အူနိုင်းအမ်မရီနဲ့ အက်စတွန်ဗီလာအသင်း ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲ

အူနိုင်းအမ်မရီနဲ့ အက်စတွန်ဗီလာအသင်း ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲ
Photos: Twitter
Photos: Twitter
Published 26 July 2023
Lin Oo Eain

လက်ရှိအပြောင်းအရွှေ့ကာလမှာ အက်စတွန်ဗီလာနဲ့ အူနိုင်းအမ်မရီတို့ရဲ့ လှုပ်ရှားမှုတွေက စိတ်ဝင်စားစရာကောင်းတယ်။ အခုအပြောင်းအရွှေ့ကာလမှာ အက်စတွန်ဗီလာအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀)ကျော်အသုံးပြုပြီး ကစားသမား (၆)ဦးအထိ ခေါ်ယူထားတယ်။ လေဗာကူဆင် တောင်ပံတိုက်စစ်ကစားသမား ဒီယာဘီကိုဆိုရင် ကလပ်စံချိန်တင်ကြေးအသုံးပြုပြီး ခေါ်ယူခဲ့တာပါ။ ဒါ့အပြင် အားနည်းနေတဲ့ ဗဟိုနောက်ခံနဲ့ကွင်းလယ်နေရာအတွက် ဗီလာရီးယဲလ်အသင်းရဲ့ စပိန်ကြယ်ပွင့် နောက်ခံလူ ပါအူတောရက်စ်နဲ့ လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ တီလေမန်းစ်တို့ကို ခေါ်ယူခဲ့တယ်။ အက်စတွန်ဗီလာအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုက ထိရောက်ပြီး အကျိုးရှိနိုင်တယ်လို့ ကျွမ်းကျင်သူအများစုက သုံးသပ်ခဲ့ကြပြီး လက်တွေ့မှာ အောင်မြင်မှုတွေရရှိလာမလား ဆိုတာကတော့ အချိန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

 

Most Read

Most Recent