မြန်မာ-အီဂျစ် နှစ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ တိုးမြှင့်အကောင်အထည်ဖော်ရေး ဆွေးနွေး

မြန်မာ-အီဂျစ် နှစ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ တိုးမြှင့်အကောင်အထည်ဖော်ရေး ဆွေးနွေး
Published 14 September 2023

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်သည် အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ပဆက်ဆံရေးဌာနအကြီးအကဲ Rrof.Mr.Saad Mohamed Moussa, Undersecretay, Supervisor of Foreign Agricultural အား စက်တင်ဘာ ၁၃ ရက်တွင် ၎င်း၏ရုံးခန်းသို့  သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအား တိုးမြှင့်အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးဆိုင်ရာ ပညာသင်ဆုများ အား ဆက်လက်ပေးအပ်နိုင်ရေး၊ နှစ်နိုင်ငံဝန်ကြီးဌာနတို့အကြား သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နည်းပညာအကူအညီများ ထောက်ပံ့ပေးနိုင်ရေးနှင့် လေ့ကျင့်သင်ကြားမှုဆိုင်ရာ နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ပဆက်ဆံရေးဌာနအကြီးအကဲနှင့်အတူ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံတကာ စိုက်ပျိုးရေးစင်တာ ညွှန်ကြားရေးမှူး Ms.Sohir Abdelaleem၊ အာရှနှင့်သြစတြေးလျ ပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms.Marwa Fouda တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent