ နယ က ကအတည်ပြုခဲ့တာ။ ဖွဲ့စည်းပုံကြီး အ တည်မပြုခင်တုန်းက သူတို့ရေးဆွဲခဲ့တဲ့ ဥပ ဒေ။ အဲဒီဥပဒေတွေဟာ ဒီဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မတစ်ခုချင်းနဲ့ ထပ်တူကျခြင်းမရှိဘဲ ဆန့် ကျင်နေလို့ရှိရင် တည်ဆဲဥပဒေတစ်ရပ်ရပ်ဟာ ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက် ခြင်း ဖြည့်စွက်ခြင်းမပြုလုပ်မီ ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ကွဲလွဲနေရင် ဆန့်ကျင်နေလို့ရှိ ရင် ပျက်ပြယ်တယ်။ အဲဒီတော့ ကျွန်တော် တို့ပြောတာမမှားနိုင်ဘူး။ ဒီပုဒ်မတွေကို ဘယ်သူပဲဘာသာပြန်ပြန်ကွဲလွဲလို့ မရဘူး” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ဝှိုက်ကတ်များအား ဆန္ဒမဲပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပြုခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်းကော်မတီကလည်း ဖေဖော်ဝါရီ ၂ ရက်က အဆုံးအဖြတ်ခံယူရာတွင် သမ္မတ၏ မှတ်ချက်အတိုင်းဖြစ်သင့်ကြောင်း အကြံပြုခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ရာတွင်လည်း ထောက်ခံသူများသည့်အတွက် သမ္မတ၏မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။ 
 

Most Read

Most Recent