■ ကြေးရုပ်တုအတွက် စိတ်လှုပ်ရှားမိဟု အာစင်ဝင်းဂါး ဆို

■ ကြေးရုပ်တုအတွက် စိတ်လှုပ်ရှားမိဟု အာစင်ဝင်းဂါး ဆို
Photo: Getty Images
Photo: Getty Images
Published 4 August 2023

အီမရိတ်စ်ကွင်းအပြင်ဘက်တွင် ထားရှိသည့် ၎င်း၏ ပုံတူကြေးရုပ်တုကို လာရောက်ကြည့်ရှုခဲ့သော အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးက ယခုကဲ့သို့ ဂုဏ်ပြုခံရခြင်းအတွက် စိတ်လှုပ်ရှားမိကြောင်းနှင့် ပျော်ရွှင်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ 

အသက် (၇၃) နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၃) ကြိမ်၊ FA ဖလား (၇) ကြိမ်နှင့် ကွန်မြူနတီဒိုင်း (၇) ကြိမ် ရယူပေးနိုင်ခဲ့သည်။ 

ထို့ပြင် အာစင်ဝင်းဂါးသည် မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်နှင့်အတူ ပရီးမီးယားလိဂ် Hall of Fame တွင်လည်း ဂုဏ်ပြုဖော်ပြခံခဲ့ရသူဖြစ်သည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းက ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ပုံတူကြေးရုပ်တုကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ 

အာစင်ဝင်းဂါးက မိမိသည် အာဆင်နယ်အသင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်အမြဲရှိလိုခဲ့ပြီး ယခုဂုဏ်ပြုမှုမှာ မိမိလိုချင်သော အရာတစ်ခုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent