ဂျွန်နီဒပ်နှင့် ဇနီးဟောင်း အမ်ဘာဟတ်တို့ အမှုအခင်းကို Netflix က ဇာတ်လမ်းတွဲအဖြစ် ထုတ်လုပ်ပြသမည်

ဂျွန်နီဒပ်နှင့် ဇနီးဟောင်း အမ်ဘာဟတ်တို့ အမှုအခင်းကို Netflix က ဇာတ်လမ်းတွဲအဖြစ် ထုတ်လုပ်ပြသမည်
Photo – LA Times
Photo – LA Times
Published 1 August 2023

ယူကရိန်းစစ်ပွဲအရေးထက် အမေရိကန် နိုင်ငံသားအများစု ပိုစိတ်ဝင်စားခဲ့ကြသည့်  ဂျွန်နီဒပ်နှင့် အမ်ဘာဟတ်တို့အမှုအခင်းကို Netflix က ရုပ်သံဇာတ်လမ်းတွဲအဖြစ် ထုတ် လုပ်ပြသသွားမည်ဖြစ်သည်။

ဟောလိဝုဒ်သရုပ်ဆောင် ဂျွန်နီဒပ်နှင့် ဇနီးဟောင်းဟတ်တို့အကြား အသရေဖျက်မှုနှင့်ဆိုင်သည့် အပြန်အလှန်တရားစွဲဆိုမှုများအကြောင်းကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်လမ်းအမြည်းကို Netflix က လတ်တလော ချပြထားသည်။

စုစုပေါင်းအပိုင်းရေ သုံးပိုင်းသာပါဝင်မည်ဖြစ်ပြီး တရားခွင်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်၊ ထဲထဲဝင်ဝင် ရိုက်ကူးတင်ပြထားသည်။ဇာတ်လမ်းတွဲအမည်က “Deppv.Heard” ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူ အမ်မာကူးပါးက ဒါရိုက်တာလုပ်ရိုက်ကူးထားသည်။

ဂျွန်နီဒပ်ကိုအနိုင်ပေးကာ အမှုပြီးပြတ်သွားပြီးကတည်းက မှတ်တမ်းတင်ရုပ်ရှင် အများအပြားထွက်လာခဲ့ပြီး ပရိသတ်ကလည်း စိတ်ဝင်စားခဲ့ကြသည်။ “Hot Take: The Depp/Heard Trail” အမည်ဖြင့် ဇာတ်ကားဆိုလျှင် ကမ္ဘာတစ်ဝန်းမှကြည့်ရှုသူပရိသတ်များ၏ မရေမတွက်နိုင်မှတ်ချက်များ ၊တုံ့ပြန်မှုများ ရခဲ့သည်။

ဒပ်နှင့်ဟတ်တို့နှစ်ဦးစလုံး သူတို့၏နာ မည်ပုံရိပ်ကို ပြန်လည်တည်ဆောက်နေကြပြီး  ဒပ်က ဟောလိဝုဒ်တွင် ပြန်လည်ကြိုဆိုခံရသည်ကို ဝမ်းသာကြောင်း ထုတ်ဖော်ပြောထားကာ အမ်ဘာဟတ်ကလည်း ဘဝသစ်စတင်ရန် စပိန်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ ဟတ်ကို မကြာမီကမှ အနုပညာနယ်ပယ်တွင် ပြန်မြင်လာရပြီး သူနောက်ဆုံးရိုက်ကူးထားသည့် In the Fire ဇာတ်ကားပရိုမိုးရှင်းအတွက် အီတလီတွင်ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်တစ်ခုတွင် တွေ့ရခြင်းဖြစ်သည်။

Most Read

Most Recent