■ ယာဂန်ကလော့ပ်နှုတ်ဆက်ပွဲကို မေ(၂၈)တွင် ပြုလုပ်မည်ဟု လီဗာပူးလ် ကြေညာ

■ ယာဂန်ကလော့ပ်နှုတ်ဆက်ပွဲကို မေ(၂၈)တွင် ပြုလုပ်မည်ဟု လီဗာပူးလ် ကြေညာ
Photo: Liverpool FC
Photo: Liverpool FC
Published 10 May 2024

လီဗာပူးလ်အသင်းသည် ရာသီကုန်တွင် လမ်းခွဲမည့် နည်းပြ ယာဂန်ကလော့ပ်အတွက် နှုတ်ဆက်ပွဲကို မေ(၂၈)တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို (၉)နှစ်ဝန်းကျင် ကိုင် တွယ်ခဲ့ပြီးနောက် လာမည့်နွေရာသီတွင် လမ်းခွဲတော့မည်ဖြစ်ပြီး လီဗာပူးလ်အသင်းက လီဗာပူးလ်မြို့လယ်ရှိ M&S Bank Arena တွင် နှုတ်ဆက်ပွဲ ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။ 

အဆိုပါနှုတ်ဆက်ပွဲ၌ လီဗာပူးလ်မြို့ခံ ဂီတဝိုင်း၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ပြီး ဝင်ခွင့်လက်မှတ်ကို (၃၇) ပေါင်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်း၏ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူများနှင့် လီဗာပူးလ်အသင်း၏ Membars များမှာ တစ်ဦးလျှင် လက်မှတ်စောင်ရေ (၄)စောင်အထိ ဝယ်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါနှုတ်ဆက်ပွဲအစီအစဉ်အတွက် အွန်လိုင်းမှ လက်မှတ်ရောင်းချမှုကို မေ(၁၃)အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး နှုတ်ဆက်ပွဲအခမ်းအနားကို မေ(၂၈)ရက် ဒေသစံတော်ချိန် ည(၈းဝ၀)နာရီတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent