ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်သိမ်းဆည်း

ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်သိမ်းဆည်း
Published 14 June 2023
ဘိုဘိုမြင့်

NUG မှ နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ၏ ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာရှိ နေအိမ် ကို ဇွန် ၁၃ ရက် မွန်းလွဲ ၃ နာရီ ခန့်က သက်ဆိုင် ရာက လာရောက်ချိပ်ပိတ်သိမ်းဆည်းခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ၏ နေအိမ် မှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံ ပြကျေးရွာ အမှတ် (၇) ရပ်ကွက် အမှတ် (၂) လမ်းတွင်တည်ရှိကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များနှင့်  အုပ်ချုပ်ရေးအဖွဲ့ဝင်များက  လာ ရောက်ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မနေ့ (ဇွန် ၁၃) ကအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးတော့ နိုင်သုဝဏ္ဏ ရဲ့ နေအိမ်အပေါ်ထပ်မှာ ဆိုင်းဘုတ်ချိတ် တယ်။ နောက် တံခါးကိုသော့ခတ်ပြီး ချိပ်နဲ့ လောင်းသွားတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်သွားကြတယ်”ဟု ပြောကြားသည်။

နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေသည် နစက က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG ၏ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူပြီး အကြမ်းဖက်မှုများ ပြုလုပ်ရန် လှုံ့ဆော် လှုပ်ရှားနေသောကြောင့် ထုံးအိုင်ကျေးရွာရှိ ၎င်းပိုင်ဆိုင်သော နေအိမ်အား ချိပ်ပိတ် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent