■ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး အာရှသား အသင်းခေါင်းဆောင် ဖြစ်လာသူတစ်ဦးအကြောင်း (၂) 

■ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး အာရှသား အသင်းခေါင်းဆောင် ဖြစ်လာသူတစ်ဦးအကြောင်း (၂) 
Published 13 September 2023
Chan Myae

တစ်နှစ်ပြည့်တော့ ဆွန်နဲ့အတူ ဟမ်းဘတ်မှာ လေ့ကျင့်ခွင့်ရတဲ့ အသင်းဖော်နှစ်ဦးစလုံး တောင်ကိုရီးယားကို ပြန်ရတယ်။ သူတို့က ဂျပန်ကလပ်တွေမှာ ကစားသမားဘဝကို ရှေ့ဆက်ခဲ့ကြတယ်။ ဆွန်ကလည်း ဟမ်းဘတ်အသင်းက စာချုပ်ချုပ်ဖို့ ကမ်းလှမ်းတဲ့အထဲ မပါဘူး။ သူက တောင်ကိုရီးယားကို မပြန်သေးဘဲ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဘလက်ဘန်းနဲ့ ပို့စ်မောက်အသင်းတွေမှာ အစမ်းသပ်ခံခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ ဆွန်က အရမ်းပိန်လွန်းနေတာက ပြဿနာဖြစ်သလို၊ ဆွန် ဘက်ကလည်း ဘာသာစကားပြဿနာရှိခဲ့တယ်။ "ကျွန်တော် အင်္ဂလန်မှာ မပျော်ခဲ့ဘူး။ အင်္ဂလိပ်စကားလည်း မပြောတတ်ဘူး။ တစ်လုံးတောင် မသိဘူး။ အရမ်းလည်း ကြောက်ခဲ့တယ်"လို့ဆိုပြီး၊ သူ့ရဲ့ပထမဆုံး အင်္ဂလန်နိုင်ငံအမှတ်တရက ဆိုးရွားလွန်းပါတယ်လို့လည်း ပြောပါတယ်။ 

    

 

Most Read

Most Recent