ဂါဇာကို ကျူးကျော်လျှင် အစ္စရေးအတွက် နောက်ဆုံးရလဒ်က မည်သို့ဖြစ်နိုင်သနည်း

ဂါဇာကို ကျူးကျော်လျှင် အစ္စရေးအတွက် နောက်ဆုံးရလဒ်က မည်သို့ဖြစ်နိုင်သနည်း
Photo : AFP
Photo : AFP
Published 20 October 2023
ဖြိုးဟိန်းကျော်

အစ္စရေးသည် ဂါဇာဒေသကို မရပ်မနား အပြင်းအထန် တိုက်ခိုက်ကာ ဟားမာ့စ်တို့ကို အမြစ်ဖြတ်ရှင်းလင်းမည်ဟု အခိုင်အမာ ပြောဆိုထားသော်လည်း စစ်မြေပြင်တွင် ၎င်းတို့အောင်ပွဲခံနိုင်ခဲ့လျှင်ပင် အကြီးအကျယ် ပျက်စီးနေသည့် ဂါဇာဒေသကို မည်သို့မည်ပုံ စီမံအုပ်ချုပ်မည်ဆိုခြင်းအတွက် တိကျသေချာသော အစီအစဉ် မရှိပေ။

"Operation Swords of Iron" ဟု အမည်ဝှက်ပေးထားသည့် အစ္စရေး၏ စစ်ဆင်ရေးသည် ယခင်က ဂါဇာဒေသတွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများနှင့် လုံးဝမတူလောက်အောင် ပြင်းထန်လိမ့်မည် ဖြစ်သည်။

အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်းကို ဟားမာ့စ်တို့က စီးနင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားအများစု အပါအဝင် လူ ၁,၄၀၀ ခန့် သေဆုံးပြီးနောက် အစ္စရေးသည် စံချိန်တင်အဖြစ် အရန်တပ်ဖွဲ့ဝင် ၃၆၀,၀၀၀ ကို ဆင့်ခေါ်ခဲ့ပြီး ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သည်။

အစ္စရေး၏ လတ်တလော မဟာဗျူဟာသည် ကြီးမားသော အရပ်သားထိခိုက်သေ ဆုံးမှုများရှိနေသည့်တိုင် ဂါဇာရှိ အခြေခံ အဆောက်အအုံများကို ဖျက်ဆီးပြီး ဂါဇာဒေသခံများ အီဂျစ်နယ်စပ်သို့ ရောက်ရှိသွားအောင် တွန်းအားပေးကာ စစ်ဆင်ရေးလုပ်ဆောင်ရန် ဟားမာ့စ်အဖွဲ့ တည်ဆောက်ထားသည့် မြေအောက်ဥမင် ဝင်္ကပါကို ဖောက်ခွဲ ဖျက်ဆီးကာ ၎င်းအဖွဲ့ကို ချေမှုန်းရန်ဖြစ်သည်။

သို့သော် စစ်ပွဲအလွန် အနာဂတ် ကာလသည် မည်သို့ဖြစ်နိုင်သည်ကို ရှင်းရှင်း လင်းလင်း မသိနိုင်ဟု အစ္စရေးတာဝန်ရှိသူ များက ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့က ဂါဇာဒေသအတွက် စစ်ပွဲ အလွန်ကာလ အစီအမံများကို အဓိကအာရုံ စိုက်ရန် လိုအပ်သည်ဟု အလေးအနက် ပြောကြားခဲ့သည်။

အစ္စရေးသည် လူဦးရေ ၂ ဒသမ ၃ သန်းနေထိုင်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဟားမာ့စ်တို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည့် ဂါဇာဒေသ၏ အနာဂတ်အတွက် ခိုင်မာပီပြင်သော စီမံချက်များ ချမှတ်ထားခြင်းမရှိသည့်အပေါ် အာရပ်နိုင်ငံ များ၏ တာဝန်ရှိသူများကလည်း စိုးရိမ်လျက် ရှိသည်။

အစ္စရေးက ဂါဇာဒေသကို ကျူးကျော် ခြင်း မရှိသေးသော်လည်း အစ္စရေး၏ လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၃,၅၀၀ သေဆုံးခဲ့ပြီး သုံးပုံ တစ်ပုံခန့်မှာ ကလေးငယ်များဖြစ်သည်ဟု ဂါဇာအာဏာပိုင်များက ဆိုသည်။ ယင်းသည် အစ္စရေးနှင့် ဟားမာ့စ်တို့အကြားယခင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် သေဆုံးခဲ့ သူဦးရေထက် ပိုမိုများပြားနေသည်။

ဟားမာ့စ်တို့ကို ထိုက်သင့်သည့် ဒဏ် ခတ်မှုများလုပ်ဆောင်ရန် လိုအပ်သော် လည်း နယူးယောက်တွင် ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် အမေရိကန်သည် အမှားကျူးလွန်မိခဲ့ သည်ဟု အောက်တိုဘာ ၁၈ ရက်က အစ္စရေးသို့ သွားရောက်စဉ်အတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုခဲ့ သည်။

ပါလက်စတိုင်းပြည်သူ အများစုသည် ဟားမာ့စ်များမဟုတ်သကဲ့သို့ ဟားမာ့စ် အုပ်စုသည် ပါလက်စတိုင်း ပြည်သူများကို ကိုယ် စားမပြုကြောင်းလည်း ဘိုင်ဒင်က ပြောကြား ခဲ့သည်။

မြေအောက်ဥမင်မြို့

အစ္စရေးနိုင်ငံ၏ ၇၅ နှစ်ကြာ သမိုင်း တစ်လျှောက်တွင် စစ်သွေးကြွများ၏ လက်ချက်ဖြင့် လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့သည့် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် ဒဏ်ခတ်သည့်အနေဖြင့် ဟားမာ့စ်တို့ကို သုတ်သင်ရှင်းလင်းမည်ဟု ဝန်ကြီးချုပ်နေ တန်ယာဟု အပါအဝင် အစ္စရေးတာဝန်ရှိသူ များက ပြောကြားထားသည်။

ဟားမာ့စ်တို့၏ လက်နက်ကိုင်တပ်ဖြစ် သည့် အက်ဇီဒင်း အယ်-ကက်ဆမ် တပ်ဖွဲ့ သည် အစ္စရေး၏ ကျူးကျော်မှုကို ခုခံရန် စစ်စည်းရုံးထားပြီး အစ္စရေးတပ်များကို အလစ်အငိုက်တိုက်ခိုက်ရန် တင့်ဖျက်မိုင်း များ၊ ထောင်ချောက်မိုင်းများ ဆင်ထားသည် ဟု စစ်ရေးကျွမ်းကျင်သူနှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

အစ္စရေး၏ လာမည့်ထိုးစစ်သည် ဟား မာ့စ်တို့ကို အမြစ်ဖြတ်ချေမှုန်းရန်မဟုတ်ဘဲ ၎င်းတို့၏စစ်ရေးစွမ်းရည် လျော့ကျသွားစေ ရန် ရည်ရွယ်သည့် ယခင်ဂါဇာစစ်ဆင်ရေး များထက် များစွာပိုမိုကျယ်ပြန့်လိမ့်မည်ဖြစ် သည်။

အစ္စရေးသည် ၂၀၀၈-၂၀၀၉ ၊ ၂၀၁၂ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဟားမာ့စ်တို့နှင့် စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းစစ်ပွဲများအနက် စစ်ပွဲနှစ်ကြိမ်တွင် မြေပြင်ကျူးကျော်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ခဲ့ သော်လည်း အစ္စရေးခေါင်းဆောင်များသည် ယခုကဲ့သို့ ဟားမာ့စ်တို့ကို အပြီးတိုင် ရှင်း လင်းမည်ဟု ကြွေးကြော်ခဲ့ခြင်းမရှိပေ။ ပြီး ခဲ့သည့် စစ်ပွဲသုံးကြိမ်အတွင်း ပါလက်စတိုင်း ၄,၀၀၀ နီးပါးနှင့် အစ္စရေး ၁၀၀ နီးပါးသေဆုံးခဲ့သည်။

သို့သော် အစ္စရေးအနေဖြင့် ဟားမာ့စ် တို့ကို အလုံးစုံချေမှုန်းနိုင်မည်လော ဆိုသည် နှင့်ပတ်သက်၍ အမေရိကန်က အကောင်း မြင်မှု နည်းပါးနေပြီး အမေရိကန်အစိုးရ တာ ဝန်ရှိသူများကလည်း အစ္စရေးသည် ဂါဇာ ပိုင်နက်ကို ဆက်လက်ထိန်းချုပ်ထားရန် သို့မဟုတ် ပြန်လည်သိမ်းယူရန် ဖြစ်နိုင်ခြေ နည်းသည်ဟု အမေရိကန် သတင်းရင်းမြစ် က ဆိုသည်။

အစ္စရေးအတွက် ပိုမိုဖြစ်နိုင်ခြေရှိသည့် အစီအစဉ်မှာ ဟားမာ့စ်တိုက်ခိုက်ရေးသမား များကို တတ်နိုင်သမျှ ဖမ်းဆီးသုတ်သင်ရန်၊ ဥမင်လိုဏ်ခေါင်းများနှင့် ဒုံးကျည်စက်ရုံများ ကို ဖောက်ခွဲဖျက်ဆီးရန်နှင့် အစ္စရေးဘက် တွင် ထိခိုက်သေဆုံးသူ မြင့်တက်လာလျှင် စစ်ပွဲတွင်အနိုင်ရကြောင်း ကြေညာပြီး ပြန် လည်ထွက်ခွာရန် ဖြစ်သည်ဟု ၎င်းက ပြော ကြားသည်။

စစ်ပွဲအပေါ်စိုးရိမ်မှုများ

လက်ဘနွန်၏ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ၎င်းကိုကျောထောက်နောက်ခံပေးထား သည့် အီရန်တို့သည် ဟားမာ့စ်တို့ဘက်မှ အကူအညီပေးသည့်အနေဖြင့် စစ်မျက်နှာ အသစ်များ ဖွင့်လာနိုင်သည့်အတွက် စစ်ပွဲ သည် ဂါဇာနယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့လာ မည်ကို ဒေသတွင်း၌ စိုးရိမ်မှုများ တိုးလာခဲ့ သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီယာအက်ဘ်ဒိုလာဟီယန်ကလည်း အစ္စရေးက ဂါဇာကို ကျူးကျော်မည်ဆိုလျှင် အစ္စရေးကို လက်ဦးမှုယူ တိုက်ခိုက်ဖွယ်ရှိ သည်ဟု သတိပေးထားသည်။ အမေရိကန် က အစ္စရေးကို ဖျောင်းဖျနိုင်ခြင်းမရှိလျှင် အီရန်က ဘေးမှရပ်ကြည့်နေမည် မဟုတ်ဟု လည်း ၎င်းင်းက သတိပေးထားသည်။

အာရပ်ခေါင်းဆောင်များက ဟားမာ့စ် တို့က အစ္စရေးအား တိုက်ခိုက်ခဲ့ခြင်းကို ရှုတ် ချသော်လည်း အစ္စရေးက သာမန်ပါလက် စတိုင်း ပြည်သူများကိုပါ ရောနှောဒဏ်ခတ် နေခြင်းကို ဆန့်ကျင်သည်ဟု အရှေ့အလယ် ပိုင်းဒေသသို့ လာရောက်ခဲ့သည့် အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို ပြောကြားခဲ့သည်။ ထို့အတွက်ကြောင့် ဒေသ တွင်း၌ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည် ကိုလည်း ၎င်းင်းတို့က စိုးရိမ်လျက်ရှိသည်။

အမေရိကန်သည် မြေထဲပင်လယ် အရှေ့ပိုင်းသို့ လေယာဉ်တင်သင်္ဘော ဦး ဆောင်သည့် တိုက်ခိုက်ရေး စစ်ရေယာဉ်စုကို စေလွှတ်ထားပြီး ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေး၏ မြောက်ပိုင်းနယ်စပ်မှတစ်ဆင့် စစ်ပွဲ၌ ပါဝင်တိုက်ခိုက်လာမည်ကို အမေ ရိကန်က စိုးရိမ်နေသည်။ သို့သော် အမေရိ ကန်စစ်တပ်က အဟန့်အတား အနေအထား မှ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်လာမည့် အရိပ် အယောင်များ မတွေ့ရှိရသေးပေ။

အမေရိကန်သည် ၂၀၀၇ ခုနှစ်တွင် ဟားမာ့စ်တို့ထံ ဂါဇာဒေသကို လက်လွှတ်ခဲ့ရ သည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ကို အားသစ်ပြန်လောင်းရန် အဆိုပြုသွား မည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ သို့ရာတွင် ဟားမာ့စ်တို့ကို ဂါဇာဒေသမှ တိုက်ထုတ်ပြီးလျှင် ပါလက်စ တိုင်း အာဏာပိုင်အဖွဲ့ သို့မဟုတ် အခြားအာ ဏာပိုင်အဖွဲ့အစည်း တစ်ရပ်က ၎င်းဒေသ ကို အုပ်ချုပ်နိုင်ပါမည်လော ဆိုသည်ကို ကြီးကြီးမားမား သံသယရှိနေသည်။

ထိုစဉ်အတောအတွင်း ဂါဇာဒေသ၌ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ပါလက်စတိုင်း အရပ်သားများ ထွက်ခွာနိုင် သည့် လမ်းကြောင်းများ ဖန်တီးရေးအတွက် တောင်းဆိုမှုများအပေါ် အိမ်နီးချင်း အာရပ် နိုင်ငံများက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ သည်။

အစ္စရေး၏ ကျူးကျော်မှုကြောင့် ၁၉၄၈ ခုနှစ် အစ္စရေးလွတ်လပ်ရေးစစ်ပွဲနှင့် ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲကဲ့သို့ အစု လိုက်အပြုံလိုက် အပြီးတိုင်နေရပ်စွန့်ခွာမှု များ ထပ်မံပေါ်ပေါက်လာမည်ကို ၎င်းင်းတို့က စိုးရိမ်နေခြင်းဖြစ်သည်။ ထိုစဉ်က မလွှဲ မရှောင်သာ ထွက်ပြေးတိမ်းရှောင်နေရသည့် သန်းနှင့်ချီသော ပါလက်စတိုင်း ပြည်သူများ သည် ၎င်းတို့ကို လက်ခံထားသည့် နိုင်ငံများ တွင် ဒုက္ခသည်အဖြစ် သောင်တင်နေဆဲ ဖြစ်သည်။

၁၉၆၇ ခုနှစ်စစ်ပွဲတွင် အစ္စရေးက တိုက်ခိုက်သိမ်းယူခဲ့သည့် အရှေ့ဂျေရုဆ လင်နှင့် သိမ်းပိုက်ခံဒေသတစ်လွှား အစ္စရေး ၏ အခြေချအိမ်ရာ တိုးချဲ့ခြင်းသည် အစ္စရေး နှင့် ပါလက်စတိုင်းအကြား ဖြစ်ပွားနေသော ပဋိပက္ခ၏ ဗဟိုချက်ဖြစ်သည်။ နေတန်ယာ ဟုက ၎င်းသည် ဘာသာရေးနှင့် လက်ယာအ စွန်းရောက် အယူဝါဒကို လက်ခံယုံကြည် ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီး ဂျူးများအခြေချနေထိုင်နိုင်မည့် မြေနေရာ များကို ထပ်မံသိမ်းယူမည်ဟု ကတိပေးခဲ့ သည်။                            

Ref: Reuters

 

Most Read

Most Recent